Wednesday, January 28, 2026

၆၁ နှစ်မြောက် သျှမ်းတော်လှန်ရေးနေ့အခမ်းအနား သျှမ်းလက်နက်ကိုင်တပ်များ၏ဌာနချုပ်များတွင်ကျင်းပ

သျှမ်းတော်လှန်ရေးနေ့ ၆၁ နှစ်မြောက်အခမ်းအနားအား သျှမ်းလက်နက်ကိုင်တပ်ဖွဲ့များက ၄င်းတို့၏ဌာနချုပ်များတွင်ကျင်းပခဲ့ကြောင်းသိရသည်။

Photo by SHAN- SSPP ဌာနချုပ်ဝမ့်ဟိုင်းတွင်ကျင်းပသော ၆၁ နှစ်မြောက် သျှမ်းတော်လှန်ရေးနေ့အခမ်းအနား

မေလ ၂၁ ရက် ၂၀၁၉ သျှမ်းတော်လှန်ရေးနေ့ ၆၁ နှစ်ပြည့်အခမ်းအနားအား သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ဌာနချုပ်လွယ်တိုင်းလျန်းတွင်လည်းကောင်း၊ လွယ်ကော်ဝမ်းတပ်စခန်းတွင်လည်းကောင်း၊ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် ဌာနချုပ် ၀မ့်ဟိုင်းတွင်လည်းကောင်းအသီးသီး ကျင်းပခဲ့ကြောင်းသိရသည်။

Photo by SHAN- လွယ်တိုင်းလျန်းဌာနချုပ်တွင်ကျင်းပပြုလုပ်သော ၆၁ နှစ်မြောက် သျှမ်းတော်လှန်ရေးနေ့အခမ်းအနား

“ဌာနချုပ်အသီးသီးတွေမှာ ကျင်းပကြပါတယ်။ ရည်ရွယ်ချက်ကတော့ ကျနော်တို့ အမျိုးသားရေးအတွက် တော်လှန်ရေးကာလတလျှောက် အသက်သွေးချွေး ပေးလှူခဲ့ရတဲ့ အာဇာနည်ပုဂ္ဂိုလ်တွေကို လေးစားတယ် ဂုဏ်ယူတယ် အောင့်မေ့သတိရတယ်။ ဒါကြောင့်နှစ်တိုင်းမပြတ် အခမ်းအနားကျင်းပလာရတာဖြစ်တယ်။ နောက်တချက်က ကျနော်တို့ ရသင့်ရထိုက်တဲ့ ရပိုင်ခွင့်တွေကို ရယူဖို့အတွက်ဖြစ်သလို တဖက်ကလည်း ပင်လုံစိတ်ဓါတ် ပင်လုံကတိကဝတ် ပင်လုံ စာချုပ်စသည်တို့ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ ဖြစ်တယ်။ နောက်တချက် မျိုးဆက်သစ်လူငယ်တွေကို အမျိုးသားရေးစိတ်ဓါတ်နိုးကြားစေဖို့နဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့တဲ့ အာဇာနည်များလမ်းအတိုင်း ဆက်လက်လျှောက်လမ်းဖို့အတွက် ရည်ရွယ်ပါတယ်။ ”- ဟု RCSS/SSA ၏ပြောခွင့်ရ လည်းဖြစ် အတွင်းရေးမှူး ၂ လည်းဖြစ်သော ဗိုလ်မှူးကြီးစိုင်းငင်းက သျှမ်းသံတော်ဆင့်အားပြောသည်။

Photo by SHAN-လွယ်ကော်ဝမ်းဌာနချုပ်တွင်ကျင်းပပြုလုပ်သော ၆၁ နှစ်မြောက် သျှမ်းတော်လှန်ရေးနေ့အခမ်းအနားမှ အာဏာဇာနည်ရဲဘော်များအတွက်လွမ်းသူ့ပန်းခွေချမည့်တပ်သားကေဒါများ

