လဲချားမြို့နယ် လမ်းလုပ်သားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး
သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ - လဲချားမြို့နယ်ကြားရှိ လမ်းလုပ်သား တစ်ဦးသည် မိုင်းနင်းမိပြီး သေဆုံးခဲ့ရကြောင်း သတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၂) ရက် မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်တွင် ပင်လုံ - လဲချား ကြားရှိ နောင်လိုင်ကျေးရွာဘက် ကျောက်မိုင်းခွဲနေသည့် လမ်းလုပ်သားအုပ်စုမှ...
ဆီဆိုင်မြို့နယ် စစ်ကောင်စီတပ်စခန်း (၂) ခု တိုက်ခိုက်ခံရ
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာ ယနေ့ (စက်တင်ဘာ ၁၂) ရက် နံနက် ၆ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီ တပ်စခန်း (၂) ခု တိုက်ခိုက်ခံရကြောင်း စုံစမ်းသိရသည်။ “ဒီနေ့ မနက် ၆ နာရီလောက်မှ သေနတ်သံစကြားရတာ။ ပြောသံကြားတာတော့ PDF တပ်ဖွဲ့က...
နောင်ချိုမြို့နယ် ဘုန်းကြီးကျောင်းထဲ စစ်ကောင်စီဝင်လာချိန် ပစ်ခတ်ခံရ
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် အထက်ကြူအင်းကျေးရွာထဲ စစ်ကောင်စီက ဝင်ရောက်လာနားခိုချိန်တွင် ဗုံးပစ်ခံရကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် စက်တင်ဘာ (၉) ရက် (လပြည့်နေ) နေ့လည် ၁၂ ဝန်းကျင်တွင် ပြည်သူများ ဘုန်းကြီးကျောင်းတက်နေချိန် စစ်ကောင်စီက ကျောင်းဝန်းထဲ နားခိုဖို့ ခွင့်လာတောင်းပြီး နေထိုင်သဖြင့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ဗုံး...
မိုးဗြဲတိုက်ပွဲပြင်းထန် ဖယ်ခုံ-မိုးဗြဲလမ်း အသုံးမပြုရန် PDF တောင်းဆို
သျှမ်းပြည်တောင်ပိုင်း မိုးဗြဲလမ်းပိုင်းတစ်လျှောက်တွင် တိုက်ပွဲပြင်းထန်နေသဖြင့် ဖယ်ခုံ-မိုးဗြဲလမ်းအသုံးမပြုရန် ဖယ်ခုံ PDF မှ တောင်းဆိုထားကြောင်း သတင်းသိရသည်။ ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့တွင် သျှမ်း-ကယားနယ်စပ် မိုးဗြဲမြို့တွင် အာဏာသိမ်း စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေသည့်အတွက် ဖယ်ခုံ-မိုးဗြဲလမ်းကို အသုံးမပြုရန် Pekhon PDF တပ်ရင်း -...
သျှမ်းတောင် စစ်ရှောင်များ နေရပ်ပြန်ပို့ရန် စစ်ကောင်စီ ညွှန်ကြား
SHAN -
သျှမ်းပြည်တောင်ပိုင်း အတွင်းရောက် စစ်ရှောင်များကို မိုးရာသီအကုန် (အောက်တိုဘာလ) တွင် နေရပ်ပြန်ပို့ရမည်ဟု နိုင်ငံတော် ဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဌ၏ ညွန်ကြားချက်အရ သိရသည်။ “ နေရပ်ကိုပြန်ပို့မယ့်ကိစ္စက သျှမ်းပြည်တောင်ပိုင်းက စစ်ရှောင်တွေလည်းပါတယ်လို့ ပြောတယ်။ နောက်လာမယ့် (၁၀) လပိုင်းကုန်ရင် နေရပ်ကို ပြန်ပို့မယ်လို့တော့ ကြားတယ်။...
ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲထပ်မံဖြစ်ပွား/ စစ်ကောင်စီဘက်မှ စစ်အင်အားထပ်ဖြည့်နေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA) တို့ တိုက်ပွဲထပ်မံဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ စစ်အင်အားဆက်လက်ဖြည့်တင်းနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာ ၉) ရက် ည ၆ နာရီကျော်မှ ၇ နာရီအထိ ကွတ်ခိုင်မြို့နယ်...
မိုးဗြဲမြို့ တိုက်ပွဲကြားပိတ်မိနေသည့် ကလေးတစ်ဦး သေဆုံး၊ ပြည်သူ (၂) ဦး ဒဏ်ရာရ
သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ တိုက်ပွဲကြားပိတ်မိခဲ့သည့် အသက် (၈)နှစ်အရွယ်ကလေးသေဆုံးခဲ့ပြီး၊ ပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာ ၈ ရက်တွင် မိုးဗြဲမြို့ အတွင်း စစ်ကောင်စီ နှင့် မိုးဗြဲ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ မိုးဗြဲမြို့ ပွဲကုန်း ၃ ရပ်ကွက်ထဲ...
ကွတ်ခိုင်မြို့နယ်အတွင်း ထိတွေ့တိုက်ပွဲ ၅ ရက် ဆက်တိုက်ဖြစ်ပွားနေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နှင့် သိန္နီမြို့နယ်ကြားတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ၅ ရက် ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်မှ ၁၁...
ကွတ်ခိုင်မြို့နယ် ဇွပ်အောင် စစ်ရှောင်စခန်းရှိ စာသင်ကျောင်းထဲ MNDAA ဝင်လာ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဇွပ်အောင်စစ်ရှောင်စခန်း စာသင်ခန်းထဲ ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့က ဝင်ရောက်လာပြီး တပ်သားအချင်းချင်း စကားများမှု ဖြစ်ပွားမှုကြောင့် ကလေးငယ်နှင့် ကျောင်းဆရာမများ စိုးရိမ်ကြောက်လန့်နေကြကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်တွင် MNDAA တပ်သားတစ်ဦး စစ်ရှောင်စခန်းထဲရှိ စာသင်ခန်းထဲသို့ ဝင်လာပြီး...
မိုးမိတ်မြို့နယ်က ဌာနဆိုင်ရာ ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ အရာရှိတစ်ဦး ဒဏ်ရာရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်း စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများ လိုက်ပါ မောင်းနှင် လာသည့် ယာဥ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး အရာရှိတစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း သတင်းသိရ သည်။ ယမန်နေ့ (စက်တင်ဘာ ၈) ရက် မွန်းလွဲပိုင်း ၁၂ နာရီဝန်းကျင်တွင် မိုးမိတ်မြို့ နှင့် မိုင်...






