လာမည့်ရွေးကောက်ပွဲတွင် SSPP/SSA ဌာနချုပ် ၌ မဲပုံးထောင်ခွင့်ပေးမည်

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် (SSPP/SSA) ဌာနချုပ်ဖြစ်သည့် ၀မ့်ဟိုင်း တွင် လာမည့်ရွေးကောက်ပွဲ၌ လွတ်လပ်စွာမဲပုံးထောင်ခွင့်ပေးမည်ဖြစ်ကြောင်းသိရသည်။

SSPP/SSA ထိန်းချုပ်နယ်မြေဖြစ်သော သျှမ်းပြည် မြောက်ပိုင်းနှင့်တောင်ပိုင်းထိစပ်သည့် ကျေးသီး၊ မိုင်းရှူး၊ တန့်ယန်း၊ မိုင်းရယ်မြို့နယ်များအတွင်း မဲပေးပိုင်ခွင့်ရှိသူ လူဦးရေ ၂ သိန်းခန့်ရှိပြီး၊  ၀မ့်ဟိုင်း တွင် ၁ သောင်းခန့်ရှိသည်။

အဆိုပါမဲပေးခွင့်ရှိသူများအားလုံး လွတ်လပ်စွာမဲပေးခွင့်ရရှိစေရေးအတွက် မဲရုံ ၃-၄ နေရာအထိ မဲပုံးထောင်ခွင့်ပေးမည်ဖြစ်ကြောင်း SSPP/SSA  ပြောခွင့်ရ ဒု ဗိုလ်မှူးကြီးစိုင်းဆု က သျှမ်းသံတော်ဆင့်အားပြောသည်။

“ကျနော်တို့ထိန်းချုပ်ဒေသမှာဆိုရင် ကျနော်တို့ကောက်ထားတဲ့သန်းခေါင်စာရင်းအရ လူဉီးရေ ၂ သိန်းလောက်ရှိတယ်။ အများစုက ရွာကလူတွေပါ။ အားလုံးလွတ်လပ်စွာ မဲပေးခွင့်ရှိပါတယ်” ဗိုလ်မှူးကြီး စိုင်းဆု က ပြောသည်။

ဇူလိုင် ၂၆ မှ သြဂုတ် ရ ရက်နေ့အထိ အစိုးရ၏ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်   ထုတ်ပြန်ချက်အရ SSPP ဌာနချုပ်အခြေစိုက်ရာ ကျေးသီးမြို့နယ်ရှိအုပ်စုများဖြစ်သော မိန်းကောဝ် ၊ နောင်ဆွမ်း၊ မိန်းနန်း၊ ၀မ်ဝပ်၊ ဟာဝမ်၊ ခေါက်စန့်၊ ခုမ်ပန်၊ ကျိန်းလိန်၊ ဖတ်းနမ်၊ ၀မ့်ဖွီးနှင့် ပန်စေ့ အုပ်စုများတွင် မဲပေးပိုင်ခွင့်ရှိသူ၆ သောင်းကျော်ရှိကြောင်းသိရသည်။

၀မ့်ဟိုင်း

ထိုသို့ မဲပေးပိုင်ခွင့်ရှိသူများပြားသော်လည်း တချို့တဝက်မှာ တရုတ်နှင့်ထိုင်းဘက်သို့အလုပ်သွားလုပ်ကြသူများဖြစ်ကြကြောင်းဒုဗိုလ်မှူးကြီးစိုင်းဆု က သျှမ်းသံတော်ဆင့်အားပြောသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲက အဆိုပါဒေသတွင် အစိုးရတပ်မတော်က အင်အားသုံးကာ SSPP/SSA အားထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ရွေးကောက်ပွဲကျင်းပခွင့်မပြုကြောင်း ပြည်ထောင်စုရွေးကာက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ကြောင့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှသာ မိုင်းရှူး၊ ကျေးသီးတွင်လွှတ်တော်အမတ်များကိုရွေးချယ်မဲပေးခွင့်ရခဲ့သည်။

SSPP ထိန်းချုပ်ဒေသအတွင်းပါရှိသော်လည်းတိုက်ပွဲမရှိသဖြင့် သီပေါမြို့တွင်မူ ထိုစဉ်က မဲပေးခွင့်ရှိခဲ့ပါသည်။

သီပေါမြို့နေ စိုင်းအိုက်ဦးက – “ကျနော်တို့က SSPP ထိန်းချုပ်ဒေသထဲမှာပါ ။ ၂၀၁၅ ရွေးကောက် ပွဲတုန်းက မဲပေးရပါတယ်။ဒီနှစ်လည်းအဲလိုဘဲထင်ပါတယ်”-ဟု သျှမ်းသံတော်ဆင့်အား ပြောသည်။

၂၀၁၇ ရွေးကောက်ပွဲတွင်မူဝမ့်ဟိုင်းဌာနချုပ်အတွင်း မဲပုံး ၂ နေရာနှင့် ၀မ့်ဟိုင်းအနီးရှိ ပါခီးတွင် တနေရာ ထောင်နိုင်ခဲ့ကြောင်း ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်စိုင်းစံမိန်းက ပြောသည်။

လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် သျှမ်းပြည်နယ်အတွင်း ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၃၈ ခုရှိကြောင်းသိရသည်။ ထိုအနက် ငွေအင်အားနှင့်လူအင်အား အများဆုံးသုံးနိုင်သည်မှာ ပြည်ထောင်စုကြံ့ခိုင်ရေး ပါတီ နှင့် လက်ရှိအာဏာရထားသော အမျိုးသားဒီမိုကရေစီအဖွဲချုပ်တို့ဖြစ်ကြောင်း နိုင်ငံရေးပါတီများအသိုင်းအဝိုင်းထံမှ သိရသည်။  

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

မိုင်းရယ် တောင်ယာထဲ ကျားဖြန့်လုပ်ကိုင်သူများ ပုန်းအောင်းနေခြင်းကြောင့် ဒေသခံစိုးရိမ်ထိတ်လန့်

0
သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာများတွင် အွန်လိုင်းငွေလိမ် ( ကျားဖြန့်)လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာတဲများသို့ သီပေါမြို့နယ် မန်မော်ကျေးရွာအုပ်စုဘက်မှ ထွက်ပြေးလာသည့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေးနှင့်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...