ဆီဆိုင်မြို့နယ် စစ်ကောင်စီတပ်စခန်း (၂) ခု တိုက်ခိုက်ခံရ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာ ယနေ့ (စက်တင်ဘာ ၁၂) ရက် နံနက် ၆ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီ တပ်စခန်း (၂) ခု တိုက်ခိုက်ခံရကြောင်း စုံစမ်းသိရသည်။

“ဒီနေ့ မနက် ၆ နာရီလောက်မှ သေနတ်သံစကြားရတာ။ ပြောသံကြားတာတော့ PDF တပ်ဖွဲ့က လာပစ်တယ်လို့ ပြောတယ်။ တိုက်ပွဲက ၂ နာရီလောက်ကြာတယ်။ ၈ နာရီထိဖြစ်တာ။ ဘယ်က PDF လာပစ်လဲတော့မသိဘူး” ဟု ဆီဆိုင်မြို့နယ် ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲတွင် သေနတ်သံပစ်ခတ်ပြီး နောက်ပိုင်း စစ်ကောင်စီက လေယာဉ်ဖြင့် လာရောက်တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

နောင်ထော်ကျေးရွာ

“သူတို့ သေနတ်နဲ့ ပစ်ပြီးတော့ လေယာဉ်နဲ့လာတာ။ လေယာဉ်နဲ့ ဗုံးလာကြဲတာ။ ၇ လုံးလောက်လာပစ်သွားတယ်။ လာပစ်ပြီးတော့ ဒီ PNO တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေက ပြန်ဝင်လာတာ။ အဲ့နောက်အခုထိတော့ ဘာသံမှ ပြန်မကြားရသေးဘူး” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီက လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သောကြောင့် ပြည်သူများက စစ်ဘေးထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်းသိရသည်။

အလားတူ လက်ရှိအချိန်မှာ တောင်ယာလုပ်တဲ့အချိန်ဖြစ်သောကြောင့် တိုက်ပွဲမဖြစ်ပွားရန် ပြည်သူများက တောင်းဆိုကြသည်။

“ကျနော်တို့လည်း အခု ရှောင်နေပါတယ်။ ပြီးတော့ ကျနော်တို့အခုက တောင်ယာလုပ်နေတဲ့အချိန်ဖြစ်တယ်လေ။ ကျနော်တို့တော့ သူတို့ တိုက်ပွဲမဖြစ်ဖို့ပဲ တောင်းဆိုပါတယ်။ ကျနော်တို့က ပြည်သူတွေ ကြားကနေခံနေရတယ်” ဟု အထက်ပါ ကျေးရွာ ဒေသခံ တစ်ဦးက ပြောသည်။

လက်ရှိမှာလည်း ပြည်သူများက လက်နက်သံ မကြားရသော်လည်း နေအိမ်ကို မပြန်ရဲသေးပေ။

နောင်ထော်ကျေးရွာတွင် စစ်ကောင်စီ၏တပ်စခန်း PDF တပ်ဖွဲ့တစ်ခုက ပစ်ခတ်ခဲ့ကြောင်း ဒေသခံကြား ခဲ့သော်လည်း သျှမ်းသံတော်ဆင့် အတည်မပြုနိုင်သေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...