မိုးမိတ် တိုက်ပွဲ စစ်ကောင်စီဘက်မှ ၃ ဦးသေ၊ ၁၅ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA ) တပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းသိရသည်။

SSPP တပ်သားများ

ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက် ညနေပိုင်းတွင် မိုးမိတ်မြို့နယ် ပုန်ကုန်ကျေးရွာ (ခ) မိုးဘုံကျေးရွာ နှင့် ဝမ်အုံကျေးရွာကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ SSPP/SSA လက်ချက်ကြောင့် စစ်ကောင်စီတပ်ဘက် ၃ ဦးသေဆုံးခဲ့ကြောင်း SSPP/SSA မှ မြေပြင်အရာရှိတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဗမာစစ်တပ်ဘက်က ၃ ဦး သေတယ်၊ ၁၅ ဦး ထိခိုက်ဒဏ်ရာရတယ်၊ ထိခိုက်ဒဏ်ရာရတဲ့ ၁၅ ဦး ထဲမှာ အရာရှိ တစ်ဦးပါတယ်၊ ကျနော်တို့ဘက်ကတော့ တစ်ဦးကျ တစ်ဦးဒဏ်ရာရပါတယ်” ဟု SSPP/SSA မြေပြင် အရာရှိတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို မိုးမိတ်မြို့နယ် အတွင်းရှိ စစ်ကောင်စီ တပ်အတွင်းသို့ ဆေးကုသရန် ခေါ်ယူသွားကြောင်းလည်း သိရသည်။

မိုးမိတ် စစ်ရေး

ယင်းနေ့ တိုက်ပွဲဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်မှ စစ်ရေးစတင်လာခဲ့ခြင်း ဖြစ်ကြောင်းလည်း အထက်ပါ SSPP/SSA အရာရှိမှ ဆက်လက်ပြောဆိုထားသည်။

“အဲ့နေ့က တိုက်ပွဲဘယ်လိုဖြစ်သလဲဆိုရင် အစပိုင်းက အရပ်ဝတ်နဲ့ TNLA တပ်သားတချို့က မြို့ထဲမှာ ရှိနေတဲ့ စစ်ကောင်စီတပ်သားကို အရင်မျှားခေါ်ခဲ့တာ၊ ပြီးတော့ ကျနော်တို့ တပ်စခန်းနားရောက်တော့ TNLA တွေက လမ်းကြောင်းရှောင်ပြီး ထွက်သွားတယ်၊ ဒါကြောင့် စစ်ရေးက ကျနော်တို့ဘက် လှည့်လာတာ၊ အဲ့ကြောင့် ပစ်ခတ်မှုတွေ ဖြစ်ရတာပေါ့၊ TNLA မျှားခဲ့ရာကနေ စစ်ကောင်စီဘက်က ကျနော်တို့ကို စစ်ရေးစခဲ့တာ” ဟု ၎င်းက ပြောသည်။

မိုးမိတ်မြို့နယ်အတွင်း SSPP/SSA တို့ တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားသည့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့သည် မိုးမိတ်မြို့ အခြေစိုက် စစ်ကောင်စီ တပ်လက်အောက်ခံ ခလရ (၂၂၃)၊ (၂၇၆) နှင့် ခမရ (၃၄၈) တို့ ဖြစ်ကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...