မိုးဗြဲမြို့နယ်အတွင်း ပြည်သူတစ်ဦး လက်နက်ကြီးထိ သေဆုံး၊နှစ်ဦးဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့တို့မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေမှုများကြောင့် အရပ်သားတစ်ဦးထိခိုက်သေဆုံးပြီး၊ နှစ်ဦးဒဏ်ရာ ရရှိကြောင်း သတင်းသိရသည်။

ယနေ့ (ဇွန် ၇ ) ရက် နံနက် ၇ နာရီခွဲဝန်းကျင်မှ စတင်ခဲ့သည့် စစ်ကောင်စီတို့၏ ရမ်းသမ်းပစ်ခတ်မှု ကြောင့် မိုးဗြဲဈေးကုန်းရပ်ကွက်မှ အမျိုးသား တစ်ဦးသေဆုံးခဲ့ပြီး၊ နှစ်ဦးဒဏ်ရာရရှိကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူထိခိုက်ဒဏ်

“တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရပါတယ်၊ သေဆုံးတဲ့သူတစ်ဦးက အမျိုးသားပါ။ ဈေးကုန်းရပ်ကွက်ကပါ၊ လက်နက်ကြီးတွေကို ရမ်းပစ်နေကြလို့ လက်ရှိအချိန်ထိ လုံခြုံတဲ့နေရာမရှိပါဘူး၊ ပစ်ခတ်မှုတွေလည်း ဆက်ဖြစ်နေသေးတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့တို့သည် ညောင်ဝိုင်းရပ်ကွက်မှ စတင်ကာ ပြည်သူ့နေအိမ်များဘက်သို့ ဦးတည် ချက်မရှိ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည့်အတွက် ပြည်သူများ ထွက်ပြေးတိမ်းရှာင်ရန် ပစ္စည်းထုပ်ပိုးမှုများ ပြင်ဆင်နေကြောင်းသိရသည်။

“တချို့ကတော့ ထွက်ပြေးတိမ်းရှောင်ဖို့ ပြင်နေကြပြီ၊ အခုထိတော့ ဘယ်သူမှ မထွက်သေးဘူး၊ ပစ်ခတ်မှုက နေရာတိုင်းကနေ လာတယ်၊ PDF ဘက်ကလည်း ပြည်သူတွေ အတတ်နိုင်ဆုံး လုံခြုံအောင် နေကြဖို့ သတိပေး ထုတ်ပြန် ထားပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောသည်။

စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူအိုးအိမ်ပိုင်ပစ္စည်း ပျက်ဆီး

ထိုဖြစ်စဥ်များနှင့် ပက်သက်ပြီး ဒေသအတွင်းလှုပ်ရှားနေသည့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ နှင့် ဆက်သွယ်မေးမြန်းရာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း နှင့် လက်ရှိအချိန်တွင် အသေးစိတ်အခြေအနေများ ပြောပြရန် အဆင်မပြေကြောင်း သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ထိတွေ့တိုက်ပွဲ ဖြစ်နေတာပါ၊ မြေပြင်မှာတိုက်ပွဲက ဆက်လက်ဖြစ်နေသေးတာမို့ အခြေအနေတွေကိုတော့ ထုတ်ပြန်ဖို့ အဆင်သင့်မဖြစ်သေးပါဘူး၊ ကျနော်တို့ အနေနဲ့ပြောချင်တာက ပြည်သူတွေ အတတ်နိုင်ဆုံး လုံခြုံ အောင်နေပေးကြပါ” ဟု ဒေသအတွင်းမှ PDF တပ်ဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Mobye Rescue Team ကလည်း ပြည်သူများ နေအိမ်အပြင် မထွက်ရန် နှင့် လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိပါက ဆက်သွယ်ကြရန်လည်း တိုက်တွန်းပြောဆိုထားသည်။

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တို့သည် ဖယ်ခုံမြို့၊ လွိုင်ကော်မြို့ နှင့် ဒီးမော့ဆိုမြို့တိုတွင်လည်း စစ်ကြောင်းထိုး ချီတက်မှုများ ရှိနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...