Monday, February 2, 2026

CATEGORY

စစ်ရေး

တိုက်ပွဲဖြစ်မှာ စိုးရိမ်ပြီး ဒေသခံအများအပြား ကြိုတင်တိမ်းရှောင်နေ

သျှမ်းမြောက် ကျောက်မဲနှင့် သီပေါမြို့နယ် အကြားရှိ ဒေသခံ အများအပြားသည် တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်သဖြင့် ကြိုတင်တိမ်းရှောင်နေကြကြောင်း သိရသည်။ “မနေ့က ထွက်လာကြတာ၊ တိုက်ပွဲဖြစ်မှာ ကြောက်လို့ ကြိုတင်ပြေးလာတာ၊ ရွာမှာ အိမ်စောင့်နဲ့ ကျွဲနွားကြည့်ဖို့ လူနည်းနည်းပဲ ရှိတော့တယ်၊ တစ်ရွာလုံး ဆိုရင် ၃ ပုံ ၁...

အင်းလေး နမ့်ပန်ကျေးရွာသို့ရောက်လာသည့် စစ်ရှောင်များ လက်မခံရန် အုပ်ချုပ်ရေးမှူး လော်ဖြင့်လိုက်အော်

ကရင်နီပြည်မှ သျှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ နမ့်ပန်ကျေးရွာအတွင်း ကရင်နီပြည်ဘက်မှ လာသည့် စစ်ရှောင်များ၊ ဧည့်သည်များကို လက်မခံရန် ရပ်ကွက်အုပ်ချုပ်ရေးမှူး လော်စပီကာဖြင့် လိုက်လံနှိုးဆော်နေကြောင်း စုံစမ်းသိရသည်။ ကရင်နီပြည် လွိုင်ကော်မြို့ပေါ်ထိ အာဏာသိမ်းစစ်ကောင်စီမှ တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်နှင့် တင့်ကားများကို အသုံးပြုပြီး တိုက်ခိုက်မှုများပြုလုပ်သဖြင့် ပြည်သူများက ဘေးလွတ်ရာ သျှမ်းတောင်ဘက်သို့...

ကရင်နီဘက်မှ လာသည့် စစ်ရှောင်များ ဟိုပုံး ပအိုဝ်းမတောင်တွင် ပိတ်မိနေ

ကရင်နီပြည်မှ သျှမ်းတောင်သို့ စစ်ရှောင်လာသည့် ပြည်သူများသည် ယနေ့ (ဇန်နဝါရီ ၉)ရက် လက်ရှိအချိန်ထိ တောင်ကြီးမြို့ထဲသို့ ဝင်ခွင့်မရဘဲ ဟိုပုံး ပအိုဝ်းမတောင်တွင် ပိတ်မိနေကြောင်း စုံစမ်းသိရှိရသည်။ ကရင်နီပြည် လွိုင်ကော်မြို့မှ လာသည့် စစ်ရှောင်ပြည်သူများသည် ယနေ့ (ဇန်နဝါရီ ၉)ရက် လက်ရှိအချိန်ထိ ဟိုပုံး ပအိုဝ်းမတောင်တွင် ရပ်ခိုင်းထားပြီး...

တောင်ကြီးမြို့ အိမ်ရှင်တချို့ အိမ်ငှားခ ငွေအဆမတန် တောင်းနေ

သျှမ်းတောင် တောင်ကြီးမြို့ပေါ်ရှိ တချို့ အိမ်ရှင်များသည် ကရင်နီပြည်မှ ထွက်ပြေးလာသည့် စစ်ရှောင်များထံ အိမ်ငှားခငွေ အဆမတန် ပိုတောင်းနေကြောင်း စုံစမ်းသိရသည်။ ကရင်နီပြည် လွိုင်ကော်မြို့ပေါ်ထိ အာဏာသိမ်းစစ်ကောင်စီ အုပ်စု က ရဟတ်ယာဉ်၊ တိုက်လေယာဉ် ၊တင့်ကား တို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူများသည် သျှမ်းတောင်ဘက်သို့ ထွက်ပြေးတိမ်းရှောင် လာကြ...

သျှမ်းတောင်သို့ ရောက်လာသည့် ကရင်နီပြည် စစ်ရှောင်များအတွက် နားခိုရန်နှင့် အစားအသောက် လိုအပ်နေ

ကရင်နီပြည် လွိုင်ကော်မြို့ပေါ်အထိ အာဏာသိမ်း စစ်ကောင်စီနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့တိုက်ပွဲများဆက်တိုက်ဖြစ်ပွားမှုကြောင့် ပြည်သူများသည် သျှမ်းတောင် အောင်ပန်း၊ ကလောနှင့် တောင်ကြီးမြို့ပေါ်များအထိ စစ်ဘေးရှောင်လာရကြောင်း သတင်းသိရသည်။ စစ်ဘေးရှောင်ရောက်ရှိလာသည့် ပြည်သူများသည် နေထိုင်တည်းခိုရန်အတွက် အိမ်များ၊ အခန်းများ ငှားရမ်းရာတွင် တချို့ နေအိမ်ပိုင်ရှင်များသည် ဈေးနှုန်းအဆမတန် တောင်းဆိုခြင်းများရှိသည့်အတွက် စစ်ဘေးရှောင်များအတွက် များစွာ...

