Tuesday, January 27, 2026

သိန္နီတွင် စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာရ

သျှမ်းပြည်သိန္နီမြို့နယ် ဟိုတာရွာတွင် စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် အသက် ၆၀ နှစ်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ (မေလ ၂၉ ရက်) ညနေပိုင်း ၆ နာရီဝန်းကျင်တွင် အသက် ၆၀ နှစ်အရွယ်ရှိ ဦးထွန်းအောင်သည် သိန္နီမြို့နယ် ဟိုတာရွာတွင်ရှိသော ၎င်း၏နေစရာတဲထဲတွင် သန့်ရှင်းရေးလုပ်ဆောင်နစဉ် မတော်တဆ စစ်ကျန်လက်နက်နှင့် ခိုက်မိပြီး ပေါက်ကွဲသွားခဲ့ကြောင်း ဟိုတာရွာဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့ဟာကို မတွေ့ဘူးလို့ ပြောတယ်။ ကုတင်အောက်က သစ်သားကို သွားဆွဲရင်းနဲ့ ဘယ်လိုခိုင်းမိလဲတော့ မသိဘူး ပေါက်ကွဲသွားတာ။ ထောင်မိုင်းတော့မဟုတ်ဘူး၊ ငှက်ပျောဖူး (RPG) မှာတပ်တဲ့ လက်နက်ကျည်မျိုးပါ။ လူကတော့ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမားတော့ မရှိဘူး။ ဒူးခေါင်းအောက် ကျည်စနည်းနည်း ထိသွားတယ်” ဟု ၎င်းကပြောသည်။

ဦးထွန်းအောင်နှင့် သူ့ဇနီးသည် ပြီးခဲ့သော “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်း ရှောင်သွားပြီးနောက် ယခုရက်ပိုင်းအတွင်းမှ နေရပ်သို့ ပြန်လာနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တိုက်ပွဲကြောင့် နေအိမ်များလည်း မီးလောင်ပြာကျသွားပြီဖြစ်၍ ဦးထွန်းအောင်နှင့် သူ့ဇနီးသည် ၎င်းတို့တဲထဲတွင် နေထိုင်ရန်အတွက် သန့်ရှင်းရေးလုပ်ဆောင်နေစဉ် ယခုကဲ့သို့ စစ်ကျန်လက်နက်ပေါက်ကွဲမှုနှင့် ကြုံရခြင်း ဖြစ်ကြောင်း ဟိုတာရွာဒေသခံတစ်ဦးက ပြောပြသည်။

“ရွာမှာတော့ စစ်ကျန်လက်နက်တွေ၊ မိုင်းတွေ လာရှင်းပေးတာတော့မရှိဘူး။ မနေ့ကပေါက်ကွဲမှု ဖြစ်ပြီးနောက်တော့ အထပ်ကလူတွေကို အကြောင်းကြားလိုက်တယ်။ ဒီနေ့မနက်ပိုင်း လာကြည့်ပြီး စစ်ဆေးမှုတွေ လုပ်ပေးတယ်” ဟု ဟိုတာရွာဒေသခံတစ်ဦးက ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း သိန္နီမြို့နယ် ဟိုတာရွာတွင် မြေမြုပ်မိုင်းနှင့် စစ်လက်နက် အကြွင်းအကျန်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးရသူ ၁၀ ဦးထက်မနည်းရှိကြောင်း ဒေသခံများက ပြောသည်။

