Wednesday, January 28, 2026

နှစ် ၆၀ ပြည့် သျှမ်းတော်လှန်ရေးနေ့ အခမ်းအနား ၀မ့်ဟိုင်းနှင့် လွယ်တိုင်းလျန်းတို့တွင်စည်ကားသိုက်မြိုက်စွာကျင်းပ

မေလ ၂၁ ရက်နေ့တွင်ကျရောက်သော နှစ် ၆၀ ပြည့် သျှမ်းတော်လှန်ရေးနေ့ အခမ်းအနားအား သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် ၀မ့်ဟိုင်းတွင်လည်းကောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ဌာနချုပ် လွယ်တိုင်းလျန်းတွင်လည်းကောင်း အသီးသီးကျင်းပခဲ့ရာ စည်ကားလျှက်ရှိကြောင်းသိရသည်။

၀မ့်ဟိုင်းဌာနချုပ်တွင်ကျင်းပသော နှစ် ၆၀ ပြည့် သျှမ်းတော်လှန်ရေးနေ့အခမ်းအနား

SSPP/SSA ဌာနချုပ် ၀မ့်ဟိုင်းဌာနချုပ်တွင် သျှမ်းတော်လှန်ရေးနေ့အခမ်းအနားအား နောင်ငင်းခန်းမတွင်ကျင်းပရာ တပ်ဖွဲ့အတွင်းအကြီးအကဲများ၊ တပ်သားထုနှင့် ဒေသခံမိဘပြည်သူလူထု ရာနှင့်ချီတက်ရောက်ကြောင်းသိရသည်။

အခမ်းအနားအား နံနက် ၈ နာရီတွင်စတင်ပြီး အမျိုးသားရေးလုပ်ငန်းစဉ်တလျှောက်သေကြေကျဆုံးသွားသော တပ်သားထုနှင့်ပြည်သူလူထုအတွက် အလှူဒါနပြုကုသိုလ်ပေးဝေခဲ့ကြောင်း၊ နေ့လည်ပိုင်း ဆွမ်းကပ်အလှူပြုမှုလည်းရှိခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တပ်ဖွဲ့အကြီးအကဲများဖြစ်ကြသော နာယကကြီး ဗိုလ်ချုပ်ကြီးဆေထင်၊ ဒုဥက္ကဌ ၁ ဒုတိယ ဗိုလ်ချုပ်ကြီး ခေးတိုင်း၊ အတွင်းရေးမှူးများ၊ စစ်ဦးစီးများနှင့် အကြီးအကဲများ၊ ကေဒါတပ်သားများနှင့်မိဘပြည်သူလူထု စုစုပေါင်း ၄၀၀ ခန့်တက်ရောက်ခဲ့သည်။

နာယကကြီးဗိုလ်ချုပ်ကြီးဆေထင်က မိန့်ခွန်းပြောကြားရာတွင်- ကနေ့ခေတ်လူငယ်ထုအနေဖြင့် သမိုင်းလေ့လာသင်ယူသင့်ကြောင်း၊သမိုင်းမလေ့လာပါက ဒုတိယအကြိမ်ရှုံးနိမ့်မည်ဖြစ်ကြောင်း၊ ဆုံးဖြတ်ချက်ချရာတွင် လျင်မြန်ဖြတ်လတ်တိကျပါးနပ်သောဆုံးဖြတ်ချက်ဖြစ်စေလိုကြောင်း၊ ယခင်ကမှားယွင်းခဲ့သည်များကိုသင်ခန်းစာရယူကာ တက်သစ်စ လူငယ်များဆုံးဖြတ်ချက်ချမှန်ကန်စေလိုကြောင်း ေပြာဆိုသွားခဲ့သည်။

