မေလ ၂၁ ရက်နေ့တွင်ကျရောက်သော နှစ် ၆၀ ပြည့် သျှမ်းတော်လှန်ရေးနေ့ အခမ်းအနားအား သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် ၀မ့်ဟိုင်းတွင်လည်းကောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ဌာနချုပ် လွယ်တိုင်းလျန်းတွင်လည်းကောင်း အသီးသီးကျင်းပခဲ့ရာ စည်ကားလျှက်ရှိကြောင်းသိရသည်။ SSPP/SSA ဌာနချုပ် ၀မ့်ဟိုင်းဌာနချုပ်တွင် သျှမ်းတော်လှန်ရေးနေ့အခမ်းအနားအား နောင်ငင်းခန်းမတွင်ကျင်းပရာ...
မူစယ်ပစ်ခတ်မှုမှ ဒဏ်ရာရှိသူ ၂၆ ဦးအနက် ၁ ဦးထပ်မံသေဆုံး
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် ထဲမှာရှိတဲ့လောင်းကစားရုံကို တအာင်းအမျိုးသား လွှတ်မြောက်ရေး တပ်မတော်က ၀င်ရောက်ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူတွေထဲက ဒဏ်ရာပြင်းထန်သူတဦး ဒီမနက်မှာ ထပ်မံသေဆုံးသွားခဲ့လို့ သေဆုံးသူစုစုပေါင်း ၂၁ ဦးရှိပြီဖြစ်ပါတယ်။ ဒီမနက်သေဆုံးသူဟာ နမ့်ခမ်းမြို့နယ် ပေါက်နေရပ်ကွက်သား စိုင်းယီလျန် ဖြစ်ပါတယ်။ ပစ်ခတ်မှုဖြစ်ပွါးတဲ့နေ့က မူစယ်မှာအလုပ်သွားလုပ်ရင်း နမ့်ခမ်းမှာမင်္ဂလာပွဲဝင်ဖို့အပြန် လမ်းမှာ တအာင်းတပ်ဖွဲ့ရဲ့ပစ်ခတ်မှုခံရတာဖြစ်တယ်လို့ မူစယ်မြို့ခံ မိတ်ဆွေတဦးကပြောပါတယ်။ သူနဲ့အတူ...
သျှမ်း-မြောက်တွင်တိုက်ပွဲများဆက်တိုက်ဖြစ်ပွါး ဒေသခံများစိုးရိမ်
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရတပ်မတော်နှင့် တအာင်း TNLA တို့ကြား တိုက်ပွဲများဆက်တိုက်ဖြစ်ပွါးလာသည့်အပြင် ၂ ဖက်စစ်အင်အားဖြည့်တင်းနေသဖြင့် တိုက်ပွဲကြီး များဖြစ်ပွါးမည်ကိုဒေသခံများစိုးရိမ်နေကြကြောင်းသိရသည်။ မေလ ၁၅ ရက်နေ့က တအာင်းတပ်ဖွဲ့ TNLA တပ်ရင်း ၂၂၃ နှင့် MNDAA ကိုးကန့်တပ်ဖွဲ့တို့ ပူးပေါင်း တပ်ဖွဲ့သည် အစိုးရတပ်မတော် တပ်မ...
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ်အတွင်း ဖြစ်ပွါးခဲ့သော တအာင်း TNLA နှင့် အစိုးရရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့ တို့ကြားတိုက်ပွဲကြောင့် ဒေသခံလူထု အများအပြားသေကြေဒဏ်ရာရမှုအပေါ် ကျန်ရစ်သူမိသားစုဝင်များအား အလေးထား လျော်ကြေးပေးရန် ထိုင်းနိုင်ငံရောက်သျှမ်းပြည်သားရွှေ့ပြောင်းအလုပ်သမားများက ကြေငြာချက်ထုတ်ပြန်ကာ တိုက်တွန်းတောင်းဆိုလိုက်သည်။ မူစယ်မြို့နယ် မူဆယ်-နမ့်ခမ်း ကားလမ်းမ နမ့်ပေါ် ပန်ခမ်းတံတားအနီးရှိ လောင်းကစားရုံအား မေလ ၁၂...
