နမ့်စန်မြို့ စစ်ကောင်စီထွေအုပ်ရုံးမှ စစ်မှုထမ်းအပတ်စဉ်သစ်အတွက် မဲနှိုက်ရန် ဆင့်ခေါ်စာပို့

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများကို စစ်မှုထမ်းအပတ်စဉ်သစ် အတွက် မဲနှိုက်ရန် ဆင့်ခေါ်စာပို့ထားကြောင်း စုံစမ်းသိရသည်။

မေလ နောက်ဆုံးပတ်မှ စတင်ပြီး နမ့်စန်မြို့ရှိ စစ်ကောင်စီတပ်နှင့် ၎င်းလက်အောက်ခံ ထွေအုပ်ရုံးမှ မြို့ပေါ်ရပ်ကွက် (၄) ခုအတွင်း နေထိုင်သည့် စစ်မှုထမ်းအကျုံးဝင် အမျိုးသားရှိရာ နေအိမ်များသို့ ဆင့်ခေါ်စာပေးပို့ခဲ့ပြီး ၎င်းစာထဲတွင် ထွေအုပ်ရုံး၌ မဲနှိုက်ရန် ပါရှိကြောင်း ဒေသခံများက ပြောသည်။

လာမည့် ဇွန်လ (၂) ရက်နေ့တွင် နမ့်စန်မြို့ ရပ်ကွက်(၁) မှ ၂၀ ဦး၊ ရပ်ကွက် (၂) မှ ၁၀ ဦး မဲနှိုက်ရန် ကနဦး သိရှိထားပြီး ကျန်ရှိသည့် ရပ်ကွက်များမှလည်း ထွေအုပ်ရုံးသို့ မဲနှိုက်ရန် သွားရောက်ရမည်ဖြစ်ကြောင်း ဆိုသည်။

“အခုက ရပ်ကွက်ထဲ ခေါ်နေပြီ။ ရပ်ကွက် (၁) က အယောက် ၂၀ ခေါ်တယ်၊ အဲ့တာကို မဲနှိုက်ပြီး ၆ ယောက် သွားရမယ်လို့ ပြောတယ်။ ရုံးကို ခေါ်သွားပြီး မဲနှိုက်မယ်လို့ ပြောတယ်။ နောင်ဖာမှာ ၃ ယောက်၊ ရေငုပ်ကျောင်းဘက် ၂ ယောက်၊ ကုလားရပ် ၅ ယောက် သိထားတာ”ဟု နမ့်စန်မြို့မှ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်စန်မြို့ စစ်ကောင်စီထွေအုပ်ရုံးမှ စစ်မှုထမ်းအပတ်စဉ်သစ်အတွက် မဲနှိုက်ရန် ဆင့်ခေါ်စာပို့

နမ့်စန်မြို့ပေါ် ရပ်ကွက်များတွင် ယခုကဲ့သို့ စာပို့၍ စစ်မှုထမ်းဆင့်ခေါ်ခြင်း မရှိခဲ့ဖူးဘဲ ယခင်က စစ်မှုထမ်းသင်တန်းများသို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး သုံးစွဲသူများကို လိုက်လံဖမ်းဆီးကာ ပို့ဆောင်ခဲ့ခြင်းကြောင့် စစ်မှုထမ်းမဲနှိုက်ရန် စာပို့ခံရသည့် နေအိမ်များမှ မိဘဆွေမျိုးများမှာ စိုးရိမ်ထိတ်လန့်နေကြောင်း သိရသည်။

“အရင်က အရက်သမားနဲ့ ဆေးသုံးတဲ့လူတွေ ထည့်လိုက်တာ၊ အခုက ကုန်သလောက် ဖြစ်နေပြီ။ မဲနှိုက်လို့ စစ်မှုထမ်းရမယ့်အထဲ ပါရင်တော့ ညှိနှိုင်းပြီး ပြန်ခေါ်လာဖို့က ခက်သွားပြီ၊ လူစားထိုးလို့လည်း မရဘူး။ စာပို့ခံရတဲ့အိမ်က မိဘတွေဆို စိုးရိမ်လွန်ပြီးတော့ မအိပ်နိုင် မစားနိုင် ဖြစ်နေကြပြီ”ဟု နမ့်စန်ဒေသခံ ၎င်းလူငယ်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

နမ့်စန်မြို့နယ်အတွင်းရှိ ခိုလမ်မြို့အခြေစိုက် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် (ရလခ) မှ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၃) ကို ကျိုင်းတောင်းမြို့ရှိ လေ့ကျင့်ရေးကျောင်းတွင် မေလ ၁၉ ရက်နေ့က ရလခ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း ကိုယ်တိုင် ဖွင့်ပွဲတက်ရောက်ခဲ့ကြောင်း စစ်ကောင်စီထိန်းချုပ် တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြသည်။

စစ်ကောင်စီတပ်သည် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့နှင့် PDF များထံ လက်လွှတ်ဆုံးရှုံးထားသည့် နယ်မြေများကို ၆ လအတွင်း ပြန်လည်သိမ်းယူရေးအတွက် မိုးတွင်းကာလတွင်ပါ လေကြောင်းတိုက်ခိုက်မှုများနှင့် နယ်မြေရှင်းလင်းမှုများ အဆက်မပြတ် လုပ်ဆောင်သွားရန် မေလ ၁၅-၁၆ ရက်နေ့များတွင် ပြုလုပ်ခဲ့သည့် စစ်ရေးဆိုင်ရာ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲမတိုင်ခင် ၆ လအတွင်း ဆုံးရှုံးနယ်မြေများကို ပြန်လည်ရရှိရေး ထိုးစစ်များတွင် စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များ၏ အင်အားကို အဓိကထား အသုံးပြုမည်ဖြစ်ကြောင်း နေပြည်တော်စစ်ရေး သတင်းရင်းမြစ်ကို ကိုးကား၍ ခေတ်သစ်သတင်းဌာနက မေလ ၂၀ ရက်တွင် သတင်းရေးသားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

စစ်မှုထမ်းဥပဒေ ကြောင့် နမ့်စန်မြို့နယ် ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်မထမ်းလို

0
စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေနှင့် ဆပ်စပ်သည့် ဖိအားကြောင့် နမ့်စန်မြို့နယ်ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်ယူမထမ်းလိုကြကြောင်း စုံစမ်းသိရသည်။ နမ့်စန်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ဒေသခံများကို အသိပေးခြင်း၊ စာရင်းကောက်ယူခြင်း၊ စစ်မှုထမ်းခေါ်ယူမှုတွင်လည်း လိုက်ပါကောက်ခံ ဆောင်ရွက်ရသည်။ ထို စစ်မှုထမ်းကိစ္စကြောင့် ဒေသခံများ၏ မကျေနပ်မှုကို ကြုံတွေ့ရသည့်အပြင်၊ လုံခြုံရေးအန္တရာယ်ကို ခြိမ်းခြောက်ခံလာရသည့်အတွက် စိုးရိမ်နေရကြောင်း...