ထို့အပြင် သျှမ်းတော်လှန်ရေးဖြစ်ပေါ်လာပုံသမိုင်း၊ စော်ဘွားများသမိုင်း၊ သွေးထိုးခံရမှုကြောင့်စော်ဘွားများစိတ်ဝမ်းကွဲရကြောင်း၊ တရုတ်ဖြူတပ်များအားနှိမ်နင်းရန်အကြောင်းပြချက်ဖြင့် မြန်မာ့တပ်မတော်မှ သျှမ်းပြည်တွင်းဝင်ရောက်နေရာယူလာသည်မှာယနေ့တိုင် တပ်ရုတ်ပြန်ခြင်းမရှိသေးကြောင်းအစရှိသည်တို့ကိုပါ ပြောဆိုသွားခဲ့သည်။

လွယ်တိုင်းလျန်းဌာနချုပ်တွင်ကျင်းပသော နှစ် ၆၀ ပြည့် သျှမ်းတော်လှန်ရေးနေ့အခမ်းအနား

RCSS/SSA ဌာနချုပ် လွယ်တိုင်းလျန်းတွင် ကျင်းပသော နှစ် ၆၀ ပြည့် သျှမ်းတော်လှန်ရေးနေ့ အခမ်း အနားတွင်မူ ဗိုလ်ချုပ်ကြီးယွက်စစ်က – ကျဆုံးသွားသော ကေဒါ တပ်သားများအား လေးစားဂုဏ်ယူကြောင်း၊ လက်ရှိအမျိုးသားရေးတာဝန်ထမ်းဆောင်နေဆဲ ကေဒါတပ်သားများအား အားပေးဂုဏ်ပြုကြောင်း- ပြောဆိုသွားခဲ့သည်။

လွယ်တိုင်းလျန်းတွင်ကျင်းပသော သျှမ်းတော်လှန်ရေးနေ့တွင် ကေဒါတပ်သား၊ အရာရှိအရာခံများအပါအဝင်ဒေသခံလူထု စုစုပေါင်း ၅၀၀ ထပ်မနည်းတက်ရောက်ခဲ့ကြကြောင်းသိရသည်။

အခမ်းအနားတွင် ကျဆုံးလေပြီးသော ရဲဘော်များအတွက် လွမ်းသူ့ပန်းခွေများ ချခြင်း၊ ဆေခန်ဘွားဘုရင်ရုပ်ထုနှင့် တော်လှန်ရေးဖခင်ကြီးဟုခေါ်ဆိုထိုက်သူတဦးဖြစ်သော ဗိုလ်မိုးဟိန်းခေါ် စဝ်ကွဏ်းဇိန်း၏ ရုပ်ထုတို့တွင်လည်း ပန်းစည်း ပန်းခွေများချခြင်းပြုလုပ်ခဲ့ကြကြောင်သိရသည်။

၁၉၅၈ မှ ၂၀၁၈ အထိ နှစ်ပေါင်း ၆၀ တိုင်တိုင် သျှမ်းတော်လှန်ရေးမပြီးဆုံးနိုင်သေးသည်မှာ တိုင်းရင်းသားဒေသမများတွင် တရားမျှတမှုမရှိခြင်း ၊ လူအချင်းချင်း ဖိနှိပ်ခြင်းတို့ကြောင့် ဖြစ်ကြောင်း ပြောဆိုသည်။ ထို့အတွက် သျှမ်းတော်လှန်ရေးနေ့သည် အမျိုးသားရေးအတွက် အသက်စွန့်သွားသော မျိုးချစ်ပုဂ္ဂိုလ်များအား အောင့်မေ့သတိယခြင်းအထိမ်းအမှတ်အဖြစ်အလှူပြုကာ အမျှအတန်း ပေးဝေခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

သျှမ်းလူငယ် ၃၁ ဦးသည် ၁၉၅၈ ခုနစ် မေလ ၂၁ ရက်နေ့က မိုင်းတုံမြို့နယ် နမ့်ကျွတ်ချောင်းဘေး တောတွင်းတနေရာတွင် သျှမ်းပြည် လွှတ်မြောက်ရေးအတွက် သွေးသစ္စာရေသောက်ခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးလုပ်ငန်းစတင်ခဲ့သည်ဖြစ်ရာ သျှမ်းတော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတပ် အချင်းချင်း ၁၀ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCCS အမိန့်စာ လူမှုကွန်ရက်ပျံ့နှံ့

