ပုံးအင်းဒေသ PNO ထံ စစ်သင်တန်း လာမတက်ပါက လုံခြုံရေး ကြည့်ပေးမည်မဟုတ်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ပုံးအင်းဒေသနေထိုင်သည့် ပြည်သူများ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ ခေါ်ယူသည့် စစ်သင်တန်းကို သွားတက်ရောက်ခြင်းမရှိပါက ကျေးရွာလုံခြုံရေးကို တာဝန်ယူသွားမည်မဟုတ်ကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။

အဆိုပါ PNO တပ်ဖွဲ့သည် ဇူလိုင် ၅ ရက်မှ စပြီး ကျေးရွာအုပ်စု တစ်ခုလျှင် လူ (၅) ဦး စစ်သင်တန်း (၁၅) ရက် သွားတက်ရောက်ရမည်ဟု သိရသည်။

လက်ရှိအချိန်ကာလသည် လယ်ယာစိုက်ပျိုးချိန်ဖြစ်သည့် အတွက်ကြောင့် စစ်သင်တန်းသွားတက်ရန် ခက်ခဲနေကြောင်း ဆိုင်လဲအုပ်စုမှ ဒေသခံများက သျှမ်းသံတော်ဆင့် ကိုပြောသည်။

PNO မှ ပေးသည့် စစ်သင်တန်း

“ သူတို့ ဒီလ ၅ ရက်နေ့စခေါ်တာတဲ့။ အခုက ကျနော်တို့ ရွာမှာက စိုက်ပျိုးချိန်ဖြစ်တယ်။ တကယ်လို့ စစ်သင်တန်းသွားတက်ရင် ရွာထဲမှာ လယ်စိုက်ပျိုးတဲ့သူမရှိတော့ဘူး။ တကယ်လို့ သူတို့စစ်သင်တန်းသွားမတက်ရင် ကျနော်တို့ ရွာထဲဘာဖြစ်ဖြစ် သူတို့က ဘာမှ တာဝန်မယူဘူးလို့ ပြောတယ်” ဟု ဆိုင်လဲဒေသခံ မှ အမျိုးသားတစ်ဦးက ပြောသည်။

ပုံးအင်းဒေသတွင် PNO စစ်ကောက်ယူမှုသတင်းကြောင့် လူငယ်အများစု ကျေးရွာမှ ထွက်ခွာသွားကြပြီး ကျန်နေသည့်ဒေသခံများက စစ်သင်တန်းတက်ရန် အတွက်အခက်ခဲဖြစ်နေကြောင်း သိရသည်။

PNO မှ ပေးသည့် စစ်သင်တန်း

အဆိုပါ စစ်သင်တန်းတက်ခိုင်းရခြင်းသည် ကျေးရွာတွင်း လုံခြုံရေးယူရန်အတွက်ဖြစ်ကြောင်း PNO အဖွဲ့ဝင် လုံးခမ်းက ပြောသည်။

“ဟုတ်တယ်။ ဟိုနေ့က သွားမတက်နိုင်ဘူးလို့ ကျေးရွာသားတွေက သွားတောင်းဆိုကြတယ်။ အခုက လယ်ယာစိုက်ပျိုးချိန်ဖြစ်တဲ့အတွက်ကြောင့် သွားမတက်နိုင်ကြဘူးလေ။ တကယ်လို့ သွားမတက်နိုင်ရင် သူတို့ ရွာလုံခြုံရေးမယူတော့ဘူးလို့ပြောတာတော့ ကျနော်မကြားဘူး။ မဖြစ်နိုင်ဘူးထင်တယ်” ဟု PNO အဖွဲ့ဝင် ကျေးရွာအုပ်ချုပ်ရေးမှူး လုံးခမ်းက သျှမ်းသံတော်ဆင့် ကို ပြောသည်။

PNO မှ ပေးသည့် စစ်သင်တန်း

ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) သည် စစ်သားသစ်ကောက်ကာ စစ်သင်တန်း ပေးနေခြင်းသည် စစ်ကောင်စီအတွက်ဖြစ်ကြောင်း ဒေသခံများထံသိရသည်။ သို့သော် သျှမ်းသံတော်ဆင့် မှ အတည်မပြုနိုင်သေးပေ။

တောင်ကြီးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်တွင် PNO မှ ငွေ ၊ ဆန် နှင့် စစ်သင်တန်းတက်ရန် တပ်သားသစ်များကိုလည်း ယနေ့ချိန်ထိ ကောက်ယူနေလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

စပါးကျီအစား အကြွေးကျီသာ ပြည့်နှက်နေသည့် ပုံးအင်းလွင်ပြင်

0
စပါးရိတ်သိမ်းပြီးစ ရိုးပြတ်များသာ ကျန်ရှိတော့သည့် ပုံးအင်းလွင်ပြင်၏ တိတ်ဆိတ်ခြောက်ကပ်နေသော မြင်ကွင်းကို ငေးကြည့်ရင်း အသက် ၄၀ အရွယ် နန်းဟွမ်တယောက် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ လယ်ကွင်းထဲတွင် ရိတ်သိမ်းစရာ စပါးနှံများ မရှိတော့၍ အလုပ်အားသွားပြီ ဖြစ်သော်လည်း သူမ၏ ရင်ထဲတွင် ရှေ့ဆက်ရမည့် ဘဝခရီးအတွက် ပူပန်မှုများက အပြည့်နေရာယူထားဆဲ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...