Wednesday, January 28, 2026

ရွာငံမြို့စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသူတစ်ဦး အသတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် နေထိုင်သည့် စစ်တပ်သတင်းပေးဟု နာမည်ထွက် သူတစ်ဦး ပစ်သတ်ခံလိုက်ရကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက် ည ၈ နာရီဝန်းကျင်တွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှ ဦးတင်မိုး၏ နေအိမ်အတွင်း ဝင်ရောက်ပြီး ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ညအချိန်မှာ လာပစ်တော့ ဘယ်သူဘယ်ဝါမှန်း မသိလိုက်ရဘူးတဲ့၊ သေနတ်သံ လေးငါးချက်လောက်ကြားလိုက်ရတယ်၊ သူ့အိမ်မှာ CCTV တွေ လည်းရှိနေတော့ အဲ့လိုလုပ်လိုက်တာ အတွင်းရေးတွေ သိနေတဲ့သူတွေဖြစ် လောက်တယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပစ်ခတ်ခံရသူသည် ဦးတင်မိုးဟု အမည်ရှိပြီးစစ်ကောင်စီတပ်ဖွဲ့တို့အတွက် သတင်းပေးလုပ်ပေးသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့တို့မှ ဒေသအတွင်း နေအိမ်မီးရှို့ ပြီးပြည်သူကို ဖမ်းဆီးခြင်းများ ပြုလုပ်သည့် အခါတွင်လည်း လိုက်ပါလေ့ရှိကြောင်းသိရသည်။

ရွာငံမြို့

ပစ်ခတ်မှုဖြစ်ပွားပြီးသည့်နောက်တွင် ဒေသအတွင်း ရဲနှင့် စစ်သားများ ရောက်ရှိလာပြီးနေအိမ်အဝင်အထွက် စစ်ဆေးမှုများ ပြုလုပ်သည့်အပြင် CCTV များကိုလည်း စစ်ဆေးသွားကြောင်းသိရသည်။

“CCTV တွေကို ရဲ နဲ့ စစ်သားက စစ်ပေမဲ့ ဘယ်သူလက်ချက်လဲဆိုတာ မပြောသေးဘူး၊ ရုပ်အလောင်းကိုလည်း သူတို့ပဲလာသယ်သွားကြတယ်” ဟု အထက်ပါ အမျိုးသားက ဆက်လက်ပြောဆိုထားသည်။

လက်ရှိတွင် ဦးတင်မိုး၏ ရုပ်အလောင်းသည် ရွာငံမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သတင်းသိရသည်။

ရွာငံမြို့သည် တော်လှန်ရေးလှုပ်ရှားမှုများ အရှိန်လျှော့ကျလာပြီး ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တချို့မှ နေရပ်စွန့်ခွာမှုရှိနေသော်လည်း စစ်ကောင်စီတို့မှ ဒေသခံပြည်သူများအပေါ် အကြမ်းဖက်လုပ်ရပ် နှိမ်နှင်းမှုများ ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေမြို့နယ် ကျေးရွာများတွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများကြောင့် မဲရုံစောသွားရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ကျေးရွာအချို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့များမှ ကျေးရွာအတွင်း လှည့်ပတ်စစ်ဆေးမှုကြောင့် ဒေသခံများ နံနက် ၅ နာရီခန့်တွင် စတင်မဲပေးခဲ့ရကြောင်း သတင်းရရှိသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ညောင်ရွှေ၊ ပင်လောင်း၊...

ရွာငံမြို့နယ် မြေနီကုန်းရွာတွင် ရာအိမ်မှူးတစ်ဦး အသတ်ခံရ၊ စစ်ဆေးရေး တင်းကြပ်နေ

0
သျှမ်းပြည် ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာအုပ်စုအတွင်းရှိ မြေနီကုန်းကျေးရွာတွင် ရာအိမ်မှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၁ ရက်က ည ၁၀ နာရီခွဲတွင် ရွာငံမြို့နယ် မြေနီကုန်းကျေးရွာ ရာအိမ်မှူး အသက် (၆၅) နှစ် ဦးမြင့်ဌေးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ ထို့နောက်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...