Wednesday, January 28, 2026

လွတ်မြောက်နယ်မြေ မှ ကျောင်းသားများ ပညာသင်ကြားပေးရန် ဆရာ၊ဆရာမ ခေါ်ယူ

လွတ်မြောက်နယ်မြေရောက် စစ်ရှောင်ကလေးများကို ပညာသင်ကြားနိုင်ရေးအတွက် ဆရာ၊ ဆရာမ များ လိုအပ်နေကြာင်း တောင်ကြီးပညာရေး ဒီဂရီ ကောလိပ်ကျောင်းသားများသမဂ္ဂ မှ စုံစမ်းသိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ပြည်သူများက အဖက်ဖက် တော်လှန်ခဲ့ကြပြီး တဖက်မှာလည်း ပြည်သူ့တပ်မတော် (PDF) တပ်ဖွဲ့များ ဖွဲ့စည်းလာသည်။

ထို တစ်နှစ်ကျော် အတွင်း PDF တပ်ဖွဲ့များ ဖွဲ့စည်းလာပြီးနောက် စစ်ကောင်စီ နှင့် တိုက်ပွဲများ ဖြစ်ပွားကာ ပြည်သူများ စစ်ဘေးရှောင်လာရသည်။

လွတ်မြောက်နယ်မြေ စစ်ရှောင်စခန်း စာသင်ခန်း

ထို့ကြောင့် လွတ်မြောက်နယ်မြေတွင်ရှိသော စစ်ဘေးရှောင်ကလေးများ၏ အနာဂတ် ပညာသင်ကြားပေးရေးအတွက် ထိုနယ်မြေ၌ ကျောင်းများဖွင့်လှစ်ထားပြီဖြစ်၍ ထိုကလေးများကို ပညာသင်ကြားပေးရန် ဆရာ၊ ဆရာမများအင်အား အမြောက်အများ လိုအပ်နေကြောင်း သိရှိရသည်။

အဆိုပါ လွတ်မြောက်နယ်မြေတွင် စစ်ဘေးရှောင်ကလေးများအတွက် ပညာသင်ကြားပေးပါက ၎င်းသင်ကြား ပေးသော ဆရာ၊ဆရာမ များကို စားဝတ်နေရေး နှင့် လုံခြုံရေးများကို အပြည့်အဝ တာဝန်ယူသွားမည် ဖြစ်ကြောင်း ဆိုသည်။

လွတ်မြောက်နယ်မြေ စစ်ရှောင်စခန်း စာသင်ခန်း

စစ်ရှောင်ကလေးများကို ပညာသင်ကြားပေးနိုင်သော ဆရာ၊ဆရာမများသည် သင်ကြားမှုအပေါ် အမှန်တကယ် စေတနာထားရှိထားသူများ၊ မည်သူမဆို သင်ကြားရေးတွင် စိတ်ဝင်စားကြသူများဖြစ်ရန်လိုအပ်ကြောင်း တောင်ကြီးပညာရေး ဒီဂရီကောလိပ် ကျောင်းသားသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

စစ်ဘေးရှောင်ကလေးများအတွက် ပညာသင်ကြားပေးရေး စိတ်ဝင်စားသူများသည် တောင်ကြီးပညာရေး ဒီဂရီကောလိပ် ကျောင်းသားများသမ္မ (page messenger) ထံ ဆက်သွယ်နိုင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အေးချမ်းသည့် မြို့တော်မှ ဒုစရိုက် မြို့တော်သို့”

0
ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၄,၀၀၀ ကျော်ရှိသော တောင်ကြီးမြို့သည် ယခင်က အေးချမ်းသည့် မြို့တစ်မြို့ဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးမတည်မငြိမ်မှုများကြောင့် ပြန်ပေးဆွဲမှု၊ လူသတ်မှုနှင့် ဓားပြတိုက်မှုတို့ဖြင့် ပြည့်နှက်လာသည့် မြို့တစ်မြို့ဖြစ်လာသည်။ ယခုအခါ တောင်ကြီးမြို့ဒေသခံများသည် အအေးဒဏ်ကြောင့်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့လာပြီး ရာဇဝတ်မှု ဘေးအန္တရာယ်များကြောင့်...

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

တောင်ကြီး ဗိုလ်ချုပ်ပန်းခြံကို ဆိုင်ခန်းဆောက်လုပ်မည့်ကိစ္စ မြို့ခံများကန့်ကွက်

0
သျှမ်းပြည် တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံကို စစ်ကော်မရှင် လက်အောက်ခံ စည်ပင်သာယာရေးဌာနနှင့် ကုမ္ပဏီတို့ ပူးပေါင်းကာ “ပန်းခြံစည်ကားသာယာလှပေစရန်” အမည်တပ်ပြီး ဆိုင်ခန်းဆောက်လုပ်ရောင်းစားရန် စီစဉ်နေကြောင်း မြို့ခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ တောင်ကြီးမြို့တွင် အများပြည်သူအပန်းဖြေရန် တစ်နေရာသာကျန်ရှိသည့် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံကို လူနေဆိုင်ခန်းတွဲများ ဆောက်လုပ်ရန် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်...

တောင်ကြီးမြို့ ပျောက်ဆုံး အထက်တန်းကျောင်းသား အလောင်း ပြန်တွေ့၊ ဒေသခံများ တုန်လှုပ်

0
သျှမ်းပြည် တောင်ကြီးမြို့တွင် နေအိမ်မှ ဆိုင်ကယ်ဖြင့် အပြင်သွားရာက ၆ ရက်ကြာ ပျောက်ဆုံးခဲ့သည့် အထက်တန်း ကျောင်းသား ရုပ်အလောင်းသာ ပြန်တွေ့၍ တုန်လှုပ်ရကြောင်း မြို့ခံများက ယနေ့ ဒီဇင်ဘာလ ၃၁ ရက်တွင် ပြောသည်။ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်နေ၊ အထက (၄) တွင် Grade...
Taunggyi_Polling_Stations

တောင်ကြီးမြို့နယ်တွင် မဲပေးနည်းနှင့် မဲရုံမသိ၍ မဲပေးသူနည်းပါး

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့နယ်အတွင်း ကျေးရွာဘက်တွင် မည်သို့ ရွေးချယ်မဲပေးရမည်ကို မသိခြင်း၊ မည်သည့် မဲရုံတွင် မဲပေးရမည်ကို မသိခြင်းတို့ကြောင့် ဆန္ဒမဲပေးသူ နည်းပါးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ တောင်ကြီး၊ ဟိုပုံး၊...