ဖယ်ခုံမြို့နယ် လွယ်ပန်းစုံကျေးရွာ လက်နက်ကြီးကျ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် လွယ်ပန်းစုံကျေးရွာ (ရေလယ်ကျွန်း) တွင် စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်သဖြင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မေ ၁၇)ရက်  ည ၁၁ နာရီဝန်းကျင်တွင် စစ်ကောင်စီမှ လွယ်ပန်းစုံကျေးရွာထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဘုန်းကြီးကျောင်းတွင်နေထိုင်သည့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖယ်ခုံမြို့နယ် PDF အဖွဲ့၀င်တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

လက်နက်ကြီးထိမှန်သူ

“ လက်နက်ကြီးတွေနဲ့ ပစ်တာ။ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ လူနေအိမ်တွေပေါ် ကျရောက်ပြီးတော့ ပေါက်ကွဲတာ။ ဘုန်းကြီးကျောင်းမှာ အိပ်နေတဲ့သူ ၂ ယောက် လက်နက်ကြီးစထိမှန်သွားခဲ့တယ်။ ဒဏ်ရာအခြေနေတော့ ဘယ်လိုရှိလဲ မသိရသေးဘူး” ဟု ၎င်း က ဆိုသည်။

ထိုလွယ်ပန်းစုံကျေးရွာသည် ရေ၏အလယ်တွင်တည်ရှိသဖြင့် ရေလယ်ကျွန်း ဟုလည်းခေါ်၀ေါ်သည့် ကျေးရွာဖြစ်သည်။

လက်နက်ကြီးထိမှန်ပြီး ပြည်သူနေအိမ်ပျက်စီး

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ဖယ်ခုံမြို့နယ် PDF တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် တစ်ချို့ဒေသမှ ထွက်ပြေးလာသည့် စစ်ရှောင်များသည် ထိုရေလယ်ကျွန်းတွင် လာရောက်နေထိုင်ခဲ့ပြီး၊ ယနေ့ မနက်ပိုင်းတွင် ထိုကျေးရွာအတွင်း လက်နက်ကြီးကျသဖြင့် စစ်ရှောင်များ တခြားနေရာသို့ထပ်မံထွက်ပြေး တိမ်းရှောင်ရကြောင်းသိရသည်။

“အခုတော့ ရွာကလူတွေ ထွက်ပြေးသွားကြပြီ။ အဲ့ရွာက ရေအလယ်မှာရှိတာ။ ထွက်ပြေးဖို့လမ်းကလည်း ရေလမ်းတစ်လမ်းပဲရှိတာ။ အဲ့နေရာက PDF နဲ့ စစ်ကောင်စီကလည်း မရောက်ဘူး။ စစ်ကောင်စီက လက်နက်ကြီးပစ်လိုက်‌တော့ အခုတော့ပြန်ထွက်သွားပြီ။ ပြီးတော့ အဲ့နေရာမှာ တစ်ခြားဒေသကလာတဲ့ စစ်ရှောင်တွေလာနေတယ်လို့ကြားတယ်” ဟု ဖယ်ခုံမြို့ ဒေသခံ အသက် ၃၀ ဝန်းကျင်ရှိသည့် အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ မေ ၁၆ ရက်နေ့ကလည်း စစ်ကောင်စီက ဆောင်နန်းခဲ ကျေးရွာတစ်ရွာလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

မေလ ၁၂ ရက်နေ့မှ စပြီး စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေယာဉ်ဖြင့် စစ်ရေးကို စစ်ဆင်နေလျက်ရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...