Wednesday, January 28, 2026

ဆီဆိုင်မြို့နယ် စစ်ကောင်စီတပ်စခန်း (၂) ခု တိုက်ခိုက်ခံရ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာ ယနေ့ (စက်တင်ဘာ ၁၂) ရက် နံနက် ၆ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီ တပ်စခန်း (၂) ခု တိုက်ခိုက်ခံရကြောင်း စုံစမ်းသိရသည်။

“ဒီနေ့ မနက် ၆ နာရီလောက်မှ သေနတ်သံစကြားရတာ။ ပြောသံကြားတာတော့ PDF တပ်ဖွဲ့က လာပစ်တယ်လို့ ပြောတယ်။ တိုက်ပွဲက ၂ နာရီလောက်ကြာတယ်။ ၈ နာရီထိဖြစ်တာ။ ဘယ်က PDF လာပစ်လဲတော့မသိဘူး” ဟု ဆီဆိုင်မြို့နယ် ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲတွင် သေနတ်သံပစ်ခတ်ပြီး နောက်ပိုင်း စစ်ကောင်စီက လေယာဉ်ဖြင့် လာရောက်တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

နောင်ထော်ကျေးရွာ

“သူတို့ သေနတ်နဲ့ ပစ်ပြီးတော့ လေယာဉ်နဲ့လာတာ။ လေယာဉ်နဲ့ ဗုံးလာကြဲတာ။ ၇ လုံးလောက်လာပစ်သွားတယ်။ လာပစ်ပြီးတော့ ဒီ PNO တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေက ပြန်ဝင်လာတာ။ အဲ့နောက်အခုထိတော့ ဘာသံမှ ပြန်မကြားရသေးဘူး” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီက လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သောကြောင့် ပြည်သူများက စစ်ဘေးထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်းသိရသည်။

အလားတူ လက်ရှိအချိန်မှာ တောင်ယာလုပ်တဲ့အချိန်ဖြစ်သောကြောင့် တိုက်ပွဲမဖြစ်ပွားရန် ပြည်သူများက တောင်းဆိုကြသည်။

“ကျနော်တို့လည်း အခု ရှောင်နေပါတယ်။ ပြီးတော့ ကျနော်တို့အခုက တောင်ယာလုပ်နေတဲ့အချိန်ဖြစ်တယ်လေ။ ကျနော်တို့တော့ သူတို့ တိုက်ပွဲမဖြစ်ဖို့ပဲ တောင်းဆိုပါတယ်။ ကျနော်တို့က ပြည်သူတွေ ကြားကနေခံနေရတယ်” ဟု အထက်ပါ ကျေးရွာ ဒေသခံ တစ်ဦးက ပြောသည်။

လက်ရှိမှာလည်း ပြည်သူများက လက်နက်သံ မကြားရသော်လည်း နေအိမ်ကို မပြန်ရဲသေးပေ။

နောင်ထော်ကျေးရွာတွင် စစ်ကောင်စီ၏တပ်စခန်း PDF တပ်ဖွဲ့တစ်ခုက ပစ်ခတ်ခဲ့ကြောင်း ဒေသခံကြား ခဲ့သော်လည်း သျှမ်းသံတော်ဆင့် အတည်မပြုနိုင်သေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...