ရွာငံဒေသခံများကို ပျူစောထီးတပ်ဖွဲ့ဝင်စေရန် စစ်ကောင်စီတပ်ဖွဲ့ ခြိမ်းခြောက်ညွှန်ကြား

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့ရှိ ဒေသခံများကို ပျူစောထီးတပ်ဖွဲ့ဝင်စေရန် စစ်ကောင်စီတပ်သားများက ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း သတင်းသိရသည်။

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ဆင်ဆာပြားကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင်တစ်ချို့နှင့် ပတ်သက်နေသူများ ရှိနေသည့် သတင်းထွက်ပေါ်လာမှုကြောင့် စစ်ကောင်စီတပ်သားများက ရွာခံများကို ပျူစောထီးတပ်ဖွဲ့ဝင်စေရန် ခြိမ်းခြောက်ပြောဆိုကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရွာလုံခြုံရေးအတွက်ဆိုပြီးတော့ ရွာသားတွေကို ပျူစောထီးအဖွဲ့ဝင်ခိုင်းတယ်၊ ဖွဲ့ခိုင်းတယ်၊ မလုပ်ရင် ရွာထဲအိမ်ကို မီးရှို့မယ် ဘာညာတွေ ခြိမ်းခြောက်ပြောဆိုနေတယ်၊ အခုဆို ရွာသားတွေကို ဖမ်းထားတာလည်း မနည်းဘူး” ဟု ဆင်ဆာပြားကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

ရွာငံမြို့

စစ်ကောင်စီတပ်သားတို့သည် ဒေသခံရွာသားများကို PDF နှင့် ဆက်စပ်ပတ်သက်နေသည့် အကြောင်းပြချက်ဖြင့် ရွာသားများကို ဖမ်းဆီးခြင်း ၊ ရိုက်နှက်စစ်ဆေးခြင်းများ ပြုလုပ်ကာ ပျူစောထီးတပ်ဖွဲ့ဝင်ဖြစ်အောင် ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် (၅) ရက်နေ့ မနက်ပိုင်းအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့တို့မှ ဆင်ဆားပြားကျေးရွာမှ ရွာသား ၉ ဦး ဖမ်းဆီးသွားပြီး ညနေပိုင်းတွင် ၇ ယောက်ပြန်လွှတ်လာခဲ့ကာ ၂ ယောက် ဖမ်းဆီးခံရသေးကြောင်း သိရသည်။

“သူတို့ကို PDF နဲ့ သိ၊ မသိ ဖမ်းပြီးစစ်တာတဲ့၊ နှစ်ယောက်ကို ဘာလို့ ပြန်မလွှတ်လဲတော့ မသိဘူး၊ ဒါပေမယ့် အဲ့နေ့ ပြန်လွှတ်လာတဲ့သူတွေ ပြောတာက ရိုက်နှက်တာတော့ မရှိဘူးလို့ ပြောတယ်၊ ဒါပေမဲ့ ရွာသားတွေကို ထင်မြင်ချက်တစ်ခုတည်း နဲ့ ဖမ်းလိုက် ပြန်လွတ်လိုက်လုပ်နေတာက မဖြစ်သင့်ဘူးလေ” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သားတို့သည် ရွာငံဒေသအတွင်းမှ PDF တပ်ဖွဲ့များကို အပူတပြင်းရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်နေပြီး ရွာသားများကိုလည်း ရိုက်နှက်ဖမ်းဆီးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တို့သည် ၎င်းတို့ အာဏာသိမ်းယူပြီးနောက်ပိုင်း နိုင်ငံတဝှမ်းလုံးဖြစ်ပေါ်နေသည့် ခိုးဆိုးလုယက်မှုများနှင့် မတရားမှုများကို နှိမ်နင်းခြင်းမပြုလုပ်သည့်အပြင် မူးယစ်ဆေးဝါး နှင့် လောင်းကစားဝိုင်းများ ပေါများလာရန်သာ လုပ်ဆောင်နေကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်တပ်က တွေ့သမျှ ဒေသခံများကို ဖမ်းဆီးရိုက်နှက်နေ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်ကော်မရှင်တပ်က ဒေသခံများကို တွေ့သမျှ ဖမ်းဆီးရိုက်နှက်မှုပြုလုပ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက် နေ့လည်ပိုင်းတွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ အုပ်စု ဆင်ဆာပြားကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...