မိုင်းရှူးမြို့နယ်အတွင်း SSPP/SSA တပ်စခန်းကို အစိုးရတပ်မတော် တက်တိုက်
SHAN -
သျှမ်းပြည်တောင်ပိုင်း လွိုယ်လင်ခရိုင် မိုင်းရှူးမြို့နယ် အတွင်းရှိ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းတခုကို အင်အား ၁၀၀ ခန့်ရှိ အစိုးရတပ်မတော် စစ်ကြောင်းတခုက ယနေ့ မေ ၁၁ ရက် ၂၀၁၈ ခု နံနက်ပိုင်းက တက်တိုက်သဖြင့် ၂ ဖက်ကြား တိုက်ပွဲဖြစ်ပွားသည်ဟုသိရသည်။ အစိုးရတပ်မတော်...
နမ္မတူ တိုက်ပွဲမရပ်ပါက စစ်ရှောင်များ ရိက္ခာ ခက်ခဲလာမည်ကိုစိုးရိမ်
သျှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပါက မိုင်းယင် ကျေးရွာ ရှိ စစ်ရှောင် ဒုက္ခသည်များ အတွက် စားနိပ်ရိက္ခာ အခက်အခဲ ကြုံလာမည်ကို စစ်ဘေးရှောင်များအားကူညီမှုပေးနေသည့် ဒေသခံများက စိုးရိမ်နေကြပါသည်။ “ လက်ရှိ ကျနော်တို့မိုင်းယင် ကျေးရွာထဲမှာ စစ်ရှောင် ရ၀၀ ကျော်ရှိတယ်။...
TNLA နှင့် SSPP တိုက်ပွဲကြောင့် နမ္မတူ ကျေးလက်ဒေသခံ ၅၀၀ ကျော်နေရပ်စွန့်ခွါ
SHAN -
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် TNLA နှင့် SSPP တို့အကြား ဖြစ်ပွားသော တိုက်ပွဲကြောင့် သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ် ကျေးလက်ဒေသခံ ၅၀၀ ကျော်နေရပ်မှ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရှိရသည်။ ၂၀၁၈ မေလ ၄ ရက်နေ့မှစ၍ ဖြစ်ပွားသော စစ်ရေးပဋိပက္ခကြောင့် အိမ်ခြေ ၈၀ ရှိ နားဆန်းရွာသူ...
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် TNLA နဲ့ SSPP အကြားစစ်ရေးဆက်လက်တင်းမာနေ
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းရင် ကျေးရွာ အုပ်စု တွင် SSPP ယာယီတပ်စခန်းအား TNLA အင်အားသုံးဝင်ရောက်တိုက်ခိုက်သည့်နေ့မှ စ၍ ယနေ့ ရ၊၅၊၂၀၁၈ အထိ စစ်ရေးတင်းမာနေသည်ဟု သိရသည်။ တိုက်ပွဲဖြစ်ပွားသည့် မေလ ၄ ရက်နေ့စ၍ SSPP ဘက် စစ်အင်အားထပ်မံဖြည့်တင်းသကဲ့သို့ TNLA ဘက်မှ...
SSPP တပ်စခန်းကို TNLA တက်တိုက် အစိုးရတပ်မတော်စစ်ကြောင်းအင်အားဖြည့်စောင့်ကြည့်
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းယင်ကျေးရွာအုပ်စုအတွင်းရှိ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်စခန်းတခု ကို တအာင်းပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA မှ ၀င်ရောက်တိုက် ခိုက်စဉ် အစိုးရတပ်မတော် မှ စစ်ရေးအသင့်ပြင်စောင့်ဆိုင်းထားကြောင်းသိရသည်။ နမ္မတူမြို့နယ် မိုင်းယင် ကျေးရွာအုပ်စု(ရွာမ) အရှေ့မြောက်ဘက်ရှိ ၀မ့်ဆာအွန် ရှိ သျှမ်းပြည်တိုးတက်ရေး ပါတီ SSPP/SSA ယာယီတပ်စခန်းအား...
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ လွယ်ရင်တပ်စခန်းအား အစိုးရတပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွါးခဲ့သည်။ မေလ ၂ ရက်နေ့ မနက် ၁၁ နာရီအချိန်တွင် အစိုးရတပ်မတော်၏ တပ်မမ ၇၇ လက်အောက်ခံ အင်အား ၃၀၀ ခန့်က လွယ်ရင်တောင်ပေါ်ရှိ SSPP/SSA...






