မိုင်းကိုင်မြို့နယ် ကျေးရွာထဲ လက်နက်ကိုင်တပ်ဖွဲ့ ဝင်ရောက်နေထိုင်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းရှိ ကျေးရွာများထဲတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ချို့ စစ်ဝတ်စုံဖြင့် ဝင်ရောက် နေထိုင်လျက်ရှိကြောင်း စုံစမ်းသိရသည်။

လက်ရှိ မိုင်းကိုင်မြို့နယ်ထဲရှိ ကျေးရွာများထဲတွင် လက်နက်ကိုင်တပ်ဖွဲ့က ဝင်ရောက်နေထိုင်နေတာကြောင့် ပြည်သူများက စိုးရိမ်နေလျက်ရှိကြောင်း သိရသည်။

“ဟုတ်တယ်။ သူတို့ အိမ်ထဲမှာလာနေတာ။ အိမ်မှာလာအိပ်တယ်။ တစ်အိမ်ထဲမှာပဲနေတာမဟုတ်ဘူး။ ကျမတို့ ရွာမှာရှိတဲ့ ၄ ၊ ၅ အိမ်လောက်ရှိတယ်။ သူတို့လာနေနေတာ။ အိမ်မှာရှိတဲ့ ကော်ဖီတွေ၊ နို့တွေကိုလည်း သူတို့ ဒီတိုင်းယူစားကြတယ်၊ အိမ်ထဲလာနေတော့လည်း စိုးရိမ်စိတ်တွေလည်းရှိတယ်။ ကြောက်တော့ကြောက်ရတာပေါ့ ” ဟု မိုင်းကိုင် ဒေသခံ တစ်ဦးက ပြောသည်။

လက်နက်ကိုင်များသည် ကျေးရွာအတွင်းနေထိုင်နေသောကြောင့် ပြည်သူများအတွက် ခက်ခဲနေကြောင်း၊ ထိုအပြင်ခြံ၊ လယ်ယာကိုလည်း လွတ်လွတ်လပ်လပ်မသွားရကြောင်း ဒေသခံများက ပြောသည်။

မိုင်းကိုင်မြို့

“ သူတို့အိမ်မှာလာနေတော့ အိမ်ကလူတစ်ယောက် အမြဲစောင့်ကြည့်ပေးနေရတယ်။ သူတို့ဘာလုပ်မှာလဲမသိတော့။ လယ်တွေ၊ခြံတွေ သွားပြီဆိုလည်း အိမ်မှာ တစ်ယောက်လောက်တော့ ချန်ထားပေးရတယ်။ သူတို့ ရှိနေတော့ လွတ်လွတ်လပ်လပ်မနေရဘူး။ အလုပ်လည်း မဖြစ်ဘူး။ အရင်က သွားရင် တစ်အိမ်လုံးသွားတာ။ အခုက အကုန်မသွားရတော့ အလုပ်နောက်ကျတယ်” ဟု မိုင်းကိုင် ဒေသခံတစ်ဦးက ပြောသည်။

ထိုအပြင် တစ်ချို့ကျေးရွာများသည် လက်နက်ကိုင်များ ကျေးရွာတွင်းမနေပဲ ရွာအနီးနား၊ စေတီနားတွင် နေထိုင်ပြီး ရွာထဲသို့ ဝင်လာလည်လေ့ရှိကြောင်းသိရသည်။

အဆိုပါ နေထိုင်နေသည့် လက်နက်ကိုင်တပ်ဖွဲ့သည် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၊ SSPP/SSA တို့ဖြစ်ကြောင်း ဒေသခံပြောပြချက်အရ သိရသည်။

“ ကျမတို့ ရွာထဲမှာတော့ လာနေတာမရှိဘူး။ ရွာပြင်မှာနေတာ။ ရွာထဲတော့ မနေဘူး။ ဒါမယ့် ရွာထဲလာပြီးတော့ပစ္စည်းလာဝယ်တာတွေရှိတယ်။ လာလည်တာတွေရှိတယ်။ သူတို့ ကျမတို့ ရွာပြင် စေတီမှာနေတာ။ လာနေတဲ့ အဖွဲ့တွေအများစု ကတော့ SSPP/SSA တပ်ဖွဲ့တွေဖြစ်တယ်” ဟု အမည် နှင့် နေရာ မဖော်လိုသည့် ဒေသခံ တစ်ဦးက ပြောသည်။

