Tuesday, January 27, 2026

ဆီဆိုင်မြို့နယ် ဒေသခံများ PNO နှင့် PDF တို့ကြား နေထိုင်ရ ခက်ခဲနေ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဒေသခံများက စစ်ကောင်စီ လက်အောက်ခံ PNO နှင့် PDF တို့ကြား နေထိုင်ရတာ ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။

ယခုရက်ပိုင်း PNO တပ်ဖွဲ့က ဆီဆိုင်မြို့နယ်အတွင်း လာမည့် ဇွန် ၂၇ ရက်နေ့တွင် နောက်ဆုံးထားကာ တပ်သားသစ်ကောက်ယူနေပြီး၊ တစ်ဖက်မှာလည်း PNO တပ်ထဲ ဝင်သွားပါက PDF တို့လာရောက် တိုက်ခိုက်မှာကို ဒေသခံများက စိုးရိမ်ပူပန်နေကြောင်း သိရသည်။

“ တကယ်လို့ ကျနော်တို့က PNO တပ်ဖွဲ့ကို လူကော ၊ ငွေကောသွားပေးရင် ကျနော်တို့က ကိုယ့်ရန်သူကို အားပေးနေသလိုဖြစ်မယ်။ တကယ်လို့ မသွားပေးတော့လည်း ကျနော်တို့က သူတို့ထိန်းချုပ်နယ်မြေထဲနေတယ်။ သူတို့ တစ်ခုခုလာလုပ်မှာလည်း ကြောက်ရတယ်။ သွားထည့်တော့လည်း တပ်ဖက်မှာ PDF တွေကို ကြောက်ရပြန်တယ်။ လက်ရှိအခြေနေက တပ်သားသစ်သွားပေးလည်းကြောက်ရတယ်။ မပေးလည်း ကြောက်နေရတယ်” ဟု ဆီဆိုင်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

PNO မှ အစည်းအဝေးလုပ်စဥ်

PNO တပ်ဖွဲ့မှာ ဆီဆိုင်မြို့နယ်အတွင်းတွင် တစ်အိမ်ကို ငွေကျပ် (၃) သောင်း၊ ဆန် (၁)ပြည် နှင့် PNO ပြည်သူ့စစ်တပ်ဖွဲ့ထဲဝင်ရန် တစ်ရွာလျှင် လူငယ် အယောက် (၂၀) ဆီတောင်းထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သည် ဆီဆိုင်မြို့ပေါ်ရှိ လူငယ်များအတွက် ပထမဆုံး ကြုံတွေ့ရသော ဖြစ်စဉ်ဖြစ်သည်ဟု ဆီဆိုင်မြို့ ဒေသခံ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

“တကယ်လို့ ဖြစ်နိုင်ရင် သူတို့ကို ဆန်၊ ပိုက်ဆံ နဲ့ လူကော သွားမပေးချင်ဘူး။ ဒီဆီဆိုင်မှာ ဒီလိုဖြစ်စဉ်တစ်ခါ မှ မရှိဖူးဘူး။ ဒါက ကျနော်တို့ လူငယ်အတွက်တော့ ပထမဆုံး ကြုံတွေ့ရတဲ့ အဖြစ်ပျက်ပဲ။ တကယ်လို့ PNO နား တပ်သားသစ်တွေ၊ ပိုက်ဆံတွေသွားပေးရင် ကျနော်တို့ ရန်သူကို သွားအားပေးနေသလိုဖြစ်တယ်” ဟု ဆီဆိုမြို့ ဒေသခံ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့သည့် မေလ မှစပြီး ပအိုဝ်းပြည်သူ့စစ် PNO မှ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ် နှင့် တောင်ကြီးမြို့နယ်အထိ တပ်သားသစ် နှင့် ငွေကြေးများကို ကောက်ယူနေလျက်ရှိကြောင်းသိရသည်။

ထိုသို့ ကောက်ယူနေခြင်းသည် လက်ရှိ အာဏာသိမ်းထားသည့် စစ်ကောင်စီက လုံခြုံရေးယူပေးရန်အတွက် ကောက်ခံနေသည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

0
သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင် တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားများရောက်ရှိလာခဲ့သည်။ ထိုစစ်ကော်မရှင် တပ်သားနှင့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...