Thursday, May 2, 2024

မုံးကိုးမြို့နယ် အတွင်း စစ်ကောင်စီ နှင့် MNDAA တိုက်ပွဲဖြစ်

Must read

သျှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် တာမိုင်းဒေသအတွင်း စစ်ကောင်စီ နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မုံးကိုးတိုက်ပွဲ

ဇူလိုင် ၁၂ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် မုံးကိုးမြို့နယ် တာမိုင်းဒေသရှိ MNDAA လှုပ်ရှားသည့်ဒေသသို့ ချဥ်းကပ်ဝင်ရောက်လာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ရကြောင်း MNDAA မှ ယနေ့ (ဇူလိုင် ၁၄) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ထိုဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုစာရင်းကို မသိရှိရသေးကြောင်း၊ MNDAA ဘက်တွင် ထိခိုက်ကျဆုံးသူမရှိကြောင်းလည်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

“MNDAA လှုပ်ရှားတဲ့ဒေသ ကို စစ်ကောင်စီဘက်က ချဥ်းကပ်ဝင်လာတယ်။ MNDAA ဘက်မှ သတင်းထောက်လှမ်း ရရှိပြီးနောက် စစ်ဆင်ရေးအဖွဲ့ဖြင့် ကျယ်လန်ဒေသ အနောက်ဘက်တောင်ကုန်းမှ နေ၍ ကြားဖြတ် တိုက်ခိုက်ခဲ့ပါတယ်”ဟု MNDAA ရှေ့တန်းအရာရှိ တစ်ဦး ပြောပြချက် အရ သိရသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ နှင့် MNDAA တပ်တို့ သျှမ်းမြောက် မုံးကိုးမြို့နယ် အတွင်း မကြာခဏ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရှောင် ရာချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article