Tuesday, April 23, 2024

ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲ PDF ဘက်က ကျဆုံးမှု အများအပြားရှိနေ

Must read

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ကုန်းဆုံရပ်ကွက် တိုက်ပွဲကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဘက်မှ ကျဆုံးမှု အများအပြားရှိနေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇူလိုင် ၄ ရက်) မနက်ပိုင်းတွင် စပြီး ဖယ်ခုံမြို့နယ် ကုန်းဆုံရပ်ကွက် နှင့် ရွှေပြည်အေးကျေးရွာ ဘက်တွင် PDF နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

PDF စျာပနာ အခမ်းအနား

“ကျနော်တို့ ရဲဘော်ဘက်ကလည်း အကျဆုံးတွေ များတယ်။ စစ်ကောင်စီဘက်ကလည်း ကျဆုံးမှုတွေများတယ်။ သူတို့တွေ ရပ်ကွက်တွင်းမှာ အလောင်းတွေ ပြန်လိုက်ကောက်နေတာလည်းရှိတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီဘက်က မည်သည့်သေဆုံးမှုရှိကြောင်း နှင့် PDF ဘက်မှ မည်မျှကျဆုံးမှုရှိကြောင်း အသေးစိတ်ကို မသိရှိရသေးပေ။

ယမန်နေ့တိုက်ပွဲကြောင့် ဖယ်ခုံမြို့နယ် မှ လွိုင်ကော်ဘက်သို့ သွားလမ်းကိုလည်း ခေတ္တပိတ်ထားလိုက်ရကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article