Tuesday, January 27, 2026

စစ်ကောင်စီတပ် ခိုလမ်မြို့မှ ကွန်ဟိန်းဘက်သို့ စစ်အင်အားဖြည့်

သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့ အခြေစိုက် စစ်ကောင်စီတပ်သည် စစ်အင်အားအပြည့်ဖြင့် ကွန်ဟိန်းမြို့ဘက်သို့ ဦးတည်သွားနေကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂ ရက် ညနေပိုင်းအချိန်တွင် စစ်ကောင်စီ စစ်ကား (၆) စီး လူအင်အားအပြည့်ဖြင့် ကွန်ဟိန်းမြို့ဘက်သို့ ဦးတည်သွားကြောင်း သိရသည်။

“သူတို့ ညဘက်မှာထွက်သွားတာ။ ကား (၅)စီး (၆) စီးလောက်ရှိတယ်။ သူတို့ ကွန်ဟိန်းဘက်ကို ဦးတည်ပြီးတော့ ထွက်သွားတာ။ အဲ့ဘက်ကနေ သွားရင် ကာလိ ၊ မိုင်းစန်မြို့ ကနေဆို မိုင်းရှူးဘက်ကို ရောက်သွားနိုင်တယ်” ဟု ခိုလမ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

သျှမ်းပြည်တွင်းတစ်နေရာ စစ်ကောင်စီတပ် စစ်အင်အားဖြည့်တင်းပုံ

လက်ရှိအချိန်သည် စစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့သည် မိုင်းရှူးမြို့ဘက်တွင် စစ်ရေးတင်းမာလျက်ရှိနေကြောင်း သိရသည်။

အလားတူ စစ်ကောင်စီသည် မိုင်းရှူးမြို့ နှင့် တန့်ယန်းကြားတွင်လည်း စစ်အင်အားဖြည့်နေကြောင်း သိရသည်။

“စစ်ကောင်စီကတော့ အင်အားတွေဖြည့်နေတာပဲ။ သူတို့ ညညဆို ကားတွေနဲ့ ထွက်သွားတယ်။ ပြန်လာရင် ကားပေါ်မှာလူမရှိတော့ဘူး။ မိုင်းရှူးကနေလည်း လွိုင်နိုင်းဘက်သွားတာလည်းရှိတယ်။ ပြီးတော့ မိုင်းရှူးမြို့ရဲ့ မြောက်ဘက်ကို သွားတဲ့ စစ်ကားတွေလည်းရှိနေတယ်” ဟု မိုင်းရှူးမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီက မိုင်းရှူးမြို့ နှင့် တန့်ယန်းမြို့ကြားရှိ SSPP တပ်စခန်း (၃) နေရာကို ဇွန် (၃၀)ရက် နောက်ဆုံးထားပြီး တပ်ဆုတ်ခိုင်းခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်ထိ SSPP တပ်စခန်းဆုတ်သွားခြင်းမရှိပဲ သျှမ်းမြောက် မိုးမိတ်ဘက်တွင် ဇူလိုင် (၁) ရက်နေ့က စစ်ကောင်စီ နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ကွန်ဟိန်းမြို့နယ် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးစက်ဖြင့် မဲပေးချိန် အခက်အခဲများ ကြုံတွေ့

0
သျှမ်းပြည် တောင်ပိုင်း ကွန်းဟိန်းမြို့နယ်တွင် သက်ကြီးပိုင်းပုဂ္ဂိုလ်များ အီလက်ထရောနစ် မဲပေးစက်ဖြင့် မဲပေးချိန်တွင်အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) မနက် ၆ နာရီမှစပြီး တွင် ကွန်းဟိန်းမြို့နယ် အပါအဝင် ရွာငံ၊ ဆီဆိုင်၊ ကလော၊ ရပ်စောက်၊မိုင်းပန်း၊ မောက်မယ်၊ မိုင်းကိုင်၊...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...