နမ္မတူ တိုက်ပွဲမရပ်ပါက စစ်ရှောင်များ ရိက္ခာ ခက်ခဲလာမည်ကိုစိုးရိမ်

သျှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပါက မိုင်းယင် ကျေးရွာ ရှိ စစ်ရှောင် ဒုက္ခသည်များ အတွက် စားနိပ်ရိက္ခာ အခက်အခဲ ကြုံလာမည်ကို စစ်ဘေးရှောင်များအားကူညီမှုပေးနေသည့် ဒေသခံများက စိုးရိမ်နေကြပါသည်။

မိုင်းယင်ဘုန်းကြီးကျောင်းရောက် စစ်ဘေးရှောင်တချို့အားတွေ့ရစဉ်

“ လက်ရှိ ကျနော်တို့မိုင်းယင် ကျေးရွာထဲမှာ စစ်ရှောင် ရ၀၀ ကျော်ရှိတယ်။ ဒီနေ့ ဟိုနား၊ နားလင်း၊ မန်အိုင် နဲ့ ကုန်းမုန် ကျေးရွာ က စစ်ရှောင် ၄၀၀ လောက် မိုင်းယင်ကိုထပ်ရောက်လာ တယ်။ အားလုံးစုစုပေါင်း ၁၀၀၀ ကျော်ရှိပြီ။ တိုက်ပွဲ ဆက်ဖြစ်ရင်တော့ စစ်ရှောင်တွေ အတွက် အခက်ကြံုလာနိုင်တယ်” ဟု မိုင်းယင်ကျေးရွာ မှ စိုင်းအောင်ကျော်ဇော် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

မတ် လဆန်းပိုင်းကတည်းကစပြီးလက်ရှိ အချိန်အထိ သျှမ်းပြည် တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား၊ မြန်မာ့ တပ်မတော် နှင့် တအာင်း TNLA တို့ကြား တိုက်ပွဲများကြောင့် ရွာသားများ မိုင်းယင်သို့ ထွက်ပြေးတိမ်းရှောင်လာ ကြခြင်းဖြစ်သည်။

“ အခု လက်ရှိ ၃ ဖက်စလုံးက စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေသေးတယ်။ ဒီမနက်တောင် TNLA နဲ့ မြန်မာ အစိုးရ တပ်တိုက်ပွဲဖြစ်လို့ စစ်ရှောင် ၄၀၀ လောက်ထပ်ရောက်လာတယ်။ ရက်တွေ ဆက်ကြာရင်တော့ အစားအသောက် မဖူလုံတော့ဘူး။ ဒေသခံတွေရဲ့ လယ်ယာလုပ်ငန်းတွေလည်း အခက်ကြံု မယ်” ဟု စိုင်းအောင်ကျော်ဇော် ကဆို သည်။

စစ်ဘေးရှောင်တချို့

SSPP/SSA နှင့် TNLA တို့၏ တိုက်ပွဲ ကြောင့် မိုင်းယင်အုပ်စု ဇေယျသုခဘုန်းကြီးကျောင်းသို့ စစ်ရှောင်ခိုလှုံနေ သည့် မန်ဆာလုံ ကျေးရွာ မှ နန်းမြင့်ထွေး က- “ ကျမတို့ ရွာထဲကို ကျည်ကြီးကျကွဲတယ်။ ကျမတို့ ရွာက အမျိုးသမီး တယောက် ကျည်စထိတယ်။ မန်ဆာအွန်က အမျိုးသား တယောက်လည်း ကျည်စထိတယ်။ ကျမတို့ ထွက်ပြေးလာတဲ့အချိန်မှာ ဘာပစ္စည်းမှ မရလိုက်ဘူး။ ကိုယ်လွှတ်ထွက်ပြေးလာတာ” ဟု ကြံုတွေ့ခဲ့ရသည့် အဖြစ်အပျက်ကို ပြန်လည် ပြောပြသည်။