မိုင်းကိုင်မြို့နယ်သည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီးသည့် နေရာဒေသတစ်ခုဖြစ်သည်။ ယခင်က မြောက်ပိုင်းမဟာမိတ် နှင့် RCSS/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ မှစပြီး မိုင်းကိုင်မြို့နယ်တွင် မြောက်ပိုင်းမဟာမိတ်သာ သွားလာလှုပ်ရှားနေကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ်အတွင်းရှိ ကျေးရွာများ

ဖေဖော်ဝါရီ (၁၃) ရက်နေ့က ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) ရဲ့ ထုတ်ပြန်ချက်အရ ဇန်နဝါရီ ၂၉ ရက်နေ့က စပြီး မိုင်းကိုင်မြို့နယ် ဒေသခံ အများစုကလည်း ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာနေကြောင်း သိရသည်။

ထိုအပြင် ပြည်သူမရှိသည့် နေအိမ်များထဲတွင် လက်နက်ကိုင်တပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

ထိုဒေသထဲတွင်လည်း အမျိုးသမီးများကို မြောက်ပိုင်းမဟာမိတ် “ဝ” တပ်ဖွဲ့က အတင်းအဓမ္မ လက်ထပ်ယူကာ၊ လိင်ပိုင်းဆိုင်ရင် အကြမ်းဖက် မုဒိမ်းကျင့်ယူလျက်ရှိကြောင်း (SWAN) ထုတ်ပြန်ချက်မှာ ရေးသားထားသည်။

“ အခုလက်နက်ကိုင်တွေရဲ့ လုပ်ရပ်တွေက အရင်ခေတ်က ဗမာစစ်တပ်တွေ ကျမတို့ တိုင်းရင်းသားပေါ်လုပ်နေတဲ့ လုပ်ရပ်နဲ့က တူတယ်။ ကျမတို့ အမြင်နဲ့ဆိုရင် အရင်က ပုံစံအတိုင်းပဲ ပြန်ဖြစ်နေတယ်။ ပြောနေတာတော့ ပြည်သူတွေအတွက်လုပ်နေတယ်။ တကယ်တမ်းလုပ်ရပ်က ပြည်သူတွေက သူတို့ကို ကြောက်နေရတယ်။ ပြည်သူအတွက်လုပ်နေကြတာလား။ ဘယ်သူအတွက်လုပ်နေကြတာလဲတော့ မသိဘူး။ သူတို့ရွာထဲတွေမှာ လာနေလည်း ပြည်သူတွေအတွက်က နွေးထွေးတဲ့ လုံခြုံမှုကမရပြန်ဘူး” ဟု (SWAN) ပြောရေးဆိုခွင့်ရှိသူ နန်းစံဟွမ်က သျှမ်းသံတော်ဆင့် ကို ပြောသည်။

လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် အရပ်သားများ၏ လုံခြုံရေး ကို အကာအကွယ်ပြုပေးရန်နှင့် ပြည်သူနေအိမ်နှင့် ကျေးရွာထဲတွင် ဝင်ရောက်နေထိုင်ခြင်းမပြုရန် ကတိကဝတ်ပြု လက်မှတ်ရေးထိုးထားသည်။

မိုင်းကိုင်မြို့နယ်ထဲ စစ်သားများ ပြည်သူ့နေအိမ်ထဲ ဝင်ရောက်နေထိုင်သည့်အတွက် ဒေသခံများက စိုးရိမ်စိတ်ဖြင့် နေထိုင်နေကြရကြောင်း သိရသည့် အပြင် သတင်းမီဒီယာများကိုလည်း သတင်းမပေးရန် စစ်သားများက ခြိမ်းခြောက်ပြောဆိုထားသည်။

သျှမ်းမြောက် ကွတ်ခိုင်မြို့နယ် ဇွပ်အောင်ကျေးရွာရှိ ဇွပ်အောင်စစ်ရှောင်စခန်းတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် (MNDAA) သည် ၆ လ ကျော်ကြာလာရောက်နေထိုင်ခဲ့ပြီး ဇွန်လပိုင်းတွင် စစ်ကောင်စီ မှ လက်နက်ကြီးဖြင့် စစ်ရှောင်စခန်းအတွင်းသို့ ပစ်ချကာ စစ်ရှောင် ၂ ဦး သေဆုံးကာ တစ်ဦးပြင်းထန်ဒဏ်ရာရရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...