CATEGORY

စစ်ရေး

သျှမ်းပြည်အတွင်း ဒေသတချို့ PDF ဟု နာမည်တပ်ပြီး အလှူခံနေ

သျှမ်းပြည်အတွင်း မြို့နယ်တစ်ချို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဟု နာမည်တပ်ပြီး အလှူခံနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်အတွင်း PDF ဟု ဟန်ဆောင်ပြီး ပြည်သူများထံ အလှူငွေကောက်ခံ နေကြသလို တပ်သားများ နေမကောင်း ဖြစ်နေသည့်အတွက် အလှူခံ တောင်းလာခြင်း နှင့် စစ်ကောင်စီကို တိုက်ရန် လက်နက်လိုအပ်သည်ဟုဆိုပြီး...

ပင်းတယ PDF အလင်းပြန်ဝင်သည့် သတင်းမှားဖြစ်

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်တွင် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း အလင်းဝင် ရောက်သူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ အခမ်းအနားမှာ စစ်ကောင်စီ လက်အောက်ခံ သက်ဆိုင်ရာ အရာရှိများက ပြုလုပ်ပြီး ပြည်သူကို ထင်ယောင်ထင်မှားအောင်...

နမ့်ခမ်းမြို့မဈေးထဲ TNLA နှစ်ရက်ဆက်တိုက် ဝင်ရောက် ဆက်ကြေးကောက်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မဈေးအတွင်း ယနေ့ (စက်တင်ဘာ ၂၆) ရက် နံနက် ၁၀ နာရီခွဲတွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA ) က ဝင်ရောက်လာခဲ့ကြောင်း သတင်းရရှိသည်။ TNLA တပ်ဖွဲ့သည် နမ့်ခမ်းမြို့မစျေးထဲသို့ ယမန်နေ့ (စက်တင်ဘာ ၂၅)...

နောင်ချိုမြို့နယ်ထဲ စစ်ကောင်စီ နှင့် မန္တလေး PDF တို့ အပြိုင်အဆိုင် အင်အားဖြည့်

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ကျေးရွာများထဲတွင် စစ်ကောင်စီ နှင့် မန္တလေး PDF တို့ အပြိုင်အဆိုင် အင်အားဖြည့်တင်းလာသဖြင့် ပြည်သူများက တိုက်ပွဲထပ်မံ ဖြစ်ပွားမှာကို စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။ ယခု ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာအုပ်စု၊ ဟိုခိုကျေးရွာအုပ်စု နှင့် ကုလားကွဲ ကျေးရွာအုပ်စုထဲတွင်...

ရပ်စောက်မြို့နယ် စစ်ကောင်စီမှ ဘုန်းကြီးကျောင်းဝန်းအတွင်း နေရာယူနေ

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဆုံကျေးရွာတိုက်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ဘုန်းကြီးကျောင်းဝန်းအတွင်း နေရာယူတပ်စွဲထားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်မှစကာ အင်အား ၄၀ ဦးခန့်ရှိသည့် တပ်ရင်း ၂၄၉ လက်အောက်ခံ စစ်ကောင်စီ တပ်ဖွဲ့သည် ကျောက်ဂူကျေးရွာမှ တစ်ဆင့် ကျောက်ဆုံကျေးရွာသို့ ရောက်ရှိလာကြောင်း ဒေသခံများက ပြောသည်။ “ကျောက်ဂူမှာ...

မိုးဗြဲ တိုက်ပွဲ စစ်ကောင်စီ အများအပြားသေဆုံး၊ PDF ဘက် ၂ ဦး ကျဆုံး

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ လွယ်ယင်း မင်္ဂလာကျေးရွာတွင် စစ်ကောင်စီ နှင့် PDF မဟာမိတ် တပ်ပေါင်းစုတို့သည် ယမန်နေ့ (စက်တင်ဘာ ၂၃) ရက်တွင် တိုက်ပွဲဖြစ်ကြရာ စစ်ကောင်စီဘက်မှ အများအပြား သေဆုံးခဲ့ပြီး၊ PDF ဘက်မှ ၂ ဦး ကျဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့...

မိုးမိတ်မြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီမှ ၇ ဦးသေ စစ်ဆေးမှု တင်းကြပ်နေ

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်း ဖြစ်ပွားသည့် အာဏာသိမ်း စစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ တိုက်ပွဲကြား စစ်ကောင်စီမှ ၇ ဦး သေဆုံးပြီး လက်ရှိတွင် စစ်ဆေးရေး တင်းကြပ်နေကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်...

နောင်ချိုမြို့နယ် မိုင်းနင်းမိပြီး သေဆုံးသွားသည့် အမျိုးသားအလောင်းပြန်မတွေ့သေး

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ပိန်းအွေကျေးရွာ ဒေသခံ အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိသေဆုံးပြီး (၁၀) ရက်ကျော်ကြာသော်လည်း ရုပ်အလောင်း ပြန်မတွေ့ရသေးကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာ (၁၃) ရက် မနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် သားအဖ နှစ်ဦး ချိပ်ဆေးသွားရှာရင်း အဖေဖြစ်သူက မြေမြှုပ်မိုင်းနင်းမိကာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး...

ပင်းတယမြို့မှ ပျူစောထီးအဖွဲ့ဝင်များကို စစ်ကောင်စီမှ လက်နက်ကိုင်ဆောင်ခွင့်ပေး

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်များကို စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကိုင်ဆောင်ခွင့် ပေးကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် သြဂုတ်လအတွင်း ဖွဲ့စည်းခဲ့သည့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ အမည်ခံ ပျူစောထီး တပ်ဖွဲ့ဝင် ၅၀ နီးပါးခန့်ကို စစ်ကောင်စီတပ်ဖွဲ့မှ သေနတ်တစ်လက်နှင့် ကျည်ဆန်တစ်ကဒ်ပေးအပ်ကြောင်း ဒေသခံများထံမှ သတင်းသိရသည်။ “ဖွဲ့စည်းတာ တစ်လကျော်လောက်ရှိပြီပေါ့၊ သြဂုတ်လက...

ဖယ်ခုံမြို့နယ် လက်နက်ကြီးကြောင့် ပြည်သူတစ်ဦးသေဆုံး

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆောင်ကန်းကျေးရွာထဲတွင် စစ်ကောင်စီက လွိုင်ကော်မြို့နယ်မှ တစ်ဖက်သတ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာ ၂၁) ရက် မွန်းလွဲ ၁ နာရီခွဲဝန်းကျင်တွင် ဆောင်ကန်း ကျေးရွာထဲတွင် တိုက်ပွဲဖြစ်ပွားမှု မရှိပေမယ့် စစ်ကောင်စီက လက်နက်ကြီးကို...

Latest news