မိုးဗြဲမြို့အနီး စစ်ကောင်စီ နှင့် PDF စစ်ရေးတင်းမာ ပြည်သူများတိုက်ပွဲထပ်ဖြစ်မှာ စိုးရိမ်

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ အတွင်း စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ယနေ့ချိန်ထိ စစ်ရေးတင်းမာမှုရှိနေသဖြင့် ပြည်သူများ စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။

ဇွန် ၇ ရက် တွင်လည်း မိုးဗြဲမြို့အတွင်းရှိ ကျေးရွာသို့ စစ်ကောင်စီ တပ်သားများရုတ်တရက် ရောက်ရှိလာပြီး PDF နှင့် တိုက်ပွဲဖြစ်ပွားကာ အရပ်သား အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး၊ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတို့သည် ကြိုတင်အကြောင်းကြားမှု မရှိပဲ ကျေးရွာအတွင်းသို့ စစ်ကြောင်းဖြင့် ဝင်ရောက်ရှိလာသဖြင့် ပြည်သူများပြင်ဆင် ရှောင်တိမ်းချိန် မရကြောင်း အဆိုပါ တိုက်ပွဲအတွင်းမှ ရှောင်တိမ်းမှု မပြုလုပ်နိုင်ခဲ့သည့် အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မသိလို့ မရှောင်ဖြစ်လိုက်ရဘူး၊ စစ်ကောင်စီ စစ်ကြောင်းကို အုပ်လိုက်ကြီး ထွက်ကြည့်ကြတဲ့သူရှိတယ်၊ ဒါပေမယ့် ရွာကို လွန်သွားပြီး ခနကြာမှာ တိုက်ပွဲစဖြစ်တယ်၊ အဲ့ကနေ လက်နက်ကြီးလက်နက်ငယ်တွေ ပစ်ကြတာပဲ၊ အဲ့ခါ ကျမှ အိုးအိမ်တွေ မပျက်စီးအောင်၊ အသက်ဘေးလွတ်အောင် ဆုတောင်းရုံမှ တပါး ဘာမှ မလုပ်နိုင်ခဲ့ဘူး” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

လက်ရှိမှာလည်း မိုးဗြဲပြည်သူတချို့သည် စစ်ဘေးမရှောင်ကြဘဲ မိမိနေအိမ်တွင်သာ နေထိုင်နေကြကြောင်း၊ တိုက်ပွဲ များဖြစ်ပွားလာမည်ကို စိုးရိမ်ကြောင်း ၎င်းအမျိုးသမီးက ဆိုသည်။

မိုးဗြဲမြို့အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ပိတ်မိနေသည့် ပြည်သူများ ရှိနေသည့်အတွက် တိုက်ပွဲအရှိန်ကို လျှော့ချခြင်းဖြစ်ကြောင်း ဒေသအတွင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိတွေ့တိုက်ပွဲမှု မဖြစ်ပွားခင်တွင် ဆောင်ကန်းကျေးရွာ နှင့် အရှေ့ဘက်ကမ်းမှ ကျေးရွာများ အချိန်မှီ ရှောင်တိမ်းနိုင်ခဲ့သော်လည်း ဘီကင်း နှင့် ခေါခူကျေးရွာဘက်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့ခြင်း မရှိကြောင်း ၎င်းက ပြောသည်။

“ဇွန်၇ ရက် တိုက်ပွဲမှာ စစ်ကောင်စီတွေ စနက်ပါထိပြီး အနည်းဆုံး ၁၀ ဦးသေတယ်။ ကျနော်တို့ ရဲဘော်တစ်ဦး ခြေထောက်မှာ ဒဏ်ရာရပါတယ်၊ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေက ပြည်သူ့အကျိုးကိုကြည့်ပြီး တိုက်ပွဲအရှိန်ကို လျှော့ခဲ့ပါတယ်” ဟု အထက်ပါ PDF တပ်ဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီ တပ်ဖွဲ့တို့သည် ကုန်းသာတောင်ပေါ်ဘုရားမှ ဆင်းလာခြင်းဖြစ်ပြီး ဆောင်ကန်းကျေးရွာမှ စတင်ကာ မိုးဗြဲမြို့ ညောင်ဝိုင်းဘက် အထိ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ နှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့သည် ခုခံစစ်မှ တန်ပြန် တိုက်ခိုက်မှု ထိုးစစ်ဆင်နိုင် သည်အထိ အသာစီးရရှိခဲ့ပြီး စနက်ပါ သေနတ်များဖြင့် စစ်ကောင်စီ တပ်သား အယောက် ၁၀ ဦးကျော်ကိုလည်း သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အထိနာခဲ့သည့် စစ်ကောင်စီတပ်သားများသည် ပြည်သူများ၏ နေအိမ်များကို ဖျက်ဆီးခြင်း၊ နေအိမ်တံခါး နှင့် တခါးပေါက်များကို ဖျက်ဆီးကာ နေအိမ်အတွင်း နေရာယူခြင်းများလည်း ရှိခဲ့ကြောင်း သတင်းသိရသည်။




Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...