Wednesday, January 28, 2026

မိုးဗြဲမြို့နယ်အတွင်း ပြည်သူတစ်ဦး လက်နက်ကြီးထိ သေဆုံး၊နှစ်ဦးဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့တို့မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေမှုများကြောင့် အရပ်သားတစ်ဦးထိခိုက်သေဆုံးပြီး၊ နှစ်ဦးဒဏ်ရာ ရရှိကြောင်း သတင်းသိရသည်။

ယနေ့ (ဇွန် ၇ ) ရက် နံနက် ၇ နာရီခွဲဝန်းကျင်မှ စတင်ခဲ့သည့် စစ်ကောင်စီတို့၏ ရမ်းသမ်းပစ်ခတ်မှု ကြောင့် မိုးဗြဲဈေးကုန်းရပ်ကွက်မှ အမျိုးသား တစ်ဦးသေဆုံးခဲ့ပြီး၊ နှစ်ဦးဒဏ်ရာရရှိကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူထိခိုက်ဒဏ်

“တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရပါတယ်၊ သေဆုံးတဲ့သူတစ်ဦးက အမျိုးသားပါ။ ဈေးကုန်းရပ်ကွက်ကပါ၊ လက်နက်ကြီးတွေကို ရမ်းပစ်နေကြလို့ လက်ရှိအချိန်ထိ လုံခြုံတဲ့နေရာမရှိပါဘူး၊ ပစ်ခတ်မှုတွေလည်း ဆက်ဖြစ်နေသေးတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့တို့သည် ညောင်ဝိုင်းရပ်ကွက်မှ စတင်ကာ ပြည်သူ့နေအိမ်များဘက်သို့ ဦးတည် ချက်မရှိ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည့်အတွက် ပြည်သူများ ထွက်ပြေးတိမ်းရှာင်ရန် ပစ္စည်းထုပ်ပိုးမှုများ ပြင်ဆင်နေကြောင်းသိရသည်။

“တချို့ကတော့ ထွက်ပြေးတိမ်းရှောင်ဖို့ ပြင်နေကြပြီ၊ အခုထိတော့ ဘယ်သူမှ မထွက်သေးဘူး၊ ပစ်ခတ်မှုက နေရာတိုင်းကနေ လာတယ်၊ PDF ဘက်ကလည်း ပြည်သူတွေ အတတ်နိုင်ဆုံး လုံခြုံအောင် နေကြဖို့ သတိပေး ထုတ်ပြန် ထားပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောသည်။

စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူအိုးအိမ်ပိုင်ပစ္စည်း ပျက်ဆီး

ထိုဖြစ်စဥ်များနှင့် ပက်သက်ပြီး ဒေသအတွင်းလှုပ်ရှားနေသည့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ နှင့် ဆက်သွယ်မေးမြန်းရာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း နှင့် လက်ရှိအချိန်တွင် အသေးစိတ်အခြေအနေများ ပြောပြရန် အဆင်မပြေကြောင်း သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ထိတွေ့တိုက်ပွဲ ဖြစ်နေတာပါ၊ မြေပြင်မှာတိုက်ပွဲက ဆက်လက်ဖြစ်နေသေးတာမို့ အခြေအနေတွေကိုတော့ ထုတ်ပြန်ဖို့ အဆင်သင့်မဖြစ်သေးပါဘူး၊ ကျနော်တို့ အနေနဲ့ပြောချင်တာက ပြည်သူတွေ အတတ်နိုင်ဆုံး လုံခြုံ အောင်နေပေးကြပါ” ဟု ဒေသအတွင်းမှ PDF တပ်ဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Mobye Rescue Team ကလည်း ပြည်သူများ နေအိမ်အပြင် မထွက်ရန် နှင့် လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိပါက ဆက်သွယ်ကြရန်လည်း တိုက်တွန်းပြောဆိုထားသည်။

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တို့သည် ဖယ်ခုံမြို့၊ လွိုင်ကော်မြို့ နှင့် ဒီးမော့ဆိုမြို့တိုတွင်လည်း စစ်ကြောင်းထိုး ချီတက်မှုများ ရှိနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...