ယခုနှစ် လွယ်တိုင်းလျန်းဌာနချုပ်တွင်ကျင်းပသော ၆၁ နှစ်မြောက် သျှမ်းတော်လှန်ရေးနေ့အခမ်းအနားတွင် စစ်ရေးပြအခမ်းအနားကျင်းပသော်လည်း လက်နက်မပါသည့် စစ်ရေးပြခြင်းမျိုးဖြစ်ကြောင်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောသည်။ ၄င်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ရည်ရွယ်ကြောင်း ဆိုပါသည်။

“ဒီကနေ့ စစ်ရေးလာပြတဲ့စစ်သည်တော်တွေက ၁၀၀၀ လောက်ရှိတယ်။ ဘာကြောင့်စစ်ရေးပြအခန်းအနားမှာ လက်နက်မပါရသလဲဆိုတာတော့ အကျိုးအကြောင်းရှိတယ်လေ။ အစိုးရတပ်မတော်က တဖက်သတ်အပစ်ရပ်ရေး ၆ လ ကြေငြာတယ်လေ ။   အဲဒီကာလဖြစ်နေတာကြောင့် သူတို့ရဲ့ အပစ်ရပ်ခြင်းကြေငြာချက်ကို ကြိုဆိုတဲ့အနေနဲ့ ကျနော်တို့ စစ်ရေးပြအခမ်းအနားမှာလည်း လက်နက်မပါရတာဖြစ်တယ်။ ငြိမ်းချမ် းရေးလုပ်ငန်းစဉ်ကနေ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်နိုင်အောင်ကြိုးစားချင်လို့ပါ။”- ဟု ဗိုလ်မှူးကြီးစိုင်းငင်း ကပြောသည်။

အခမ်းအနားတွင် ဒုဥက္ကဌ ၁ ဒု ဗိုလ်ချုပ်ကြီးစိုင်းရီ က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ၊ စစ်ရေးပြအခမ်း အနားပြသခဲ့ကြောင်း ထိုနောက်ပိုင်း တော်လှန်ရေးကာလ ခန္ဓာကိုယ်အစိတ်အပိုင်းများပေးလှူခဲ့သော စစ်သည်တော်များအား ဆုတော်ငွေချီးမြှင့်ကြောင်း၊ တော်လှန်ရေးခရီးစဉ်အတွင်း အသက်ပေးလှူ ကျဆုံးသွားခဲ့သော် အာဇာနည်ရဲဘော်များအားရည်စူးကာ လွမ်းသူ့ပန်းခွေချ အလေးပြုကြကြောင်း သိရသည်။ ညနေပိုင်းတွင်မူ ညနေစာလက်ဆုံစားပွဲကျင်းပ ပေးမည်ဖြစ်ပြီး ခေတ်ပေါ်သံစုံတီးဝိုင်းဖြင့် တီးခတ်ဖျော်ဖြေကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတပ် အချင်းချင်း ၁၀ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCCS အမိန့်စာ လူမှုကွန်ရက်ပျံ့နှံ့

0
သျှမ်းတော်လှန်ရေးနေ့ နီးကပ်လာပြီဖြစ်သဖြင့် သျှမ်းတပ်(၂)တပ် ထိုးစစ်ဆင် တိုက်ခိုက်မှု ကို (၁၀)ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ၏ အမိန့်စာ လူမှုကွန်ရက်စာမျက်နှာတွင် သျှမ်းဘာသာဖြင့် ယနေ့ (မေ ၁၆)ရက်၌ ပျံ့နှံ့လာသည်။ အဆိုပါ အပစ်ရပ်စဲကာလသည် ယနေ့ (မေ ၁၆)ရက်မှစတင်ပြီး မေ...

