ကျောက်မဲမြို့နယ် စစ်ရှောင်ထဲ RCSS တပ်သားရှိသည့်ဟုဆိုကာ TNLA ဝင်ရောက်စစ်ဆေးမည်ဟု ခြိမ်းခြောက်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကောင်းမူးကျေးရွာတွင် နေထိုင်သည့် စစ်ရှောင်များကြားတွင် RCSS/SSA တပ်သားများရှိသည်ဟုဆိုကာ TNLA ဝင်ရောက်စစ်ဆေးမှု ကြမ်းနေကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ စစ်ဆေးမှုသည် လွန်ခဲ့သည့် ဇွန် (၁၃) ရက်နေ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ‌ကောင်းမူးကျေးရွာ အုပ်ချုပ်ရေးမှူးကို လာရောက်ခေါ်ဆောင်သွားပြီး ကျေးရွာအတွင်း RCSS တပ်ဖွဲ့ရှိသည်ဟုဆိုကာ လာရောက် ဝန်ခံခိုင်းကြောင်း၊ RCSS တပ်သားများကို လာမည့် ဇွန် ၁၇ ရက် တွင်လာရောက်ပို့ထားခိုင်းကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်မဲမြို့နယ်မှ စစ်ရှောင်စခန်း

“၁၃ ရက်နေ့ ညတုန်းက အုပ်ချုပ်ရေးမှူးကို သူတို့လာခေါ်သွားတယ်။ ကျနော်တို့ စစ်ရှောင်တွေကြားမှာ RCSS တပ်သားတွေရှိနေတယ်ဆိုပြီး သူတို့က သွားဝန်ခံခိုင်းတာ။ ပြီးတော့ အဲ့တပ်သားတွေကိုလည်း ၁၇ ရက်နေ့သွားပို့ ခိုင်းတာ။ မလာပို့ဘူးဆိုရင် သူတို့ရွာထဲမှာ ဝင်လာဖမ်းမယ်တဲ့” ဟု အမည်မဖော်လိုသည့် ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

RCSS တပ်သားများကို လာမည့် ဇွန် ၁၇ တွင် မပို့ဆောင်နိုင်ပါက ကျေးရွာအတွင်းသို့ TNLA တပ်သားများက ကိုယ်တိုင် လာရောက်ရှာဖွေမည်ဖြစ်ပြီး ကျန်ရှိနေသည့် စစ်ရှောင်များကိုလည်း ဖမ်းဆီးသွားမည်ဟု ခြိမ်းခြောက်ပြောဆိုသွားကြောင်း သိရသည်။

လက်ရှိ ကျေးရွာအတွင်းတွင် RCSS တပ်သားများ မရှိကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ သို့သော် သျှမ်းသံတော်ဆင့် သတင်းဌာနမှ RCSS တပ်သားရှိ ၊ မရှိကို အတည်မပြုနိုင်သေးပေ။

ကျောက်မဲမြို့နယ်မှ စစ်ရှောင်

“တကယ်လည်း ရွာထဲမှာ RCSS တပ်သားတွေက မရှိပါဘူး။ သူတို့က ရှိတယ်ပြောပြီးတော့ သွားပို့ခိုင်းနေတာ။ မပို့ပေးရင် သူတို့လာဖမ်းမယ်တဲ့။ ရွာထဲဝင်လာပြီးတော့ ကိုယ်တိုင်လာဖမ်းမယ်တဲ့။ အခုဆို ကျမတို့ ထွက်ပြေးနေရပြီ။ အထုတ်တွေပြင်နေပြီးတော့ ထွက်ပြေးရတော့မယ်” ဟု စစ်ရှောင် အမျိုးသမီးတစ်ဦး ကပြောပြသည်။

ကောင်းမူးကျေးရွာအတွင်းတွင် RCSS တပ်သားများရှိ၊ မရှိကြောင်းကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ၊ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက “ဖြေဆိုရန်အချက်လက်မရှိသေးကြောင်း“ ဟု သျှမ်းသံတော်ဆင့် သတင်းဌာနကို ပြောသည်။

အလားတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဗိုလ်မှူးမိုင်းအိုက်ကျော်ကို သျှမ်းသံတော်ဆင့်မှ အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဆက်သွယ်လို့မရရှိပေ။

လက်ရှိတွင် ကောင်းမူးကျေးရွာအတွင်းရှိနေသည့် စစ်ရှောင်များက မိမိအစီအစဉ်ဖြင့် နေရာသစ်ကို ထပ်မံထွက်ပြေးနေရကြောင်း သိရသည်။

“ကိုယ့်အစီစဉ်နဲ့ပဲ သွားနေကြတာပါ။ ကိုယ့်အထုတ်ကို ပြင်ပြီးတော့ပဲ သွားနေတာပါ။ကူညီတဲ့သူတွေလည်း မရှိပါဘူး” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ထိုစစ်ရှောင်များသည် ၂၀၂၁ ခုနှစ် RCSS နှင့် တပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ထွက်ပြေးလာခဲ့သည့် စစ်ရှောင်များဖြစ်ကြောင်း၊ စစ်ရှောင်များသည် ကောင်းမူးကျေးရွာတွင် ၄ လ ကြာ နေထိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...