သီပေါမြို့နယ်အတွင်း တိုက်ပွဲဖြစ် စစ်ရှောင် (၂၀၀)ကျော် ထွက်ပြေးနေရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ (၂၀၀)ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဇန်နဝါရီ (၈)ရက် နေ့လည်ပိုင်းက တိုက်ပွဲဖြစ်ပွားမှုကြောင့် သီပေါမြို့နယ် ဘော်ကြိုဘုန်းကြီးကျောင်းသို့ စစ်ရှောင် (၂၂၂)ဦး ရောက်ရှိနေကြောင်း သီပေါဒေသခံ တစ်ဦးက ပြောသည်။ “ဖြစ်နေတာ (၃)ရက်လောက်ရှိပြီ။ ဖြစ်လိုက် ရပ်လိုက်ဖြစ်နေတာ။ ဒီနေ့မှ...

တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ဆန်နှင့် စားနပ်ရိက္ခာတချို့ မြို့ထဲသို့ သယ်ဆောင်

သျှမ်းတောင် မိုင်းကိုင်မြို့နယ် တိုက်ပွဲနှင့် နီးစပ်နေသည့် လဲချားမြို့နယ်ရှိ ကျေးရွာတချို့မှ ဒေသခံများသည် စားနပ်ရိက္ခာများကို မြို့ထဲသို့ ပို့ဆောင်သိမ်းဆည်းနေကြကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် မိုင်းကိုင်မြို့နယ်နှင့် နီးစပ်နေသည့် လဲချားမြို့နယ် တက်မောက်ကျေးရွာ၊ ဟိုလုမ်းကျေးရွာ၊ နမ့်လေကျေးရွာ တစ်ကြောသည် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် စားနပ်ရိက္ခာများ မြို့တွင်းသို့ သယ်ဆောင်သွားရခြင်းဖြစ်ကြောင်း...

မိုင်းကိုင်မြို့နယ် မိုင်းနင်းမိ သေဆုံးသွားသည့် ရုပ်အလောင်း ယနေ့ထိ သွားမကောက်နိုင်သေး

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စုအတွင်း ဒေသခံ ရွာသားတစ်ဦး မိုင်းနင်းမိပြီးသေဆုံးကာ ယနေ့ချိန်ထိ အလောင်းသွားမကောက်ရသေးကြောင်း စုံစမ်းသိရှိရသည်။ ထိုမိုင်းနင်းမိပြီး သေဆုံးသွားသည့် အလောင်းကို ဇန်နဝါရီ (၅)ရက်တွင် မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု လွယ်ဆိုင်းကျေးရွာအနီးရှိ လယ်ဟောင်းထဲ တွေ့ရှိခဲ့ကြောင်း လွယ်ဆိုင်းကျေးရွာဒေသခံ တစ်ဦးက ပြောသည်။ “ဒီနေ့ထိ ဘယ်သူမှ သူ့အလောင်းကို မသွားယူရဲကြသေးဘူး။...

သျှမ်းမြောက်တွင် စစ်ကောင်စီ နှင့် KIA၊ MNDAA တို့ တိုက်ပွဲဖြစ်

သျှမ်းပြည်မြောက်ပိုင်း မုံးပေါမြို့နယ်တွင် စစ်ကောင်စီ နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)တပ်ဖွဲ့၊ မုံးကိုးမြို့နယ်တွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် သျှမ်းပြည်မြောက်ပိုင်း မုံးပေါမြို့နယ်အတွင်း၌...

နမ့်ခမ်းမြို့မစျေး လုံခြုံမှုမရှိ၊ စျေးသည်များ ပစ္စည်းများ နေအိမ်သို့ သိမ်းပြန်နေ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မစျေးရှိ စျေးသည်များ လုံခြုံမှု မရှိသည့်အတွက် ကုန်ပစ္စည်းတချို့ကို နေအိမ်သို့ သိမ်းပြန်နေကြကြောင်း စုံစမ်းသိရသည်။ ယနေ့ ဇန်နဝါရီ (၆)ရက်တွင် မြို့မစျေး စျေးရုံအတွင်းရှိ စျေးသည်များ ဆိုင်လာဖွင့်ခြင်းမရှိဘဲ ဆိုင်ပစ္စည်းများ တချို့ကို နေအိမ်သို့ သယ်ပြန်သွားကြောင်း မျက်မြင်များက ပြောဆိုကြသည်။ “စျေးတော့ ဖွင့်တယ်။ သွားရောင်းတဲ့သူတော့ မရှိဘူး။...

Latest news