ဆီဆိုင်မြို့နယ် ဒေသခံများ PNO နှင့် PDF တို့ကြား နေထိုင်ရ ခက်ခဲနေ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဒေသခံများက စစ်ကောင်စီ လက်အောက်ခံ PNO နှင့် PDF တို့ကြား နေထိုင်ရတာ ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။

ယခုရက်ပိုင်း PNO တပ်ဖွဲ့က ဆီဆိုင်မြို့နယ်အတွင်း လာမည့် ဇွန် ၂၇ ရက်နေ့တွင် နောက်ဆုံးထားကာ တပ်သားသစ်ကောက်ယူနေပြီး၊ တစ်ဖက်မှာလည်း PNO တပ်ထဲ ဝင်သွားပါက PDF တို့လာရောက် တိုက်ခိုက်မှာကို ဒေသခံများက စိုးရိမ်ပူပန်နေကြောင်း သိရသည်။

“ တကယ်လို့ ကျနော်တို့က PNO တပ်ဖွဲ့ကို လူကော ၊ ငွေကောသွားပေးရင် ကျနော်တို့က ကိုယ့်ရန်သူကို အားပေးနေသလိုဖြစ်မယ်။ တကယ်လို့ မသွားပေးတော့လည်း ကျနော်တို့က သူတို့ထိန်းချုပ်နယ်မြေထဲနေတယ်။ သူတို့ တစ်ခုခုလာလုပ်မှာလည်း ကြောက်ရတယ်။ သွားထည့်တော့လည်း တပ်ဖက်မှာ PDF တွေကို ကြောက်ရပြန်တယ်။ လက်ရှိအခြေနေက တပ်သားသစ်သွားပေးလည်းကြောက်ရတယ်။ မပေးလည်း ကြောက်နေရတယ်” ဟု ဆီဆိုင်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

PNO မှ အစည်းအဝေးလုပ်စဥ်

PNO တပ်ဖွဲ့မှာ ဆီဆိုင်မြို့နယ်အတွင်းတွင် တစ်အိမ်ကို ငွေကျပ် (၃) သောင်း၊ ဆန် (၁)ပြည် နှင့် PNO ပြည်သူ့စစ်တပ်ဖွဲ့ထဲဝင်ရန် တစ်ရွာလျှင် လူငယ် အယောက် (၂၀) ဆီတောင်းထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သည် ဆီဆိုင်မြို့ပေါ်ရှိ လူငယ်များအတွက် ပထမဆုံး ကြုံတွေ့ရသော ဖြစ်စဉ်ဖြစ်သည်ဟု ဆီဆိုင်မြို့ ဒေသခံ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

“တကယ်လို့ ဖြစ်နိုင်ရင် သူတို့ကို ဆန်၊ ပိုက်ဆံ နဲ့ လူကော သွားမပေးချင်ဘူး။ ဒီဆီဆိုင်မှာ ဒီလိုဖြစ်စဉ်တစ်ခါ မှ မရှိဖူးဘူး။ ဒါက ကျနော်တို့ လူငယ်အတွက်တော့ ပထမဆုံး ကြုံတွေ့ရတဲ့ အဖြစ်ပျက်ပဲ။ တကယ်လို့ PNO နား တပ်သားသစ်တွေ၊ ပိုက်ဆံတွေသွားပေးရင် ကျနော်တို့ ရန်သူကို သွားအားပေးနေသလိုဖြစ်တယ်” ဟု ဆီဆိုမြို့ ဒေသခံ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့သည့် မေလ မှစပြီး ပအိုဝ်းပြည်သူ့စစ် PNO မှ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ် နှင့် တောင်ကြီးမြို့နယ်အထိ တပ်သားသစ် နှင့် ငွေကြေးများကို ကောက်ယူနေလျက်ရှိကြောင်းသိရသည်။

ထိုသို့ ကောက်ယူနေခြင်းသည် လက်ရှိ အာဏာသိမ်းထားသည့် စစ်ကောင်စီက လုံခြုံရေးယူပေးရန်အတွက် ကောက်ခံနေသည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...