0
သျှမ်းတော်လှန်ရေးနေ့ နီးကပ်လာပြီဖြစ်သဖြင့် သျှမ်းတပ်(၂)တပ် ထိုးစစ်ဆင် တိုက်ခိုက်မှု ကို (၁၀)ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ၏ အမိန့်စာ လူမှုကွန်ရက်စာမျက်နှာတွင် သျှမ်းဘာသာဖြင့် ယနေ့ (မေ ၁၆)ရက်၌ ပျံ့နှံ့လာသည်။ အဆိုပါ အပစ်ရပ်စဲကာလသည် ယနေ့ (မေ ၁၆)ရက်မှစတင်ပြီး မေ...

အိုဘယ့် သျှမ်းပြည်

0
“ကင်ဆာကဲ့သို့ ဆိုးဝါးလှသည့် ဖက်ဆစ်တပ်ကို အမြစ်ဖြတ်နိုင်မှသာ နှစ်ရာချီ တည်တံ့သည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် ဖြစ်သည်” “ရလဒ်ထွက်ပေါ်လေ့ မရှိသည့် နိုင်ငံရေး ဆွေးနွေးခြင်းဖြင့် တော်လှန်ရေး ပြိုကွဲလေ့ရှိပြီး ဖက်ဆစ်တပ်ကမူ အင်အားပိုကြီးလာလေ့ရှိသည်မှာ သမိုင်းက သက်သေဖြစ်သည်။ ဖက်ဆစ်တပ်သည် သွေးစုတ်ဖုတ်ကောင်နှင့် တူပေစွ” စူးရှတောက်ပသည့် နေရောင်ခြည်အောက်ဝယ် အရာရာသည် တိတ်ဆိတ်နေသယောင်။...

(၆၄) နှစ်မြောက် သျှမ်းတော်လှန်ရေးနေ့ သျှမ်းလက်နက်ကိုင် တပ် (၂) တပ်ကျင်းပမည်

0
(၆၄) နှစ်မြောက် သျှမ်းတော်လှန်ရေးနေ့ အခမ်းအနားကို သျှမ်းလက်နက်ကိုင်တပ်ဖွဲ့များ၏ ဌာနချုပ်အသီးသီး တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လာမည့် မေ (၂၁) ရက်သည် သျှမ်းတော်လှန်ရေး (၆၄) နှစ်ပြည့်အခမ်းအနားအား သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ ဌာနချုပ်ရှာရာ လွိုင်တိုင်းလျန်း၊ လွိုင်ကော်ဝမ်းတပ်စခန်းနှင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊သျှမ်းပြည်တပ်မတော်...

၆၁ နှစ်မြောက် သျှမ်းတော်လှန်ရေးနေ့အခမ်းအနား သျှမ်းလက်နက်ကိုင်တပ်များ၏ဌာနချုပ်များတွင်ကျင်းပ

0
သျှမ်းတော်လှန်ရေးနေ့ ၆၁ နှစ်မြောက်အခမ်းအနားအား သျှမ်းလက်နက်ကိုင်တပ်ဖွဲ့များက ၄င်းတို့၏ဌာနချုပ်များတွင်ကျင်းပခဲ့ကြောင်းသိရသည်။ မေလ ၂၁ ရက် ၂၀၁၉ သျှမ်းတော်လှန်ရေးနေ့ ၆၁ နှစ်ပြည့်အခမ်းအနားအား သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ဌာနချုပ်လွယ်တိုင်းလျန်းတွင်လည်းကောင်း၊ လွယ်ကော်ဝမ်းတပ်စခန်းတွင်လည်းကောင်း၊ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် ဌာနချုပ် ၀မ့်ဟိုင်းတွင်လည်းကောင်းအသီးသီး ကျင်းပခဲ့ကြောင်းသိရသည်။ “ဌာနချုပ်အသီးသီးတွေမှာ ကျင်းပကြပါတယ်။ ရည်ရွယ်ချက်ကတော့ ကျနော်တို့ အမျိုးသားရေးအတွက်...