သျှမ်း-မြောက်တွင်တိုက်ပွဲများဆက်တိုက်ဖြစ်ပွါး ဒေသခံများစိုးရိမ်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရတပ်မတော်နှင့် တအာင်း TNLA တို့ကြား တိုက်ပွဲများဆက်တိုက်ဖြစ်ပွါးလာသည့်အပြင် ၂ ဖက်စစ်အင်အားဖြည့်တင်းနေသဖြင့် တိုက်ပွဲကြီး များဖြစ်ပွါးမည်ကိုဒေသခံများစိုးရိမ်နေကြကြောင်းသိရသည်။


မေလ ၁၅ ရက်နေ့က တအာင်းတပ်ဖွဲ့ TNLA တပ်ရင်း ၂၂၃ နှင့် MNDAA ကိုးကန့်တပ်ဖွဲ့တို့ ပူးပေါင်း တပ်ဖွဲ့သည် အစိုးရတပ်မတော် တပ်မ ၁၁ လက်အောက်ခံတပ်များနှင့် ကွတ်ခိုင်မြို့နယ် မန့်ဝိန်းအနီး တိုက်ပွဲများဖြစ်ပွါးခဲ့သည်။
ထိုတရက်တည်းတွင်ပင် မနက် ၉ နာရီမှ ၉ နာရီခွဲအထိ တကြိမ်၊ မွန်းတည့် ချိန်မှ ၁၂ နာရီ ၃၀ မိနစ်အထိ တကြိမ် တိုက်ပွဲများဖြစ်ပွါးခဲ့သည်။ မြောက်ပိုင်းမဟာမိတ်တပ်မတော်ဘက်မှ အစိုးရတပ်မတော်၏ လက်နက်ကို သိမ်းဆည်းရမိကြောင်း တအာင်းပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ပါသည်။

ထိုနေ့ရက် နံနက် ရ နာရီမှ ၁၀ နာရီအထိ ကချင် KIA တပ်မဟာ ၆ နှင့် ကိုးကန့် MNDAA ပူးပေါင်းတပ်ဖွဲ့သည် အစိုးရတပ်မတော် တပ်မ ၁၁ လက်အောက်ခံတပ်ရက်းနှင့် မူစယ်မြို့နယ် မိုင်းကိုးတွင်ထပ်မံပစ်ခတ် မှုဖြစ်ပွါးခဲ့သေးသည်။


မိုင်းကိုးဒေသခံတဦးက – တိုက်ပွဲကမိုင်းကိုးနဲ့ပန်ဆိုင်းကြားမှာ ။ ပန်ဆိုင်းနဲ့ ၆ မိုင်လောက်အကွာ မှာဖြစ်တယ်။ လမ်းမကြီးပေါ်မှာတော့မဟုတ်ဘူး။ ရွာနဲ့မနီးမဝေး။ တောပိုင်းနဲနဲကျတယ်။- ဟု ပြောသည်။

မေလ ၁၄ ရက်နေ့ကမူ တအာင်းနှင့်အစိုးရတပ်မတော်တို့က ၁၀၅ မိုင်နှင့် နမ့်ဖတ်ကာကြား ၀မ့်နမ့်အွန်ရွာတွင် တိုက်ပွဲတကြိမ်ဖြစ်ပွါးခဲ့ပါသေးသည်။

မေလ ၁၂ ရက်နေ့ကမူ တအာင်းနှင့် အစိုးရတပ် ၊ရဲ၊ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့က မူစယ်မြို့နယ် နမ့်ပေါ့တံတားအနီး ၊ နောင်ယန်းကူးတို့ဆိပ်၊ ဇယ်လန့် တို့တွင် ပစ်ခတ်မှုဖြစ်ပွါးခဲ့သည်။ အဆိုပါအခင်းမှ ထိခိုက်ဒဏ်ရာရသူ၊ သေကြေသူ စုစုပေါင်း လူဦးရေ ၅၀ ခန့်ရှိခဲ့ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...