လွတ်မြောက်နယ်မြေ မှ ကျောင်းသားများ ပညာသင်ကြားပေးရန် ဆရာ၊ဆရာမ ခေါ်ယူ
လွတ်မြောက်နယ်မြေရောက် စစ်ရှောင်ကလေးများကို ပညာသင်ကြားနိုင်ရေးအတွက် ဆရာ၊ ဆရာမ များ လိုအပ်နေကြာင်း တောင်ကြီးပညာရေး ဒီဂရီ ကောလိပ်ကျောင်းသားများသမဂ္ဂ မှ စုံစမ်းသိရသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ပြည်သူများက အဖက်ဖက် တော်လှန်ခဲ့ကြပြီး တဖက်မှာလည်း ပြည်သူ့တပ်မတော် (PDF) တပ်ဖွဲ့များ ဖွဲ့စည်းလာသည်။ ထို တစ်နှစ်ကျော် အတွင်း...
ရွာငံဒေသခံများကို ပျူစောထီးတပ်ဖွဲ့ဝင်စေရန် စစ်ကောင်စီတပ်ဖွဲ့ ခြိမ်းခြောက်ညွှန်ကြား
SHAN -
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့ရှိ ဒေသခံများကို ပျူစောထီးတပ်ဖွဲ့ဝင်စေရန် စစ်ကောင်စီတပ်သားများက ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း သတင်းသိရသည်။ သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ဆင်ဆာပြားကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင်တစ်ချို့နှင့် ပတ်သက်နေသူများ ရှိနေသည့် သတင်းထွက်ပေါ်လာမှုကြောင့် စစ်ကောင်စီတပ်သားများက ရွာခံများကို ပျူစောထီးတပ်ဖွဲ့ဝင်စေရန် ခြိမ်းခြောက်ပြောဆိုကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ရွာလုံခြုံရေးအတွက်ဆိုပြီးတော့...
မိုင်းကိုင်မြို့နယ် ကျေးရွာထဲ လက်နက်ကိုင်တပ်ဖွဲ့ ဝင်ရောက်နေထိုင်
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းရှိ ကျေးရွာများထဲတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ချို့ စစ်ဝတ်စုံဖြင့် ဝင်ရောက် နေထိုင်လျက်ရှိကြောင်း စုံစမ်းသိရသည်။ လက်ရှိ မိုင်းကိုင်မြို့နယ်ထဲရှိ ကျေးရွာများထဲတွင် လက်နက်ကိုင်တပ်ဖွဲ့က ဝင်ရောက်နေထိုင်နေတာကြောင့် ပြည်သူများက စိုးရိမ်နေလျက်ရှိကြောင်း သိရသည်။ “ဟုတ်တယ်။ သူတို့ အိမ်ထဲမှာလာနေတာ။ အိမ်မှာလာအိပ်တယ်။ တစ်အိမ်ထဲမှာပဲနေတာမဟုတ်ဘူး။ ကျမတို့ ရွာမှာရှိတဲ့ ၄ ၊...
မိုးမိတ်မြို့နယ် ဗုံးပေါက်ကွဲ စစ်ကောင်စီတပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ
သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်း ဗုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်သား နှစ်ဦးမှ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၃ ရက် ည ၁၀ နာရီခွဲဝန်းကျင်တွင် မိုးမိတ်မြို့နယ် အရှေ့ဘက်ရှိ မြို့သစ်ကျေးရွာ၌ ဗုံးနှစ်လုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ည ၁၀...
ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲ PDF ဘက်က ကျဆုံးမှု အများအပြားရှိနေ
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ကုန်းဆုံရပ်ကွက် တိုက်ပွဲကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဘက်မှ ကျဆုံးမှု အများအပြားရှိနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၄ ရက်) မနက်ပိုင်းတွင် စပြီး ဖယ်ခုံမြို့နယ် ကုန်းဆုံရပ်ကွက် နှင့် ရွှေပြည်အေးကျေးရွာ ဘက်တွင် PDF နှင့်...
ကျွဲသွားရှာသည့် ပင်လုံပြည်သူတစ်ဦး မြေမြှုပ်မိုင်း နင်းမိ၊ ဒဏ်ရာပြင်းထန်
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ် နောင်လိုင်ကျေးရွာတွင်နေထိုင်သည့် အမျိုးသားတစ်ဦးသည် ကျွဲသွားရှာစဥ် မြေမြှုပ်မိုင်း နင်းမိပြီး ထိခိုက်ဒဏ်ရာပြင်းထန်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၃) ရက် ညနေပိုင်းတွင် နောင်လိုင်ရွာ မြောက်ဘက်ရှိ လဲချားဘက်သို့ သွားသည့် လမ်းကြောင်း အတိုင်း ကျွဲသွားရှာသည့် အသက် (၆၂) နှစ်အရွယ်ရှိ...
စစ်ကောင်စီတပ် ခိုလမ်မြို့မှ ကွန်ဟိန်းဘက်သို့ စစ်အင်အားဖြည့်
သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့ အခြေစိုက် စစ်ကောင်စီတပ်သည် စစ်အင်အားအပြည့်ဖြင့် ကွန်ဟိန်းမြို့ဘက်သို့ ဦးတည်သွားနေကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက် ညနေပိုင်းအချိန်တွင် စစ်ကောင်စီ စစ်ကား (၆) စီး လူအင်အားအပြည့်ဖြင့် ကွန်ဟိန်းမြို့ဘက်သို့ ဦးတည်သွားကြောင်း သိရသည်။ “သူတို့ ညဘက်မှာထွက်သွားတာ။...
မိုးမိတ် တိုက်ပွဲ စစ်ကောင်စီဘက်မှ ၃ ဦးသေ၊ ၁၅ ဦး ထိခိုက်ဒဏ်ရာရ
သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA ) တပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက် ညနေပိုင်းတွင် မိုးမိတ်မြို့နယ် ပုန်ကုန်ကျေးရွာ (ခ)...
ပုံးအင်းဒေသ PNO ထံ စစ်သင်တန်း လာမတက်ပါက လုံခြုံရေး ကြည့်ပေးမည်မဟုတ်
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ပုံးအင်းဒေသနေထိုင်သည့် ပြည်သူများ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ ခေါ်ယူသည့် စစ်သင်တန်းကို သွားတက်ရောက်ခြင်းမရှိပါက ကျေးရွာလုံခြုံရေးကို တာဝန်ယူသွားမည်မဟုတ်ကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ အဆိုပါ PNO တပ်ဖွဲ့သည် ဇူလိုင် ၅ ရက်မှ စပြီး ကျေးရွာအုပ်စု တစ်ခုလျှင် လူ...
TNLA သင်တန်းဆင်း လူငယ် (၁၀) ဦး ရန်ကုန်မြို့တွင် ဖမ်းဆီးခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်ဖြစ်သည့် တအာင်း (ပလောင်) အမျိုးသား တပ်မတော် (TNLA) တပ်ဖွဲ့သင်တန်းဆင်းလာသည့် လူငယ် (၁၀) ဦး ကို ရန်ကုန်မြို့တွင် ဖမ်းဆီးခံရကြောင်း သတင်းသိရသည်။ ရန်ကုန်မြို့ ဧရာဝတီလမ်းရှိ ရဲကင်းဖောက်ခွဲမှုတွင် လုပ်ဆောင်ခဲ့သည့် လူငယ် (၁၀) ကို ဖမ်းဆီးရမိထားကြောင်း...





