စစ်ကောင်စီမှ ဖယ်ခုံမြို့ ဒေသခံအမျိုးသားများကို ဝမ်းလျားမှောက်အိပ်ခိုင်းပြီး စစ်ဆေး

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နှင့် ကရင်နီ နယ်စပ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်သားများသည် ဒေသခံအမျိုးသား ၁၅ ဦးခန့် ဝမ်းလျားမှောက်အိပ်ခိုင်းပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်တွင် ဖယ်ခုံမြို့ ဟိန္ဓမရပ်ကွက်ဘက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ သည် အိမ်ထဲရှိနေသည့် ပြည်သူအမျိုးသားများကို အပြင်ထွက်ခိုင်းကာ မြေကြီးဝမ်းလျား မှောက်ခိုင်းခဲ့ကြောင်း မြင်တွေ့ရသည့် အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ယောက်ျားတွေ ရှိတဲ့အိမ်တွေကို ဝင်စစ်ပြီး တွေ့တဲ့ ယောက်ျားတွေအကုန်လုံးကို အပြင်ထွက်ခိုင်းတယ်၊ ၁၅ ဦးလောက်တော့ရှိမယ်။ မြေကြီး ဒီလောက်ပူနေတာကို ဝမ်းလျားမှောက်ခိုင်းပြီး သူတို့မျက်နှာကို မကြည့်ရဘူးတဲ့၊ အဲ့ဒါ အသက်ကြီးငယ်မရွေး လုပ်ရတယ်၊ ပြီးတော့ စစ်တာ ခန္ဓာကိုယ်အနှံ့ပဲ” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ဖယ်ခုံမြို့နယ်ထဲက စစ်ကောင်စီ

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များသည် ပြည်သူများကို ဝမ်းလျားမှောက်ခိုင်းပြီး စစ်ဆေးနေစဥ် တွင်ပင် လမ်းမပေါ်သွားလာနေသည့် ပြည်သူများကိုလည်း ရပ်တန့်ခိုင်းကာ စုပြုံခိုင်းကာ သေနတ်များကို ရမ်းသမ်းပစ်ခတ်နေသည့် စစ်ကောင်စီများလည်း ရှိနေကြောင်း သိရသည်။

ယင်းဖြစ်စဥ်များနှင့် ပက်သက်ပြီး ဒေသအတွင်း လှုပ်ရှားနေသည့် KNDF – BO/03 တပ်ဖွဲ့နှင့် ဆက်သွယ်မေးမြန်းရာ အမျိုးသားရှိသည့် နေအိမ်များကို စစ်ကောင်စီတို့မှ ဦးတည် နှိပ်စစ်နေကြောင်း ပြန်ကြားရေး တာဝန်ခံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ဖမ်းသည်ဖြစ်စေ မဖမ်းသည် ဖြစ်စေ ယောက်ျားလေးတွေအကုန်လုံးကို အဲ့လိုဝမ်းလျားမှောက်ခိုင်းပြီး မော့မကြည့်နဲ့ ဘာညာအဲ့လိုမျိုးတွေ ပြောကြတာပေါ့ဗျာ၊ မော့ကြည့်တာဖြစ်ဖြစ် မြေကြီးကပူလို့ လှုပ်တာပဲ ဖြစ်ဖြစ် ခြေထောက်တွေနဲ့ ကန်တာပဲ” ဟု KNDF – BO/03မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

လက်ရှိတွင် ဖယ်ခုံမြို့နယ်ထဲမှ ရှောင်တိမ်းခြင်းမပြုသေးသည့် ဖယ်ခုံမြို့ အရှေ့ဘက်ကမ်း နှင့် ဆင်ဖြူကျေးရွာ၊ ၄၂၂ တပ်နှင့် နီးသည့်ဆောင်ကန်းရွာတို့သည် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သည့် အနေအထားရှိနေကြောင်း လည်းသိရသည်။

စစ်ကောင်စီတို့သည် ၎င်းတို့ အထိနာ ကျရှုံးခဲ့ရသည့် ဖယ်ခုံမြို့နယ် ညောင်ဝိုင်းတိုက်ပွဲအပြီး ဖယ်ခုံမြို့အတွင်း စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်နေသည့် အပြင် ပြည်သူများကို ညှင်းပန်းနှိပ်စက်မှုများလည်း ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...