စစ်ကောင်စီဘက်မှ SSPP/SSA တပ်စခန်းဘက် စစ်အင်အား ဖြည့်တင်းနေ
သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းနေရာအနီးသို့ စစ်ကောင်စီဘက်မှ စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်နေကြောင်း သတင်းသိရသည်။ ဇူလိုင်လဆန်းပိုင်းမှ စတင်ကာ မိုင်းရှူးမြို့နယ်အတွင်းရှိ SSPP/SSA တပ်စခန်းနေရာများဖြစ်ကြသည့် လွိုင်နိုင်း - မန်ဝိန်း ဘက်သို့ ညသန်းခေါင် လူနေခြေတိတ်ချိန်တွင် စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်နေကြောင်း မိုင်းရှူး...
မိုးဗြဲမြို့ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံး ပျက်စီးသွား
သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ စည်ကား (၁) ရပ်ကွက်တွင် ယနေ့ (ဇူလိုင် ၁၈) နံနက် ၇ နာရီ၌ စစ်ကောင်စီဘက်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံး မီးလောင်သွားကြောင်း စုံစမ်းသိရသည်။ ယနေ့ နံနက်ပိုင်းတွင် မိုးဗြဲမြို့အတွင်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF...
ရွာငံမြို့နယ်မှ စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသူ တစ်ဦး သတ်ဖြတ်ခံရ
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် နဘန်းကြီးကျေးရွာတွင် စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသည့် အမျိုးသားတစ်ဦး သတ်ဖြတ်ခံလိုက်ရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၁၆)ရက်တွင် ရွာငံမြို့နယ် နဘန်းကြီးကျေးရွာမှ စစ်တပ်သတင်းပေး ဒလန် ဟု အမည်ထွက်နေသည့် ဖိုးရှူး အသက် (၄၃) နှစ်သည် ဓားဖြင့် ထိုးသတ်ခံလိုက်ရကြောင်း ဒေသခံများထံမှ...
မုံးပေါ်တွင် ဗုံးတစ်လုံးပေါက်ကွဲ ကလေးတစ်ဦး သေဆုံး
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးပေါ်တိုက်နယ် ဟိုကန်ကျေးရွာအုပ်စုတွင် ဗုံးတစ်လုံးပေါက်ကွဲပြီး ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့ရကြောင်း သတင်းသိရသည်။ ဖြစ်စဥ်မှာ ယမန်နေ့ (ဇူလိုင် ၁၆) ရက် နံနက်ပိုင်းတွင် ဟိုကန်ကျေးရွာအုပ်စုတွင်းရှိ နွားတင်းကုပ်တခုမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ကလေးတစ်ဦး သေဆုံးသွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဲ့ရှေ့တစ်နေ့က...
ကျောက်ဂူဘက်တွင် သျှမ်းတပ်နှစ်တပ် တိုက်ပွဲဖြစ်ပွား
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်းတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ ဇူလိုင် (၁၅) ရက် မွန်းလွဲပိုင်းက ရပ်စောက်မြို့နယ် ကျောက်ဂူကျေးရွာအုပ်စု လွိုင်ငင်းတောင်ဘက်တွင် ပစ်ခတ်သံများ ကြားရခြင်းဖြစ်ပြီး...
SSPP/SSA တပ်စခန်းကို ၇ ရက်အတွင်းဆုတ်ခွာရန် စစ်ကောင်စီ ထပ်မံညွှန်ကြား
သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့တွင် ပြုလုပ်သည့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုတွင် SSPP တပ်စခန်းနေရာများကို ၇ ရက်အတွင်း ဆုတ်ခွာရန် ပြောဆိုခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ ဇူလိုင်လ ၁၄ ရက်နေ့ မိုင်းနောင်မြို့တွင် စစ်ကောင်စီခေါင်းဆောင် ဒုတိယ...
ကိုးကန့်တိုက်ပွဲတွင် သူရဘွဲ့ရသည့် ဒု-တပ်ကြပ်တစ်ဦး CDM ပြုလုပ်လာ
သျှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ်တိုက်ပွဲမှ သူရဘွဲ့ ရရှိသည့် ဒု တပ်ကြပ် ရဲတပ်သား တစ်ဦးသည် CDM ပြုလုပ်လာကာ အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်တော်လှန်မှု ပြုလုပ်လာခဲ့ကြောင်း သိရသည်။ မုံးကိုးဒေသအတွင်းတွင် တာဝန်ကျစဉ် MNDAA ကိုးကန့်တပ်စခန်း ဖြစ်သည့် ပွိုင့် (၄၅၂၇) နှင့် သံခမောက်ကုန်း...
ရွာငံမြို့စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသူတစ်ဦး အသတ်ခံရ
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် နေထိုင်သည့် စစ်တပ်သတင်းပေးဟု နာမည်ထွက် သူတစ်ဦး ပစ်သတ်ခံလိုက်ရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက် ည ၈ နာရီဝန်းကျင်တွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှ ဦးတင်မိုး၏ နေအိမ်အတွင်း ဝင်ရောက်ပြီး ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ညအချိန်မှာ...
မိုးမိတ်မြို့နယ် စစ်ကောင်စီ နှင့် KIA ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲထပ်မံဖြစ် စစ်ကောင်စီကျဆုံးမှုရှိ
SHAN -
သျှမ်းပြည် မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်းတွင် အာဏာသိမ်းစစ်ကောင်စီ နှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ပွဲ ထပ်မံဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၁၃) ရက် နေ့လည်ပိုင်း ၁၂ ခွဲဝန်းကျင် တွင် စစ်ကောင်စီတပ်ပေါင်းစုဖြစ်သည့် ခလရ တပ်...
မုံးကိုးမြို့နယ် အတွင်း စစ်ကောင်စီ နှင့် MNDAA တိုက်ပွဲဖြစ်
သျှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် တာမိုင်းဒေသအတွင်း စစ်ကောင်စီ နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဇူလိုင် ၁၂ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် မုံးကိုးမြို့နယ် တာမိုင်းဒေသရှိ MNDAA လှုပ်ရှားသည့်ဒေသသို့ ချဥ်းကပ်ဝင်ရောက်လာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ရကြောင်း MNDAA မှ ယနေ့...