လက်ရှိတွင် တိုက်ပွဲများကြိုကြားဖြစ်ပွါးနေသည့်အပြင် စစ်အင်အားများဖြည့်တင်းကာ တင်းမာနေကြသည့်အနေအထားကြောင့် စစ်ရှောင်များမှာ မိမိနေရပ်သို့ မပြန်ရဲကြသေးကြောင်း၊ တောင်ယာ လုပ်ငန်းများ မပြီးပြတ်သေးသည့်အပြင် ၊ ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်ချိန်နီးပြီဖြစ်ကြောင်း ထို့အတွက် နေရပ်ရင်းသို့ ပြန်လိုကြောင်း၊ တိုက်ပွဲများရပ်တန့်ပေးစေလိုကြောင်း နန်းမြင့်ထွေး က ပြောသည်။

“ စစ်ဘေးရှောင်တွေမှာ သက်ကြီးရွယ်အိုတွေ အမျိုးသမီးတွေ ကလေးတွေများတယ်။ အသက်ကြီးလို့ စစ်မရှောင်နိုင်တဲ့ သူတချို့ ရွာမှာ ကျန်နေသေးတယ်။ ကျမတို့ တွေ ပြန်သွားကြည့်ဖို့လုပ်နေတာ။ ဒီနေ့ တိုက်ပွဲ ပြန်ဖြစ်တော့ မပြန်ရဲသေးဘူး” ဟု နန်းမြင့်ထွေး ကဆိုသည်။

မိုင်းယင် ကျေးရွာသို့ ရောက်ရှိခိုလှုံနေသည့် စစ်ရှောင် များအတွက် မိုင်းယင် ဒေသခံများက နေ့စဉ် အစားအသောက်များ စီမံနေရကြောင်း၊ လားရှိုးမှ လူမှုကူညီရေး အသင်းတချို့ ရောက်ရှိလာပြီး ကူညီထောက်ပ့ံမှုများပေးနေကြောင်း မိုင်းယင် ကျေးရွာမှ ဒေသခံ နန်းသီသီဝင်း က ပြောပြသည်။

“ အမျိုးသမီးတွေအတွက် ကတော့ အခက်အခဲ ပိုများမယ်။ အမျိုးသမီး လစဉ် သုံးတွေ အမျိုးသမီးတွေ လိုအပ်တဲ့ပစ္စည်းတွေ တော့လာပေးတာတော့ရှိပါတယ်။ ဒါပေမယ့် ဘုန်းကြီးကျောင်းမှာ ရက်ရှည်နေရမယ်ဆိုရင်တော့ အခက်အခဲဖြစ်လာနိုင်တယ်။ တိုက်ပွဲတွေလည်း အမြန်ငြိမ်းစေချင်တယ်” ဟု နန်းသီသီဝင်း ကဆိုသည်။

လက်ရှိ သျှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူ နယ်မြေ အတွင်း မြန်မာတပ်မတော် ၊ သျှမ်းပြည် တိုးတက်ရေး ပါတီ သျှမ်းပြည်တပ်မတော်( SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ လှုပ်ရှားသွားလာ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကဒူးကြီးဒေသ စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ ကျန်းမာရေး အတွက်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးပေးခန်းများနှင့် စားသောက်ကုန်ထောက်ပံ့မှုများလည်းမရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူတို့စစ်ရှောင်တဲ့ နေရာဆို အရမ်းခေါင်တာ၊...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...

မောက်မယ်မြို့နယ် တိုက်ပွဲငြိမ်သော်လည်း စစ်ရှောင် တစ်ထောင်ကျော် နေရပ်မပြန်နိုင်သေး

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် တိုက်ပွဲငြိမ်နေသော်လည်း စစ်ဘေးရှောင် တစ်ထောင်ကျော်သည် ယနေ့(ဖေဖော်ဝါရီ ၂၀)ရက်ထိ နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်စပြီး မောက်မယ်မြို့နယ် ကဒူးကြီးဒေသ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်တော် (PNLA) ဌာနချုပ်ဟောင်းရှိရာကို စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ အဆိုပါ...

မောက်မယ် စစ်ရှောင်နှစ်ဉီး စစ်တပ်လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် နားဟီးကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တို့ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဉီးနှင့် အမျိုးသမီးတစ်ဉီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၁၄)ရက်တွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA တပ်တို့က မောက်မယ်မြို့နယ်ရှိ စစ်ဘေးရှောင်များ ခိုလှုံနေကြသည့်...