Tuesday, January 27, 2026

သျှမ်း-မြောက်တွင်တိုက်ပွဲများဆက်တိုက်ဖြစ်ပွါး ဒေသခံများစိုးရိမ်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရတပ်မတော်နှင့် တအာင်း TNLA တို့ကြား တိုက်ပွဲများဆက်တိုက်ဖြစ်ပွါးလာသည့်အပြင် ၂ ဖက်စစ်အင်အားဖြည့်တင်းနေသဖြင့် တိုက်ပွဲကြီး များဖြစ်ပွါးမည်ကိုဒေသခံများစိုးရိမ်နေကြကြောင်းသိရသည်။


မေလ ၁၅ ရက်နေ့က တအာင်းတပ်ဖွဲ့ TNLA တပ်ရင်း ၂၂၃ နှင့် MNDAA ကိုးကန့်တပ်ဖွဲ့တို့ ပူးပေါင်း တပ်ဖွဲ့သည် အစိုးရတပ်မတော် တပ်မ ၁၁ လက်အောက်ခံတပ်များနှင့် ကွတ်ခိုင်မြို့နယ် မန့်ဝိန်းအနီး တိုက်ပွဲများဖြစ်ပွါးခဲ့သည်။
ထိုတရက်တည်းတွင်ပင် မနက် ၉ နာရီမှ ၉ နာရီခွဲအထိ တကြိမ်၊ မွန်းတည့် ချိန်မှ ၁၂ နာရီ ၃၀ မိနစ်အထိ တကြိမ် တိုက်ပွဲများဖြစ်ပွါးခဲ့သည်။ မြောက်ပိုင်းမဟာမိတ်တပ်မတော်ဘက်မှ အစိုးရတပ်မတော်၏ လက်နက်ကို သိမ်းဆည်းရမိကြောင်း တအာင်းပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ပါသည်။

ထိုနေ့ရက် နံနက် ရ နာရီမှ ၁၀ နာရီအထိ ကချင် KIA တပ်မဟာ ၆ နှင့် ကိုးကန့် MNDAA ပူးပေါင်းတပ်ဖွဲ့သည် အစိုးရတပ်မတော် တပ်မ ၁၁ လက်အောက်ခံတပ်ရက်းနှင့် မူစယ်မြို့နယ် မိုင်းကိုးတွင်ထပ်မံပစ်ခတ် မှုဖြစ်ပွါးခဲ့သေးသည်။


မိုင်းကိုးဒေသခံတဦးက – တိုက်ပွဲကမိုင်းကိုးနဲ့ပန်ဆိုင်းကြားမှာ ။ ပန်ဆိုင်းနဲ့ ၆ မိုင်လောက်အကွာ မှာဖြစ်တယ်။ လမ်းမကြီးပေါ်မှာတော့မဟုတ်ဘူး။ ရွာနဲ့မနီးမဝေး။ တောပိုင်းနဲနဲကျတယ်။- ဟု ပြောသည်။

မေလ ၁၄ ရက်နေ့ကမူ တအာင်းနှင့်အစိုးရတပ်မတော်တို့က ၁၀၅ မိုင်နှင့် နမ့်ဖတ်ကာကြား ၀မ့်နမ့်အွန်ရွာတွင် တိုက်ပွဲတကြိမ်ဖြစ်ပွါးခဲ့ပါသေးသည်။

မေလ ၁၂ ရက်နေ့ကမူ တအာင်းနှင့် အစိုးရတပ် ၊ရဲ၊ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့က မူစယ်မြို့နယ် နမ့်ပေါ့တံတားအနီး ၊ နောင်ယန်းကူးတို့ဆိပ်၊ ဇယ်လန့် တို့တွင် ပစ်ခတ်မှုဖြစ်ပွါးခဲ့သည်။ အဆိုပါအခင်းမှ ထိခိုက်ဒဏ်ရာရသူ၊ သေကြေသူ စုစုပေါင်း လူဦးရေ ၅၀ ခန့်ရှိခဲ့ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ကွမ်းလုံတံတားတွင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်း

0
သျှမ်းပြည် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်ရှိ ကွမ်းလုံတံတားတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ယာဉ်မောင်းများကို ကွမ်းလုံတံတားတွင်...

လားရှိုး-မိုင်းရယ်တွင် ရွေးကောက်ပွဲနောက်ပိုင်း ဒေသခံများကို MNDAA အခွန်ဆောင်ခိုင်း

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များကို ၂၀၂၆ နှစ်ဆန်းပိုင်းမှ စတင်ပြီး တစ်လချင်း အခွန်ပေးဆောင်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၂ ရက်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့်...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...