မိုးဗြဲမြို့ တိုက်ပွဲကြားပိတ်မိနေသည့် ကလေးတစ်ဦး သေဆုံး၊ ပြည်သူ (၂) ဦး ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ တိုက်ပွဲကြားပိတ်မိခဲ့သည့် အသက် (၈)နှစ်အရွယ်ကလေးသေဆုံးခဲ့ပြီး၊ ပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရကြောင်း စုံစမ်းသိရှိရသည်။

မိုးဗြဲတိုက်ပွဲကြားသေဆုံးသွားသည့်ကလေးငယ်

စက်တင်ဘာ ၈ ရက်တွင် မိုးဗြဲမြို့ အတွင်း စစ်ကောင်စီ နှင့် မိုးဗြဲ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ မိုးဗြဲမြို့ ပွဲကုန်း ၃ ရပ်ကွက်ထဲ တွင် ပိတ်မိခဲ့သည့် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး၊ ပြည်သူ (၂)ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း မိုးဗြဲဒေသခံ အမျိုးသမီးတစ်ဦးကသျှမ်းသံတော်ဆင့်ကိုပြောသည်။

“ သူတို့က တိုက်ပွဲထဲမှာ တစ်ရက်ပိတ်မိနေတာ။ မနေ့ကမှ ပဲ သွားထုတ်လာနိုင်ခဲ့တာ။ (၂) ဦး ဒဏ်ရာရပြီး ကလေး ငယ်တစ်ဦးသေဆုံးသွားတယ်။ လက်နက်ကြီးထိမှန်ပြီးသေဆုံးသွားလို့ ခန့်မှန်းလို့ရတယ်။ ကလေးအဖေလည်းဒဏ်ရာရခဲ့တယ်” ဟု မိုးဗြဲမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လေယာဉ် ဖြင့် လက်နက်ကြီးများလာရောက် ပစ်ခတ်ခဲ့သောကြောင့် မိုးဗြဲPDF တပ်ဖွဲ့ဘက်မှ (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့အထိ စစ်ရေးတင်းမာနေပြီး ပြည်သူများအနေဖြင့် အသွားအလာကို သတိထားရန် PDF ဘက်မှ ထုတ်ပြန်ထားသည်။

မိုးဗြဲမြို့ တိုက်ပွဲကြားပျက်စီးသွားသည့်နေအိမ်

ထိုအပြင် တိုက်ပွဲကြောင့် ပြည်သူ နေအိမ်အများပြားပျက်စီးခဲ့ရကြောင်း သိရသည်။

“ တပ်ရင်းဘက်တော့ ၅ ယောက်လောက်ကတော့ ဒဏ်ရာ အနည်းငယ်စီရကြတယ်။ သိပ်တော့မစိုးရိမ်ရဘူး။ စစ်ကောင်စီဘက်တော့ ၁၅ ယောက်လောက်တော့ သေဆုံးတယ်။ ပြီးတော့ ပြည်သူ နေအိမ်တွေ တစ်ချို့လည်း လက်နက်ကြီးကြောင့် ပျက်စီးသွားတယ်” ဟု မိုးဗြဲ PDF တပ်ဖွဲ့မှ တပ်သားတစ်ဦးက ပြောသည်။

မိုးဗြဲမြို့တွင် စက်တင်ဘာ ၈ ရက်မှစကာ ယနေ့ အထိ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း သိရသည်။

ယမန့်နေတွင် တိုက်ပွဲကြား ပိတ်မိနေသည့် ပြည်သူ ၁၂ ဦးကိုလည်း PDF တပ်ဖွဲ့ဘက်မှ သွားရောက်ကယ် ထုတ်လာနိုင်ခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံမြို့နယ်အတွင်းရှိ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

0
သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...