Thursday, May 2, 2024

နောင်ချိုမြို့နယ် ဘုန်းကြီးကျောင်းထဲ စစ်ကောင်စီဝင်လာချိန် ပစ်ခတ်ခံရ

Must read

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် အထက်ကြူအင်းကျေးရွာထဲ စစ်ကောင်စီက ဝင်ရောက်လာနားခိုချိန်တွင် ဗုံးပစ်ခံရကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ (၉) ရက် (လပြည့်နေ) နေ့လည် ၁၂ ဝန်းကျင်တွင် ပြည်သူများ ဘုန်းကြီးကျောင်းတက်နေချိန် စစ်ကောင်စီက ကျောင်းဝန်းထဲ နားခိုဖို့ ခွင့်လာတောင်းပြီး နေထိုင်သဖြင့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ဗုံး (၃) လုံး ပစ်ဖောက်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့

“စစ်ကောင်စီက ကား ၂ စီးလောက် ကျောင်းထဲဝင်လာတာ။ ကျောင်းထဲမှာ လာနားနေဖို့ ခွင့်လာတောင်းတာ။ အဲ့ဒါနဲ့ လက်နက်ကိုင်တစ်ခုက ဗုံးပစ်လိုက်တာ။ ဘယ်တပ်ဖွဲ့က လာပစ်တာလဲတော့ မသိဘူး။ ဗုံး ၃ လုံးလောက်ပစ်လိုက်တာ” ဟု နောင်ချိုမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ လက်ပစ်ဗုံးပစ်ခတ်မှုကြောင့် လူထိခိုက်မှု မရှိသော်လည်း ဥပုဒ်လာစောင့်သူများအတွက် စိုးရိမ်ခဲ့ရကြောင်း သိရသည်။

“လူထိခိုက်မှုတော့မရှိဘူး။ စစ်ကောင်စီဘက်လည်း ထိခိုက်တာမရှိဘူး။ ဒါမဲ့ ဥပုဒ်လာစောင့်တဲ့သူတွေ အတွက်တော့ လန့်သွားတာပေါ့။ ထွက်ပြေးကုန်ကြတာ။ ပြီးမှ ကျောင်းထဲ ပြန်ဝင်လာကြတာ။ စစ်ကောင်စီဘက်ကတော့ ကျောင်းထဲနားခွင့် မရဘူး” ဟု ဒေသခံ အမျိးသမီးတစ်ဦးက ပြောသည်။

နောင်ချိုမြို့နယ်သည် စစ်ကောင်စီ နှင့် မန္တလေး PDF တို့ ဩဂုတ် ၂၄ ရက်နေ့မှစပြီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိ မှာ စစ်ရေးတင်းမာနေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article