အိုဘယ့် သျှမ်းပြည်

0
“ကင်ဆာကဲ့သို့ ဆိုးဝါးလှသည့် ဖက်ဆစ်တပ်ကို အမြစ်ဖြတ်နိုင်မှသာ နှစ်ရာချီ တည်တံ့သည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် ဖြစ်သည်” “ရလဒ်ထွက်ပေါ်လေ့ မရှိသည့် နိုင်ငံရေး ဆွေးနွေးခြင်းဖြင့် တော်လှန်ရေး ပြိုကွဲလေ့ရှိပြီး ဖက်ဆစ်တပ်ကမူ အင်အားပိုကြီးလာလေ့ရှိသည်မှာ သမိုင်းက သက်သေဖြစ်သည်။ ဖက်ဆစ်တပ်သည် သွေးစုတ်ဖုတ်ကောင်နှင့် တူပေစွ” စူးရှတောက်ပသည့် နေရောင်ခြည်အောက်ဝယ် အရာရာသည် တိတ်ဆိတ်နေသယောင်။...

မိုင်းပန်မြို့နယ် ကျင်းပမည့် သျှမ်းအမျိုးသားနေ့ ကို စစ်ကောင်စီမှ ဖျက်သိမ်းခိုင်း

0
သျှမ်းပြည် လင်းခေးခရိုင် မိုင်းပန်မြို့တွင် လာမည့် ၂၀၂၃ ဖေဖော်ဝါရီ ၇ ရက်တွင် ကျရောက်မည့် (၇၆) နှစ်မြောက် သျှမ်းအမျိုးသားနေ့ကို စစ်ကောင်စီမှ ဖျက်သိမ်းခိုင်းကြောင်း စုံစမ်းသိရသည်။ သျှမ်းအမျိုးသားနေ့ကို ပြီးခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ချိန်မှစပြီး မကျင်းပနိုင်ခြင်းမှာ ၃ နှစ်ရှိပြီး...

(၆၄) နှစ်မြောက် သျှမ်းတော်လှန်ရေးနေ့ သျှမ်းလက်နက်ကိုင် တပ် (၂) တပ်ကျင်းပမည်

0
(၆၄) နှစ်မြောက် သျှမ်းတော်လှန်ရေးနေ့ အခမ်းအနားကို သျှမ်းလက်နက်ကိုင်တပ်ဖွဲ့များ၏ ဌာနချုပ်အသီးသီး တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လာမည့် မေ (၂၁) ရက်သည် သျှမ်းတော်လှန်ရေး (၆၄) နှစ်ပြည့်အခမ်းအနားအား သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ ဌာနချုပ်ရှာရာ လွိုင်တိုင်းလျန်း၊ လွိုင်ကော်ဝမ်းတပ်စခန်းနှင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊သျှမ်းပြည်တပ်မတော်...

လာမည့်ရွေးကောက်ပွဲတွင် SSPP/SSA ဌာနချုပ် ၌ မဲပုံးထောင်ခွင့်ပေးမည်

0
သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် (SSPP/SSA) ဌာနချုပ်ဖြစ်သည့် ၀မ့်ဟိုင်း တွင် လာမည့်ရွေးကောက်ပွဲ၌ လွတ်လပ်စွာမဲပုံးထောင်ခွင့်ပေးမည်ဖြစ်ကြောင်းသိရသည်။ SSPP/SSA ထိန်းချုပ်နယ်မြေဖြစ်သော သျှမ်းပြည် မြောက်ပိုင်းနှင့်တောင်ပိုင်းထိစပ်သည့် ကျေးသီး၊ မိုင်းရှူး၊ တန့်ယန်း၊ မိုင်းရယ်မြို့နယ်များအတွင်း မဲပေးပိုင်ခွင့်ရှိသူ လူဦးရေ ၂ သိန်းခန့်ရှိပြီး၊  ၀မ့်ဟိုင်း တွင် ၁ သောင်းခန့်ရှိသည်။ အဆိုပါမဲပေးခွင့်ရှိသူများအားလုံး လွတ်လပ်စွာမဲပေးခွင့်ရရှိစေရေးအတွက်...