ဖယ်ခုံမြို့နယ် ဆောင်နန်းခဲကျေးရွာလုံးကျွတ် မီးရှို့ခံရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆောင်နန်းခဲကျေးရွာကို စစ်ကောင်စီမှ တစ်ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများ သတင်းပေးပို့ချက်အရ သိရသည်။


ယမန်နေ့ (မေ ၁၆) ရက်က စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့သည် မွန်းလွဲပိုင်းမှာ တိုက်ပွဲစတင် ဖြစ်ပွားခဲ့ပြီးနောက် ညနေ ၅ နာရီဝန်းကျင်တွင် စစ်ကောင်စီမှ ဆောင်နန်းခဲကျေးရွာကို မီးရှို့ ခဲ့ကြောင်း ဖယ်ခုံမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။


“ဆောင်နန်းခဲကို သူတို့မီးရှို့လိုက်ပါပြီ။ တစ်ရွာလုံးကိုမီးရှို့ပစ်လိုက်တာပါ။ စိတ်မကောင်းပါဘူးဗျ။ စစ်ကောင်စီက သူတို့ ရည်ရွယ်ချက်ချက်ရှိရှိနဲ့ မီးရှို့လိုက်တာပါ” ဟု ဖယ်ခုံမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီမှ ဆောင်နန်းခဲရွာကို မီးရှို့ဖျက်စီး

ယခုလ ၁၂ ရက်တွင် စစ်ကောင်စီ တပ်ဖွဲ့မှ လေယာဉ်ဖြင့် ထိုးစစ်ဆင်ခဲ့သည့်အတွက် ဆောင်နန်းခဲကျေးရွာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထို့ကြောင့် စစ်ကောင်စီက ဆောင်နန်းခဲကျေးရွာကို မီးရှို့အချိန်တွင် ဒေသခံ ပြည်သူများက ရွာအတွင်းရှိမနေတော့ပေ။

ထိုရွာတွင်းရှိ  အိမ်ခြေ စုစုပေါင်း ၄၀ ကျော် ဝန်းကျင်ရှိကြောင်း သိရသည်။

“ သူတို့မီးလာရှို့ တဲ့အချိန်မှာ ရွာထဲကလူတွေ ဘယ်သူမှမရှိဘူး။ အဲ့ရွာကလူတွေက အကုန်လုံးထွက်ပြေး တိမ်းရှောင် နေကြပြီး။ သူတို့က ၁၂ ရက်နေ့ ကတည်းကထွက်ပြေးတိမ်းရှောင်နေကြတာ” ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။

ဆောင်နန်းခဲကျေးရွာ

အဆိုပါ ဒေသခံများသည် နီးစပ်ရာ မြို့နယ် နှင့် ဆွေမျိုးအိမ်တို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်းသိရသည်။

ထိုအပြင် ဆောင်နန်းခဲ ကျေးရွာကို မီးရှို့ ပြီးနောက် အနီးနားရှိသည့် ကျေးရွာများကိုလည်း စစ်ကောင်စီက မွှေနှောက်ရှာဖွေခဲ့ကြောင်းသိရသည်။


“တစ်ချို့က ပင်လောင်းကို ထွက်သွားတယ်။ တစ်ချို့ကလည်း အနီးနားရှိတဲ့ မြို့တွေဆီကို ထွက်သွားတယ်။ ဆွေမျိုးရှိတဲ့သူက ဆွေမျိုးအိမ်သွားကြတာ။ မနေ့က ဆောင်နန်းခဲကို မီးရှို့ ပြီးတော့ အနီးနားရှိတဲ့ ရွာတွေကို ဝင်ရောက်မွှေခဲ့သေးတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ယမန်နေ့ စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး  စစ်ကောင်စီက လူအင်အား၊ လက်နက်အင်အား၊ လေယာဉ်အင်အားဖြင့် ထိုးစစ်ဆင်လာခဲ့သဖြင့်  ဒေသအခြေစိုက် PDF တပ်ဖွဲ့ဝင်များက တပ်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

မေ ၁၂ ရက်တွင် သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ် ထီရိကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပအို၀်းပြည်သူ့စစ် (PNO) စခန်းကို ဒေသအခြေစိုက် PDF များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ဘက်မှ ၁၅ ဦး သေဆုံးခဲ့ပြီး ၅ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...