SSPP/SSA တပ်စခန်းကို ၇ ရက်အတွင်းဆုတ်ခွာရန် စစ်ကောင်စီ ထပ်မံညွှန်ကြား

သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့တွင် ပြုလုပ်သည့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုတွင် SSPP တပ်စခန်းနေရာများကို ၇ ရက်အတွင်း ဆုတ်ခွာရန် ပြောဆိုခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ ဇူလိုင်လ ၁၄ ရက်နေ့ မိုင်းနောင်မြို့တွင် စစ်ကောင်စီခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် နှင့် SSPP/SSA ဒုတိယ ဥက္ကဌ -၂ ဗိုလ်ချုပ်ခွန်ဆိုင် ခေါင်းဆောင်ပြီး ဆွေးနွေးခဲ့စဥ်တွင် ပြောကြားခဲ့ကြောင်း SSPP /SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဖုန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

SSPP နဲ့ စကစ တွေ့ဆုံဆွေးနွေးမှု

“အဓိက ပထမတစ်ချက်က မိုင်းရှူးမြို့နယ်နဲ့ မိုင်းရှူးမြို့မြောက်ဘက်မှာ ရှိတဲ့ ကျနော်တို့ တပ်စခန်းနေရာ သုံးခုကို သူတို့က ဆုတ်ခိုင်းတဲ့ ကိစ္စပေါ့၊ ကျနော်တို့က ဆုတ်နိုင်မဆုတ်နိုင် ဆိုတာကို နောက်ထပ် ၇ ရက် အချိန်ထပ်ပေးပြီး အကြောင်းပြန်ခိုင်းတယ်” ဟု ဗိုလ်မှူးဖုန်းဟန်က ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတို့၏ ပြောဆိုချက်များကို SSPP/SSA တာဝန်ရှိ ဗဟိုနိုင်ငံရေး ဦးဆောင်မှု ကော်မတီများ ဆွေးနွေးပြီးမှသာ အကြောင်းပြန်နိုင်ကြောင်းလည်း ဗိုလ်မှူးဖုန်းဟန်က ဆက်လက် ပြောဆိုထားသည်။

စစ်ကောင်စီပြောဆိုချက်အတိုင်း တပ်စခန်းနေရာများ ဆုတ်ခွာမှု မရှိပါက စစ်ရေးတင်းမာမှုအခြေအနေ များလည်း စစ်ကောင်စီတို့အပေါ် မူတည်ကြောင်း ဗိုလ်မှူးဖုန်းဟန်က ပြောသည်။

စကစ နဲ့ SSPP တွေ့ဆုံဆွေးနွေးမှု

“တပ်စခန်းနေရာတွေကို ဆုတ်ခွာဖို့ ပြောတာ ကျနော်တို့ တပ်ဖွဲ့မဟုတ်တဲ့ အတွက် စစ်ရေးတင်းမာမှု အခြေအနေတွေ ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာက သူတို့အပေါ်မှာပဲ မူတည်ပါတယ်၊ ကျနော်တို့အနေနဲ့လည်း တိုက်ပွဲမဖြစ်အောင် ပြည်သူထူထုထိခိုက်နစ်နာမှုမဖြစ်အောင် ထိန်းသိမ်းလုပ်ဆောင်နေတာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ယမန်နေ့ တွေ့ဆုံပွဲတွင် SSPP/SSA ဘက်မှ ဒုတိယ ဥက္ကဌ-၂ ဗိုလ်ချုပ် ခွန်ဆိုင် ခေါင်းဆောင်သည့် အဖွဲ့သား ၆ ဦးနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သည့် စစ်ကောင်စီဘက်မှ အဖွဲ့သား ၇ ဦးတို့ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့သည် မိုင်းရှူးမြို့နယ်အတွင်းရှိ လွိုင်နိုင်း- မန်ဝိန်းအတွင်း လှုပ်ရှားနေသည့် SSPP တပ်ဖွဲ့တို့ကို ဇူလိုင်လ ၇ ရက်နေ့တွင် သုံးကြိမ်မြောက် တပ်ဆုတ်ဖို့ ပြောဆိုခဲ့သော်လည်း လက်ရှိ အချိန်ထိ SSPP/SSA ဘက်မှ ဆုတ်ခွာခြင်းမရှိဘဲ စစ်ရေးတင်းမာနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲလှယ်သူများ စစ်တပ်ဂိတ်တွင် ဆွဲချငွေတောင်း

0
သျှမ်းပြည်တောင်ကြီးမြို့နယ် အေးသာယာမြို့မှ စစ်ကော်ရှင်တပ်ဂိတ်တွင် ခရီးသည်များထဲ အသက် (၁၈)နှစ်ပြည့် ပြီးသူများ မှတ်ပုံတင် မလဲလှယ်ထားလျှင် ကားပေါ်မှ ဆွဲချကာ ငွေတောင်းခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ပထမပတ်မှစပြီး အေးသာယာမြို့ စစ်ကော်မရှင်ဂိတ်တွင် လိုင်းကား၊ အိမ်စီးကားများ ပေါ်မှ ခရီးသည်များ၏ မှတ်ပုံတင်များကို စစ်ဆေးနေပြီး အသက်(၁၈)နှစ်ပြည့်ပြီး...

မိုးမိတ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်ရောင်းချ၊ ခရီးသည်တင်ကားများ စစ်တပ်ထံ စာရင်းပေးရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ မြို့အဝင်အထွက် ပြုလုပ်ရန် စစ်တပ်ထံ စာရင်းပေးနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့တွင် စက်သုံးဆီရောင်းချသည့် မိဘရိပ် ပန့်ဆီဆိုင် တစ်ဆိုင်တည်းသာ ရှိခြင်းကြောင့် မတ်လ ဒုတိယပတ်မှ စတင်၍ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...