လဲချားမြို့နယ် လမ်းလုပ်သားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ – လဲချားမြို့နယ်ကြားရှိ လမ်းလုပ်သား တစ်ဦးသည် မိုင်းနင်းမိပြီး သေဆုံးခဲ့ရကြောင်း သတင်းသိရသည်။

ယမန်နေ့ (စက်တင်ဘာ ၁၂) ရက် မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်တွင် ပင်လုံ – လဲချား ကြားရှိ နောင်လိုင်ကျေးရွာဘက် ကျောက်မိုင်းခွဲနေသည့် လမ်းလုပ်သားအုပ်စုမှ အသက် ၁၆ နှစ်အရွယ် မောင်ခန့်ညားနိုင်သည် မိုင်းနင်းမိပြီး သေဆုံးသွားကြောင်း ဖြစ်စဥ်ကိုသိသည့် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“မနေ့မိုးရွာတော့ အလုပ်နားတယ်။ ဒါကြောင့် ဟင်းစားဖို့အတွက် တောထဲကို မှိုသွားရှာရင်း နဲ့ မိုင်းနင်းမိတာ၊ နှစ်ယောက်အတူ သွားတာ သူတစ်ယောက်ပဲ မိုင်းနင်းမိတယ်။ သူတို့ ကျောက်ခွဲနေတဲ့ တောင်ရဲ့ ဟိုဘက်မှာပဲ နင်းမိတာ။ ဆေးရုံကို ပို့လိုက်ပေမဲ့ ဒဏ်ရာကပြင်းတော့ ဆေးရုံမှာပဲ ဆုံးသွားတယ်” ဟု ဖြစ်စဥ်ကို သိရှိရသည့် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်လိုင် – လဲချားမြို့

မိုင်းနင်းမိသေဆုံးသူ မောင်ခန့်ညားနိုင်သည် ဖခင် ဦးနိုင်ဝင်း မိခင် ဒေါ်ကြည်ဖြစ်ပြီး နေပြည်တော် ပျော်ဘွယ်ဘက် မှ လဲချားမြို့နယ်အတွင်းရောက်လာကြသည့် ကျောက်ခွဲ လမ်းလုပ်သားဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုင်းနင်းမိမှုကြောင့် မောင်ခန့်ညားနိုင်သည် ခါးပိုင်းတစ်ဝိုက် နှင့် မျက်လုံးတစ်ဝိုက်တို့တွင် ထိခိုက် ဒဏ်ရာ ပြင်းထန်စွာရရှိပြီး လွိုင်လင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသစဥ်မှာပင် သေဆုံးသွားကြောင်း သိရသည်။

“ဆေးရုံမှာပဲ သေဆုံးသွားတာပါ။ ခါးပိုင်းမှာ ဒဏ်ရာတော်တော်နက်တယ်။ ပြီးတော့ မျက်စိနားတွေမှာလည်း ထိထားတယ်။ အလုပ်သမားခေါင်းဆောင်က ဒီကျောက်ခွဲတဲ့ တောင်ကနေကျော်ပြီး တခြားနေရာ မသွားဖို့လည်း ပြောထားတယ်။ အဲ့နားတစ်ဝိုက်မှာ စစ်ကောင်စီတပ်တွေလည်းရှိတယ်။ ဒီကွဲတဲ့မိုင်းက ဘယ်သူ့ဟာလဲတော့ မသိရဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောသည်။

အဆိုပါ လမ်းလုပ်သား ကျောက်ခွဲသမားတို့ စခန်းချ နေထိုင်သည့် တောင်ကြော နှင့် မိုင်းနင်းမိသည့် နေရာအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်သားများလည်း စခန်းချနေထိုင်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

လဲချားမြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့များအပြင် သျှမ်းပြည်တပ်မတော်များဖြစ်ကြသည့် RCSS နှင့် SSPP တို့လည်း သွားလာလှုပ်ရှားလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...