TNLA နှင့် SSPP တိုက်ပွဲကြောင့် နမ္မတူ ကျေးလက်ဒေသခံ ၅၀၀ ကျော်နေရပ်စွန့်ခွါ

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် TNLA နှင့် SSPP တို့အကြား ဖြစ်ပွားသော တိုက်ပွဲကြောင့် သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ် ကျေးလက်ဒေသခံ ၅၀၀ ကျော်နေရပ်မှ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရှိရသည်။

ဘုန်းကြီးကျောင်းရောက် စစ်ဘေးရှောင်များ

၂၀၁၈ မေလ ၄ ရက်နေ့မှစ၍ ဖြစ်ပွားသော စစ်ရေးပဋိပက္ခကြောင့် အိမ်ခြေ ၈၀ ရှိ နားဆန်းရွာသူ ရွာသား ၁၈၄ ဦး နှင့် အိမ်ခြေ ၁၈ အိမ်ရှိ လောက်လုံကျေးရွာသူရွာသား ရ၁ ဦး တို့က မိုင်းရင်ရွာမ အရှေ့ဘက် ၂ မိုင်အကွာရှိ ပန်ခမ်းကျေးရွာ ဘုန်းကြီးကျောင်းသို့ထွက်ပြေးခိုလှုံခဲ့ကြသည်။

ထို့အတူ အိမ်ခြေ ၁၇ အိမ်ရှိ နားပျဲန်း ရွာသူရွာသား ၆၀ ကျော်ကလည်း ၀ိန်းနန်ကျေးရွာ ဘုန်းကြီးကျောင်းသို့ လည်းကောင်း အသီးသီး တိမ်းရှောင်ခိုလှုံကြသည်။

မိုင်းရင်ရွာမ ဘုန်းကြီးကျောင်းတွင် အမျိုးသမီး ၁၅၈ ယောက်၊ အမျိုးသား ၆၃ ယောက်၊ မိသားစု ရ၃ စု ရောက်ရှိခိုလှုံနေကြောင်း လူမူကူညီကယ်ဆယ်ရေးအသင်းက ဆရာ စိုင်းဘဉာဏ်က ပြောသည်။ ၄င်းအပြင် နီးစပ်ရာ ဆွေမျိုးများ မိတ်ဆွေများအိမ်တွင် ခိုလှုံနေကြသည်များလည်းရှိကြောင်း ဆိုပါသည်။

အဆိုပါ စစ်ဘေးရှောင်များမှာ ၀မ့်ကုန်းမုန့် ၊၀မ့်အိုင်၊ ၀မ့်ဆာလုံ၊ ၀မ့်ဆာအွန် ရွာတို့မှ ရွာသူရွာသားများဖြစ်ကြသည်။ မေလ ၄ ရက်နေ့တိုက်ပွဲကလည်း ၀မ့်ဆာအွန်ရွာသို့ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ရွာသား ၂ ဦး ကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြသည်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် အချင်းချင်းဖြစ်ကြသည့် TNLA နှင့် SSPP တို့အကြား မေလ ၄ ရက်နေ့ က တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

၄င်းနှင့်ပတ်သက်ပြီး မဟာမိတ်ဖြစ်သည့် TNLA က အင်အား ၅၀၀ ကျော်ဖြင့် နမ္မတူမြို့ အရှေ့မြောက်ဘက်ရှိ ၄င်းတို့ ယာယီတပ်စခန်းအား လာရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု SSPP က သတင်းမီဒီယာ များအားဖြေကြားပြောဆိုသည်။

သို့သော် TNLA ဘက်က အဆိုပါ တိုက်ပွဲ အကြောင်း အောက်ခြေတပ်များ အစီရင်ခံခြင်းမရှိကြောင်းသာ မီဒီယာ များသို့ပြောသည်။

TNLA နှင့် SSPP တို့သည် UWSA ၀ တပ်ဖွဲ့ ဦးဆောင်ဖွဲ့စည်းထားသည့် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု တွင် ပါ၀င်နေသည့် လက်နက်ကိုင်အဖွဲ့များဖြစ်သည်။ နေပြည်တော်အစိုးရ ဦးဆောင်ဖေါ်ဆောင်နေသည့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA တွင်လည်းပါ၀င်မပါ၀င်ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...