ကွတ်ခိုင်စစ်ရှောင်စခန်းထဲ လက်နက်ကြီးကျ သုံးဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့က စစ်ရှောင်စခန်းကို လက်နက်ကြီးကျ ပေါက်ကွဲသည့်အတွက် စစ်ရှောင် ပြည်သူသုံးဦး သေဆုံးခဲ့ရပြီး တစ်ဦးထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း စုံစမ်းသိရသည်။

ဇွပ်အောင် စစ်ရှောင်စခန်း လက်နက်ကြီးကျ

ယနေ့ (ဇွန် ၁၇ )ရက် နံနက် ၁၁ နာရီခွဲ ဝန်းကျင်တွင် ကွတ်ခိုင်မြို့အနီးပတ်ဝန်းကျင်မှ ပစ်ခတ်သံ များ ထွက်ပေါ်လာပြီးနောက်တွင် ဇွပ်အောင်စစ်ရှောင်စခန်းသို့ လက်နက်ကြီးကျရောက်ခဲ့ကြောင်း စစ်ရှောင်စခန်းမှ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဇွပ်အောင် စစ်ရှောင်စခန်းမှာ လက်နက်ကြီးကျတာပါ၊ ဒီစစ်ရှောင်စခန်းအနီးမှာ တိုက်ပွဲဖြစ်တာတော့ မဟုတ် ဘူး၊ စစ်ကောင်စီက သူတို့လက်နက်ကြီးနဲ့ လှမ်းပစ်လိုက်တာ လက်နက်ကြီး နှစ်လုံးကျပါတယ်၊ ကျနော်တို့ ပြည် သူသုံးဦး သေသွားတယ်၊ တစ်ယောက် ကတော့ စိုးရိမ်ရတဲ့ အခြေအနေနဲ့ ဒဏ်ရာရထားပါတယ်” ဟု ဇွပ်အောင် စစ်ရှောင်စခန်းမှ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဇွပ်အောင် စစ်ရှောင်စခန်းထဲ လက်နက်ကြီးကျချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းသည့် အပြင်လမ်းခရီးကလည်း ခက်ခဲကြမ်းတမ်းသည့် အတွက် ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးကို ဆေးရုံပို့ဆောင်ရန်ခက်ခဲနေကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

ဇွပ်အောင် စစ်ရှောင်စခန်းတွင် မှီတင်းနေထိုင်ကြသည့် ပြည်သူပေါင်း ၁၀၀၀ ကျော် နေထိုင်လျက်ရှိပြီး ယခုကဲ့သို့ လက်နက်ကြီးကျ တိုက်ပွဲဒဏ်ခံနေရသော်လည်း တခြားနေရာကို ပြောင်း ရွှေ့နေထိုင်ရန် ခက်ခဲနေကြောင်းလည်း သိရသည်။

“မိုးကလည်းကြီးနေတယ်၊ ဒီလိုလက်နက်ကြီးပါကျတယ်ဆိုတော့ သွားလာဖို့လည်း ခက်ခဲနေတယ်၊ ရုတ်တရက် ရွှေ့ပြောင်းဖို့ ဆိုတာက ကျနော်တို့ တည်းဖို့ခိုဖို့ နေရာမရှိဘူးလေ၊ ပြီးတော့ လမ်းမလျှောက်တတ် သေးတဲ့ ကလေးတွေလည်း များတယ်၊ အဲ့ကြောင့် သွားလာဖို့လည်းအရမ်းခက်ခဲ နေပါတယ်” ဟု ၎င်းက ပြောသည်။

ဇွပ်အောင် စစ်ရှောင်စခန်းသည် လွန်ခဲ့သည့် ၂၀၁၂ခုနစ် တွင် မြန်မာ့တပ်မတော် နှင့် ကချင်လွတ်မြောက်ရေး တပ်မေတာ် (KIA)တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ရှောင်လာသည့် သူများဖြစ်ကြသည်။

ယခုရက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲမကြာခဏ ဖြစ်ပွားလေ့ရှိသည့်အတွက် စစ်ကောင်စီ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အားလုံးကို ပြည်သူလူထုနေထိုင်မှု မရှိသည့် နေရာများ၌ သွားရောက်ပစ်ခတ်ကြရန် တောင်ဆိုလိုကြောင်းလည်း ဒေသခံများက ပြောသည်။

ယနေ့ နံနက်ပိုင်းတွင်လည်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့နှင့် KIA တို့က တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲဖြစ်စဥ်နှင့် ပက်သက်ပြီး KIAကို ဆက်သွယ်မေးမြန်းရာ ယနေ့ တိုက်ပွဲဖြစ်စဥ်မသိရသေးကြောင်းနှင့် စစ်ကောင်စီတို့ကြောင့် စစ်ရှောင်နေရာ လက်နက်ကြီး ထိမှန်ကြောင်း မှန်ကန်ပါက စစ်စည်းကမ်းကို ချိုးဖောက် ရာရောက်ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တိုက်ပွဲဖြစ်တယ်ဆိုတာလောက်တော့ ကျနော်သိပါတယ်၊ ဒါပေမဲ့အသေးစိတ် ဖြစ်စဥ်တော့ မသိရသေးဘူး၊ ဒါပေမဲ့ စစ်သားနဲ့ တပ်မတော်ဆိုတာ ပြည်သူတွေကို ကူညီစောင့်ရှောက်ပေးရမဲ့ သူတွေဖြစ်တယ်၊ ပြည်သူလူထုရှိ တဲ့ စစ်ရှောင်ရှိတဲ့ ဘက်ကို လက်နက်ကြီး နဲ့ လှမ်းပစ်တယ်ဆိုတာက စစ်ရာဇဝတ်မှု မြောက်ပါတယ်” ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ထို့အပြင် ယမန်နေ့ ဇွန်လ ၁၆ ရက်နေ့ ကုန်ချမ်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ကျရောက်ရာ ရွာခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး။ ယင်းနေ့ နံနက် ၁ နာရီကျော်တွင်လည်း နမ့်ဖတ်ကာ အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း (၁၂၃)က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...