မိုးဗြဲမြို့တွင်း တိုက်ပွဲပြင်းထန် PDF တစ်ဦး ကျဆုံး
သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ ယနေ့ (ဖေဖော်ဝါရီ ၁၇) မနက်ပိုင်းတွင် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး PDF တပ်ဖွဲ့ဘက်မှ (၁) ဦး ကျဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဖေဖော်ဝါရီ ၁၇ ရက် မိုးဗြဲမြို့တွင် စစ်ကောင်စီ...
NCA ထိုးထားသည့် RCSSနှင့် PNLO ပဋိပက္ခကြား ငြိမ်းချမ်းစွာ ဖြေရှင်းမည်ဟုဆို
NCA လက်မှတ်ထိုးထားသည့် RCSS/SSA နှင့် PNLO/PNLA တိုက်ပွဲဖြစ်ပွားမှုအပေါ် ငြိမ်းချမ်းရေးကို ဦးတည်ပြီး ဖြေရှင်းမည်ဟု သတင်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၆) ရက် သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသအတွင်းတွင် NCA ထိုးထားသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်...
မိုင်းယော်စစ်ရှောင် (၆၀၀)နီးပါး နေရပ်ပြန်
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များ (၆၀၀) နီးပါး နေရပ်သို့ ပြန်သွားပြီးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ မိုင်းယော်တိုက်နယ် အတွင်း မြောက်ပိုင်းမဟာမိတ် နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်မှုကြောင့် ပန်သပြေကျေးရွာ ဒေသခံများ လွယ်စက်ကျေးရွာဒေသခံများ ထွက်ပြေးတိမ်းရှောင်လာပြီး မိုင်းယော်စျေးထဲသို့ လာရောက်နေထိုင်ကြကြောင်း စုံစမ်းသိရှိရသည်။ “မိုင်းယော်စျေးထဲ ရောက်လာတဲ့ စစ်ရှောင်တွေ...
သိန္နီမြို့နယ် စစ်ကောင်စီနှင့် MNDAAတိုက်ပွဲ စစ်ကောင်စီဘက်က ၈ဦးကျဆုံး
သိန္နီမြို့နယ် အတွင်း ဖေဖော်ဝါရီ ၁၃ရက် တွင် စစ်ကောင်စီနဲ့ ကိုးကန့်တပ်(MNDAA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် ၈ဦး ကျဆုံးခဲ့ကြောင်း MNDAAက ထုတ်ပြန်ထားသည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီ နှင့် MNDAA တပ်မဟာ ၂၁၁တပ်ဖွဲ့တို့ကြား ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီဘက်မှ ၈ဦးကျဆုံးကာ MNDAAဘက်မှ ရဲဘော် ၁ဦးလည်း...
မိုင်းယော်ဒေသ စစ်ရေးပြင်းထန် ဒေသခံ ရာချီထွက်ပြေး
သျှမ်းပြည်မြောက်ပိုင်း မိုင်းယော်တိုက်နယ် ပန်သပြေကျေးရွာအုပ်စု နှင့် လွိုင်စန့်ကျေးရွာ အုပ်စုတွင်းရှိ ဒေသခံများ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင် နေရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၁၃ ရက်)နေ့တွင် မြောက်ပိုင်းမဟာမိတ် နှင့် စစ်ကောင်စီတို့တိုက်ပွဲကြောင့် ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်တွင် ဒေသခံများ မိုင်းယော်တိုက်နယ် နှင့်...
ရပ်စောက်မြို့နယ် ကျောက်ဂူ အမျိုးသမီး ၂ဦး မိုင်းထိ ဒဏ်ရာပြင်းထန်
SHAN -
သျှမ်းပြည် တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူတိုက်နယ်အတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်က ဒေသခံ အမျိုးသမီး ၂ ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက် မွန်းလွဲ ၃ နာရီကျော်တွင် ကျောက်ဂူတိုက်နယ် နောင်ဝိုးကျေးရွာနှင့်...
ရပ်စောက်မြို့နယ်ရောက် ကျောက်မဲ စစ်ရှောင် (၅၀၀)ကျော် ထပ်မံထွက်ပြေးနေရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျိုင်းခမ်းတိုက်နယ်တွင် ရောက်ရှိနေသည့် သျှမ်းမြောက် ကျောက်မဲမြို့နယ်က စစ်ရှောင် (၅၀၀)ကျော် ထပ်မံထွက်ပြေးနေရကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ (၉)ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်ပွားသောကြောင့် ကျိုင်းခမ်းကျေးရွာအုပ်စုသို့ ရောက်ရှိနေသည့် ကျောက်မဲ စစ်ရှောင် (၅၆၀)ခန့်သည် ဟိုပုံးမြို့နယ် ဖာလိုင်းကျေးရွာရှိ ကျီတောဘုန်းကြီးကျောင်းသို့ ထပ်မံ ထွက်ပြေးရကြောင်း...
ရပ်စောက်မြို့နယ် တိုင်းရင်းသားလက်နက်ကိုင်ချင်း စစ်ရေး တင်းမာနေဆဲ
SHAN -
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့ နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း စစ်ရေးတင်းမာနေသေးသဖြင့် ကျိုင်းခမ်းဒေသခံများက တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်စိတ်ကြောင့် ကြိုတင် စစ်ရှောင်နေရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ (၉) ရက်တွင် ကျောက်ဂူကျေးရွာအနီး တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ကြီးသည် ပွဲရုံများကို ထိမှန်ခဲ့သဖြင့် မီးလောင်ပျက်စီးခဲ့ကြောင်း...
ဆီဆိုင်မြို့နယ်ရောက် ကရင်နီပြည်မှ စစ်ရှောင်များ စားနပ်ရိက္ခာလိုအပ်နေ
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်သို့ ရောက်ရှိခိုလှုံနေသည့် ကရင်နီပြည်မှ စစ်ဘေးရှောင်များ စားနပ်ရိက္ခာ လိုအပ်နေကြောင်း သတင်းရရှိသည်။ ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ရှောင်စခန်း၊ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ ဆိုက်ခေါင်စံပြကျေးရွာ၊ ရေဖြူကျေးရွာ၊ နောင်မွန်၊ ဘန်းယဉ်နှင့် အခြားနေရာတို့တွင် ကရင်နီပြည်မှ စစ်ဘေးရှောင်များ ရောက်ရှိခိုလှုံနေကြတာဖြစ်ပြီး နေ့စဉ်စားသောက်ရန် ဟင်းသီးဟင်းရွက်များ လိုအပ်နေတာဖြစ်ကြောင်း စစ်ရှောင်ကူညီသူများက...
ရပ်စောက်မြို့နယ် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဆက်လက် ပြင်းထန်နေ
SHAN -
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့ ကျောက်ဂူကျေးရွာအနီးတွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း သတင်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီလ ၉ ရက်) မနက် ၁၁ နာရီဝန်းကျင်မှ နေ့လည် ၁ နာရီအထိ သျှမ်းပြည် တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်းမှ ကျေးရွာများအထိ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲနှင့် သျှမ်းပြည်ပြန်လည်ထူထောင် ရေး ကောင်စီ၊...






