Wednesday, January 28, 2026

မိုးမိတ်မြို့နယ် ဗုံးပေါက်ကွဲ စစ်ကောင်စီတပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်း ဗုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်သား နှစ်ဦးမှ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၃ ရက် ည ၁၀ နာရီခွဲဝန်းကျင်တွင် မိုးမိတ်မြို့နယ် အရှေ့ဘက်ရှိ မြို့သစ်ကျေးရွာ၌ ဗုံးနှစ်လုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ည ၁၀ နာရီခွဲလောက်မှာ ဗုံးပေါက်ကွဲခဲ့တာပါ၊ နှစ်လုံးရှေ့ဆင့် နောက်ဆင့်ကွဲတာ၊ ဒီမြို့သစ်က ဌာနဆိုင်ရာရုံး တွေ စစ်ကောင်စီတွေ သွားလာလှုပ်ရှားတဲ့နေရာပေါ့၊ အဲ့ရုံးတွေမှာ လုံခြုံရေးစောင့်နေတဲ့ စစ်သားနှစ်ဦးက ဗုံး ထိပြီးထိခိုက်ဒဏ်ရာရသွားတာပါ” ဟု အထက်ပါ ဒေသခံက ပြောသည်။

မည်သည့်အဖွဲ့အစည်းမှ တပ်ဆင်ထားသည့် ဗုံးဖြစ်သည်ကို မသိရှိရသေးကြောင်းနှင့် ယင်းဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သားတို့မှ မြို့အဝင်အထွက် စစ်ဆေးမှု တင်းကြပ်နေကြောင်းလည်း ၎င်းက ဆက်ပြောသည်။

မိုးမိတ်မြို့နယ် တိုက်ပွဲဖြစ်ပွားရာနေရာ

“မြို့အဝင်အထွက်တိုင်းမှာ စစ်ဆေးမှုတင်းကြပ်လာတယ်၊ မြို့ထဲမှာလည်း မထင်ရင် မထင်သလို စစ်ဆေးမှုတွေ လုပ်တယ်၊ မှတ်ပုံတင်တွေစစ်တယ်၊ ပြီးတော့ လက်နက်တွေ တစ်ဖက်တည်း ပစ်ခတ်တာမျိုးတွေ လုပ်ပြီး ပြည်သူတွေကို ခြိမ်းခြောက်နေတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ထိတွေ့တိုက်ပွဲ မရှိသေးသော်လည်း ဆင့်ကဲကျေးရွာဘက်တွင် လက်နက်ကြီး လက်နက်ငယ် ဖြင့် တစ်ဖက်တည်း ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းသိရသည်။

အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့မှ တိုက်ပွဲဖြစ်ပွားပြီးသည့်နောက်တွင် စစ်ကောင်စီတို့မှ စစ်အင်အားဖြည့်တင်းမှုနှင့် လက်နက်များ ရမ်းသမ်း ပစ်ခတ်မှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။

မိုးမိတ်မြို့နယ်အတွင်း လှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့သည် ခလရ ၂၆၇ နှင့် ခလရ ၃၄၈ တို့ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...