Tuesday, January 27, 2026

(၆၄) နှစ်မြောက် သျှမ်းတော်လှန်ရေးနေ့ သျှမ်းလက်နက်ကိုင် တပ် (၂) တပ်ကျင်းပမည်

(၆၄) နှစ်မြောက် သျှမ်းတော်လှန်ရေးနေ့ အခမ်းအနားကို သျှမ်းလက်နက်ကိုင်တပ်ဖွဲ့များ၏ ဌာနချုပ်အသီးသီး တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

သျှမ်းတော်လှန်ရေးနေ့

လာမည့် မေ (၂၁) ရက်သည် သျှမ်းတော်လှန်ရေး (၆၄) နှစ်ပြည့်အခမ်းအနားအား သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ ဌာနချုပ်ရှာရာ လွိုင်တိုင်းလျန်း၊ လွိုင်ကော်ဝမ်းတပ်စခန်းနှင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊သျှမ်းပြည်တပ်မတော် (SSPP/SSA) ဌာနချုပ် ဝမ်ဟိုင်းတွင်ကျင်းပ သွားမည်ဖြစ်ကြောင်းသိရသည်။

“ဌာနချုပ်မှာတော့ လွမ်းသူ့ပန်းခွေတွေ ချမယ်။ ပြီးတော့ အမျိုးသားရေးအတွက် အသက်ပေးသွားတဲ့ သူရဲကောင်းတွေကို ရည်စူးပြီး အလှူလုပ်မယ်။ အမျှပေးဝေသွားဖို့ရှိတယ်။ ကိုဗစ်-၁၉ ကြောင့် ကြီးကြီးမားမား တော့ လုပ်ဖို့မရှိပါဘူး” ဟု RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် သျှမ်းတော်လှန်ရေးနေ့ အခမ်းအနားကို သျှမ်းလက်နက်ကိုင် တပ် (၂) တပ်က ခမ်းနားစွာ ကျင်းပမည်မဟုတ်ကြောင်း သိရှိရသည်။

SSPP/SSA မှ တာဝန်ရှိသူ တစ်ဦးက “ဒီနှစ်လည်း ကျနော်တို့ ဌာနချုပ်မှာ နှစ်တိုင်းလိုပဲ ကျင်းပပြုလုပ်သွား ဖို့ရှိတယ်။ ဒီနှစ်က အခမ်းအနားအစီစဉ်ဘယ်လိုရှိလဲဆိုတာကိုတော့ မသိရသေးဘူး။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ က ဆွေးနွေးနေကြတုန်းပဲ” ဟု သျှမ်းသံတော်ဆင့် ကိုပြောသည်။

၁၉၅၈ ခုနှစ် မေ (၂၁) ရက်တွင် မိုင်းတုံမြို့နယ် နမ့်ကျွတ်ချောင်းဘေး တောတွင်းတနေရာ၌ သျှမ်းလူငယ် (၃၁)ဦးသည် သျှမ်းပြည် လွတ်မြောက်ရေးအတွက် သွေးသစ္စာရေသောက်ခဲ့ပြီး လက်နက်ကိုင် တော်လှန်ရေး လုပ်ငန်းစတင်ခဲ့သည့်နေ့ကို သျှမ်းတော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတပ် အချင်းချင်း ၁၀ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCCS အမိန့်စာ လူမှုကွန်ရက်ပျံ့နှံ့

0
သျှမ်းတော်လှန်ရေးနေ့ နီးကပ်လာပြီဖြစ်သဖြင့် သျှမ်းတပ်(၂)တပ် ထိုးစစ်ဆင် တိုက်ခိုက်မှု ကို (၁၀)ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ၏ အမိန့်စာ လူမှုကွန်ရက်စာမျက်နှာတွင် သျှမ်းဘာသာဖြင့် ယနေ့ (မေ ၁၆)ရက်၌ ပျံ့နှံ့လာသည်။ အဆိုပါ အပစ်ရပ်စဲကာလသည် ယနေ့ (မေ ၁၆)ရက်မှစတင်ပြီး မေ...

အိုဘယ့် သျှမ်းပြည်

0
“ကင်ဆာကဲ့သို့ ဆိုးဝါးလှသည့် ဖက်ဆစ်တပ်ကို အမြစ်ဖြတ်နိုင်မှသာ နှစ်ရာချီ တည်တံ့သည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် ဖြစ်သည်” “ရလဒ်ထွက်ပေါ်လေ့ မရှိသည့် နိုင်ငံရေး ဆွေးနွေးခြင်းဖြင့် တော်လှန်ရေး ပြိုကွဲလေ့ရှိပြီး ဖက်ဆစ်တပ်ကမူ အင်အားပိုကြီးလာလေ့ရှိသည်မှာ သမိုင်းက သက်သေဖြစ်သည်။ ဖက်ဆစ်တပ်သည် သွေးစုတ်ဖုတ်ကောင်နှင့် တူပေစွ” စူးရှတောက်ပသည့် နေရောင်ခြည်အောက်ဝယ် အရာရာသည် တိတ်ဆိတ်နေသယောင်။...

၆၁ နှစ်မြောက် သျှမ်းတော်လှန်ရေးနေ့အခမ်းအနား သျှမ်းလက်နက်ကိုင်တပ်များ၏ဌာနချုပ်များတွင်ကျင်းပ

0
သျှမ်းတော်လှန်ရေးနေ့ ၆၁ နှစ်မြောက်အခမ်းအနားအား သျှမ်းလက်နက်ကိုင်တပ်ဖွဲ့များက ၄င်းတို့၏ဌာနချုပ်များတွင်ကျင်းပခဲ့ကြောင်းသိရသည်။ မေလ ၂၁ ရက် ၂၀၁၉ သျှမ်းတော်လှန်ရေးနေ့ ၆၁ နှစ်ပြည့်အခမ်းအနားအား သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ဌာနချုပ်လွယ်တိုင်းလျန်းတွင်လည်းကောင်း၊ လွယ်ကော်ဝမ်းတပ်စခန်းတွင်လည်းကောင်း၊ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် ဌာနချုပ် ၀မ့်ဟိုင်းတွင်လည်းကောင်းအသီးသီး ကျင်းပခဲ့ကြောင်းသိရသည်။ “ဌာနချုပ်အသီးသီးတွေမှာ ကျင်းပကြပါတယ်။ ရည်ရွယ်ချက်ကတော့ ကျနော်တို့ အမျိုးသားရေးအတွက်...

နှစ် ၆၀ ပြည့် သျှမ်းတော်လှန်ရေးနေ့ အခမ်းအနား ၀မ့်ဟိုင်းနှင့် လွယ်တိုင်းလျန်းတို့တွင်စည်ကားသိုက်မြိုက်စွာကျင်းပ

0
မေလ ၂၁ ရက်နေ့တွင်ကျရောက်သော နှစ် ၆၀ ပြည့် သျှမ်းတော်လှန်ရေးနေ့ အခမ်းအနားအား သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် ၀မ့်ဟိုင်းတွင်လည်းကောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ဌာနချုပ် လွယ်တိုင်းလျန်းတွင်လည်းကောင်း အသီးသီးကျင်းပခဲ့ရာ စည်ကားလျှက်ရှိကြောင်းသိရသည်။ SSPP/SSA ဌာနချုပ် ၀မ့်ဟိုင်းဌာနချုပ်တွင် သျှမ်းတော်လှန်ရေးနေ့အခမ်းအနားအား နောင်ငင်းခန်းမတွင်ကျင်းပရာ...