အောင်ပန်း နှင့် ညောင်ရွှေ သေနတ်ပစ်ခတ်သံများ ဆက်တိုက်ကြားရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် အောင်ပန်းမြို့ နှင့် ညောင်ရွှေမြို့များတွင် ညအချိန် သေနတ်ပစ်ခတ်သံများ ဆက်တိုက် ကြားနေရကြောင်း သတင်းသိရသည်။


ယမန်နေ့ ဇွန်လ ၇ ရက်နေ့  ည ၉ နာရီဝန်းကျင်အချိန်တွင် အောင်ပန်းမြို့ အမှတ် ၄ ရပ်ကွက် နှင့် အမှတ် ၃ ရပ်ကွက် လမ်းဆုံရှိ ကမ္ဘောဇဘဏ်လမ်းတောင့်ဘက်မှ သေနတ်ပစ်ခတ်သံများ ထွက်ပေါ်လာကြောင်း ဒေသခံများထံမှ သိရသည်။


“မနေ့က သေနတ်သံ ငါးချက်၊ ခြောက်ချက်လောက် ဆက်တိုက်ထွက်လာတယ်၊ ကမ္ဘောဇဘဏ်ဘက်မှာပေါ့၊ အဲ့အနီးမှာ စစ်ကောင်စီတွေက ည ၇ နာရီကျော် ၈ နာရီလောက်ဆိုရောက်လာပြီး လမ်းမပေါ်ရှိတဲ့သူတွေကို ရစ်တာ ပိုက်ဆံတောင်းတာတွေ လုပ်နေတာပေါ့၊ မနေ့က ကားတားတာ မရပ်လို့ ပစ်လိုက်တာလို့လည်း ကြားရတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အောင်ပန်းမြို့

အောင်ပန်းမြို့ပေါ်တွင် စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ည ၈ နာရီနောက်ပိုင်း ပြည်သူများ အပြင်မထွက်ကြရန် ညွှန်ကြားထားပြီး စစ်ကောင်စီတပ်ဖွဲ့တို့မှလည်း ည ၈ နာရီဝန်းကျင်တွင် မြို့တွင်း လမ်းဆုံ လမ်းခွ နှင့် မြို့ပြင် ယာဥ်များဖြတ်သန်းသွားလာမှုများသည့် နေရာများတွင် စောင့်ဆိုင်းနေကြောင်း သိရသည်။


ထို့အတူ ယမန်နေ့ ဇွန်လ ၇ ရက် ညပိုင်းတွင် ညောင်ရွှေမြို့ရှိ ရဲစခန်းဘက်မှလည်း သေနတ်သံ လေးချက် ဆက်တိုက် ကြားရကြောင်း ဒေသခံများထံမှ သတင်းသိရသည်။


“ဘာကြောင့်ရယ်လို့တော့ မသိဘူး၊ ပစ်ခတ်သံတွေတော့ လေးချက်ဆက်တိုက်ကြားရတယ်၊ သေနတ်သံပေါ့၊ ကြားနေကြမဟုတ်တော့ လန့်သွားပါတယ်၊ ဒီမနက်ရောက်တော့ အားလုံးက ပုံမှန်အတိုင်းပဲ” ဟု အထက်ပါ ညောင်ရွှေမြို့မှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။


စစ်ကောင်စီမှ နိုင်ငံတော်အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် ပြည်သူများ အပြင်ထွက် သွားလာခွင့် ပိတ်ပင် တားဆီးမှု အမျိုးမျိုး ပြုလုပ်သည့်အပြင် အပြင်ထွက်ကန့်သတ်ထားသည့် အချိန်ကာလအတွင်း ပစ်ခတ်သံများ မကြာခဏ ကြားရလေ့ရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

 
ထို့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်ပိုင်း အပါအဝင် နိုင်ငံတဝန်းလုံး၌ ခိုးဆိုးလုနှိုက် မှုများ ပေါ်ပေါ်တင်တင်ဖြစ်ပွားလာနေသော်လည်း ဖမ်းဆီးအရေးယူခြင်းမရှိသည့် ရဲတပ်ဖွဲ့နှင့် လုံခြုံရေး တပ်ဖွဲ့ များကို ပြည်သူတို့က ပြစ်တင်ဝေဖန်နေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...