Wednesday, January 28, 2026

ဖယ်ခုံမြို့ စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ်၊ အင်းလှေဆိပ်ကို အကြောင်းမဲ့ ပိတ်

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့တွင် ယနေ့ အောက်တိုဘာ (၁၈) ရက် နေ့ခင်းပိုင်းမှာ စစ်ကောင်စီဘက်မှ အကြောင်းမဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ပြီး အင်းလှေဆိပ်ကို စစ်ကောင်စီ က သွားလာခွင့် ပိတ်လိုက်ကြောင်း စုံစမ်း သိရှိရသည်။

“တိုက်ပွဲတော့ မဖြစ်ဘူး။ သူတို့ ဘက်က တစ်ဖက်သတ်ပစ်နေတာ။ ဆောင်ကန်းကျေးရွာက သျှမ်း နဲ့ ကယား ကြားမှာ ပစ်နေတာ။ ပြီးတော့ လှေဆိပ်သွားလမ်းလည်း ပိတ်လိုက်တာ” ဟု ဖယ်ခုံ PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ထိုနေရာကို စစ်ကောင်စီက ကင်းချထားပြီး အကြောင်းမဲ့ လှေဆိပ်ကို သွားလာခွင့် ပိတ်လိုက်ကြောင်း ဒေသခံများ ကပြောသည်။

ဖယ်ခုံမြို့

“ ဒီနေ့ မနက်ပိုင်းမှာ ပိတ်လိုက်တာ။ ဘာကြောင့် ပိတ်လဲတော့ မသိဘူး။ အကြောင်းမဲ့ ပိတ်လိုက်တာ။ သူတို့ အဲ့နားမှာ ကင်းချထားတယ်။ ပုန်းပြီးတော့ ချထားတာ။ တိုက်ပွဲလည်း မဖြစ်ဘူး” ဟု ဒေသခံ အမျိုးသားတစ်ဦး က ပြောသည်။

အဆိုပါ လှေဆိပ်လမ်းကြောင်းသည် ဖယ်ခုံ အရှေ့ဘက်ကမ်း နှင့် ညောင်ရွှေ အင်းလေး အထိ ခရီးပေါက်ကြောင်း သိရသည်။

ယခုလို ပိတ်လိုက်သောကြောင့် ပြည်သူများ သွားလာရန်အတွက် အခက်အခဲရှိကြောင်း သိရသည်။

“အဲ့လမ်းက ဖယ်ခုံအရှေ့ဖက်ကမ်း၊ ညောင်ရွှေ အင်းလေးထိ သွားလို့ရတယ်။ သူတို့ ဒီလို ပိတ်လိုက်တော့ ကျနော်တို့ သွားလာဖို့က ခက်ခဲမှုရှိတာပေါ့။ ပြီးတော့ ကန်ဘေးမှာလည်း သိပ်ပြီး သွားမထိုင်ရဲတော့ဘူး” ဟု ဒေသခံ တစ်ဦးက ပြောသည်။

လက်ရှိ ဖယ်ခုံမြို့တွင် တိုက်ပွဲဖြစ်ပွားမှုမရှိကြောင်း သိရသည်။ သို့သော် ကရင်နီပြည် လွိုင်ကော်ဘက်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲ ပြင်းထန်နေလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...