ကျွဲသွားရှာသည့် ပင်လုံပြည်သူတစ်ဦး မြေမြှုပ်မိုင်း နင်းမိ၊ ဒဏ်ရာပြင်းထန်

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ် နောင်လိုင်ကျေးရွာတွင်နေထိုင်သည့် အမျိုးသားတစ်ဦးသည် ကျွဲသွားရှာစဥ် မြေမြှုပ်မိုင်း နင်းမိပြီး ထိခိုက်ဒဏ်ရာပြင်းထန်ကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဇူလိုင် ၃) ရက် ညနေပိုင်းတွင် နောင်လိုင်ရွာ မြောက်ဘက်ရှိ လဲချားဘက်သို့ သွားသည့် လမ်းကြောင်း အတိုင်း ကျွဲသွားရှာသည့် အသက် (၆၂) နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး မြေမြှုပ်မိုင်း နင်းမိကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မြေမြှုပ်မိုင်း ထိခိုက်ဒဏ်ရာရ

“ရွာထဲကနေ သူတို့နှစ်ဦးက (အမျိုးသားနှစ်ယောက်) ဆိုင်ကယ်တစ်ယောက်တစ်စီးစီ ထွက်သွားကြတာ၊ ကျနော်တို့ရွာ(နောင်လိုင်ရွာ) ရဲ့ မြောက်ဘက် တောလမ်းဘေးတစ်နေရာမှာ ဆိုင်ကယ်က မိုင်းနင်းမိပြီးတော့ ပေါက်ကွဲမှုဖြစ်သွားတယ်၊ ဒဏ်ရာလည်း တော်တော်ပြင်းတယ် ၊ သူနဲ့ ပါသွားတဲ့ အဖော်တော့ လွှတ်သွားတယ်” ဟု ၎င်းက ဆိုသည်။

မြေမြှုပ်မိုင်း နင်းမိသူသည် အသက် (၆၂) နှစ်အရွယ်ရှိ လုံးဆုစိန္တ ဖြစ်ပြီး ခြေတလုံး ထိခိုက်ဒဏ်ရာ နှစ်ချက်နှင့် ခေါင်းမှာ တစ်ချက် ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။

“ခေါင်းပိုင်းထိတဲ့ ဒဏ်ရာက တော်တော်ကို ပြင်းတယ်၊ မိုင်းစတွေက အသားထဲထိ စိုက်ဝင်ထားတော့ ခွဲစိတ်ရမယ်တဲ့၊ အသက်လည်း ကြီးနေတော့ စိတ်ပူရပါတယ်၊ ပြီးတော့ သူ့မိသားစုတွေက ဆေးဖိုးစားရိတ်တွေလည်း အခက်အခဲရှိနေမှာ၊ အကူအညီလိုအပ်တာပေါ့” ဟု မိုင်းနင်းမိသူနှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။

ဦးခေါင်းတွင်း ဒဏ်ရာရရှိ

လက်ရှိတွင် ဒဏ်ရာရသူ လုံးဆုစိန္တသည် ဆေးရုံတွင်ဆေးကုသမှုများ ခံယူနေလျက်ရှိပြီး ဆေးကုသမှု စားရိတ်များ အတွက် အကူအညီလိုအပ်နေကြောင်းလည်း သိရသည်။

အဆိုပါ မှိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နေရာသည် လဲချားမြို့နှင့် ပင်လုံမြို့ကြားရှိ ယခင် တပ်နေရာဟောင်း ဖြစ်ပြီး မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ နှင့် RCSS/SSA တို့ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ယင်းနေရာနှင့် အနီးတစ်လျှောက်နေရာများတွင် မြေမြှုပ်မှိုင်း နင်းမိပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း ဒေသခံ များက ပြောသည်။

ထိုမိုင်းပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည့်အတွက် ဒေသခံပြည်သူများမှ တောနင်း ဟင်းရှာရန် နှင့် ကျွဲ၊ နွားများကို စားကျက်လွတ်ရန်အတွက် စိုးရိမ်ထိတ်လန့်မှုနှင့် အခက်အခဲများ ရှိနေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...