Tuesday, January 27, 2026

မိုးဗြဲမြို့ တိုက်ပွဲကြားပိတ်မိနေသည့် ကလေးတစ်ဦး သေဆုံး၊ ပြည်သူ (၂) ဦး ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ တိုက်ပွဲကြားပိတ်မိခဲ့သည့် အသက် (၈)နှစ်အရွယ်ကလေးသေဆုံးခဲ့ပြီး၊ ပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရကြောင်း စုံစမ်းသိရှိရသည်။

မိုးဗြဲတိုက်ပွဲကြားသေဆုံးသွားသည့်ကလေးငယ်

စက်တင်ဘာ ၈ ရက်တွင် မိုးဗြဲမြို့ အတွင်း စစ်ကောင်စီ နှင့် မိုးဗြဲ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ မိုးဗြဲမြို့ ပွဲကုန်း ၃ ရပ်ကွက်ထဲ တွင် ပိတ်မိခဲ့သည့် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး၊ ပြည်သူ (၂)ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း မိုးဗြဲဒေသခံ အမျိုးသမီးတစ်ဦးကသျှမ်းသံတော်ဆင့်ကိုပြောသည်။

“ သူတို့က တိုက်ပွဲထဲမှာ တစ်ရက်ပိတ်မိနေတာ။ မနေ့ကမှ ပဲ သွားထုတ်လာနိုင်ခဲ့တာ။ (၂) ဦး ဒဏ်ရာရပြီး ကလေး ငယ်တစ်ဦးသေဆုံးသွားတယ်။ လက်နက်ကြီးထိမှန်ပြီးသေဆုံးသွားလို့ ခန့်မှန်းလို့ရတယ်။ ကလေးအဖေလည်းဒဏ်ရာရခဲ့တယ်” ဟု မိုးဗြဲမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လေယာဉ် ဖြင့် လက်နက်ကြီးများလာရောက် ပစ်ခတ်ခဲ့သောကြောင့် မိုးဗြဲPDF တပ်ဖွဲ့ဘက်မှ (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့အထိ စစ်ရေးတင်းမာနေပြီး ပြည်သူများအနေဖြင့် အသွားအလာကို သတိထားရန် PDF ဘက်မှ ထုတ်ပြန်ထားသည်။

မိုးဗြဲမြို့ တိုက်ပွဲကြားပျက်စီးသွားသည့်နေအိမ်

ထိုအပြင် တိုက်ပွဲကြောင့် ပြည်သူ နေအိမ်အများပြားပျက်စီးခဲ့ရကြောင်း သိရသည်။

“ တပ်ရင်းဘက်တော့ ၅ ယောက်လောက်ကတော့ ဒဏ်ရာ အနည်းငယ်စီရကြတယ်။ သိပ်တော့မစိုးရိမ်ရဘူး။ စစ်ကောင်စီဘက်တော့ ၁၅ ယောက်လောက်တော့ သေဆုံးတယ်။ ပြီးတော့ ပြည်သူ နေအိမ်တွေ တစ်ချို့လည်း လက်နက်ကြီးကြောင့် ပျက်စီးသွားတယ်” ဟု မိုးဗြဲ PDF တပ်ဖွဲ့မှ တပ်သားတစ်ဦးက ပြောသည်။

မိုးဗြဲမြို့တွင် စက်တင်ဘာ ၈ ရက်မှစကာ ယနေ့ အထိ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း သိရသည်။

ယမန့်နေတွင် တိုက်ပွဲကြား ပိတ်မိနေသည့် ပြည်သူ ၁၂ ဦးကိုလည်း PDF တပ်ဖွဲ့ဘက်မှ သွားရောက်ကယ် ထုတ်လာနိုင်ခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...