ထိခိုက်သေဆုံးရသူ အများစုမှာ ဒေသခံများဖြစ်ကြပြီး ၎င်းတို့သည် နေရပ်ပြန်လာပြီး ထူထောင်ရေးလုပ် ဆောင်နေစဉ် အတောအတွင်းမှာ ထိခိုက်သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါမြေမြုပ်မိုင်းနှင့် စစ်လက်နက် အကြွင်းအကျန်ပစ္စည်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းကို အကြောင်းကြားပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ပေးရန် တောင်းဆိုခဲ့သော်လည်း လုပ်ဆောင်ပေးခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၈ ရက်တွင်လည်း သိန္နီမြို့နယ် ပန်စုံကျေးရွာနေ အမျိုးသားတစ်ဦးသည် အိမ်ခြံဝန်းအတွင်း သန့်ရှင်းရေးလုပ်ရာမှ မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲ ပြောင်းခြံထဲ မပေါက်ကွဲသော မိုင်း၊ လက်နက်ကြီးများတွေ့ရ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် မပေါက်ကွဲသေးသည့် စစ်လက်နက် အကြွင်းအကျန်နှင့် မြေမြှုပ်မိုင်းများကို တောင်ယာထဲတွင် တွေ့ရှိရခြင်းကြောင့် တောင်ယာ သီးနှံရိတ်သိမ်းရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်နှင့် မြေမြှုပ်မိုင်းများကို ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး...

အယ်ဒီတာပေးစာ

0
သို့သျှမ်းသံတော်ဆင့်သတင်းဌာန သိန္နီမြို့ရဲ့ ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ တာဝန်ရှိတဲ့သူတွေ ဒုက္ခတွေကြားထဲမှာ ရုန်းကန်နေရတဲ့ ဒေသခံပြည်သူတွေဆီ ဝန်ဆောင်ခအများအပြားကောက်ယူနေတဲ့အကြောင်းလေး ရင်ဖွင့်ချင်လို့ပါ။ ကျမတို့ သိန္နီမြို့သေးသေးလေးက “၁၀၂၇ စစ်ဆင်ရေး” ဆိုတဲ့တိုက်ပွဲဒဏ်ကြီးကလဲ ခံထားရတော့ စီးပွားရေးက အခုထက်ထိ ကောင်းကောင်းခေါင်းမထောင်နိုင်သေးပါဘူး။ အရောင်းအဝယ်ပိုင်းမှာလည်း အရင်လို အလုပ်မဖြစ်တော့ ဝင်ငွေက ပုံမှန်မရတင်မကဘူး တချို့ရက်ဆို အရင်းတောင်ရောင်းမရတော့ ခက်ခဲတာပေါ့။ တိုက်ပွဲဖြစ်ပြီးတဲ့...
Hsenwi_MNDAA_ID_1

သိန္နီမြို့တွင် MNDAA မှ ဒေသခံစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်း စတင်လုပ်ပေး

0
သျှမ်းပြည် သိန္နီမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဒေသခံစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများ စတင်ပြုလုပ်ပေးနေကြောင်း စုံစမ်းသိရသည်။

စစ်ကျန်လက်နက်ကြီးကျည် ယမ်းထုတ်ယူရာမှ ပေါက်ကွဲပြီး ကွတ်ခိုင်/နမ့်ဖတ်ကာဒေသခံ ၂ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ထဲမှ ယမ်းကို ထုတ်ယူရန် ကြိုးစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသားနှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

တရုတ်လမုန့် ပွဲ နာမည်ခံ သိန္နီမြို့ လောင်းကစားပွဲတော်

0
ဘောလုံးကွင်း တကွင်းစာခန့်ရှိသော မြေလွတ်တစ်နေရာတွင် လူတွေက “ဖားဖား…၊ ကျားကျား..၊ ဆင်ဆင်..”ဟု အော်သူကအော်ပြီး ဆော့သူကဆော့ကာ အများအကြိုက် လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်နှင့် ဖဲဝိုင်းတွေကို မြိုင်မြိုင်ဆိုင်ဆိုင် ဆော့ကစားနေကြသည်။ အများသူဌာသည် လမုန့်စားပွဲတော်ဟု နှုတ်ကနေပြောဆိုသော်လည်း အမှန်တကယ်တွင် လောင်းကစား ပွဲတော်ပင် ဖြစ်နေသည်။ ထိုနေရာသည် တချိန်တခါက သျှမ်းစော်ဘွား နန်းစိုက်ရာ...