ရပ်စောက်မြို့နယ် စစ်ကောင်စီတပ်ဖွဲ့ အင်အားဖြည့်နေ

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် နောင်လုံကျေးရွာအုပ်စု ပန်ဟိုင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ အင်အား ထပ်မံဖြည့်နေကြောင်း စုံစမ်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့မှ စစ်ကောင်စီတပ်အမှတ် ၅၀၅ နှင့် နောင်ချိုဘက်မှ တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ တို့သည် ရပ်စောက်မြို့နယ် နောင်လုံကျေးရွာအုပ်စု အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ အမှတ် ၂၄၉ တို့နှင့် ပူးပေါင်းပြီး SSPP/SSA လှုပ်ရှားနေရာ အနီးသို့ စစ်အင်အားဖြည့်နေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

“၁၃ ရက်နေ့က ၁၀ စီးကျော် ရောက်လာပါတယ်၊ ရွာထဲက ဆိုင်တွေမှာ အချိုရည်တွေ စားစရာတချို့တွေ ဝယ်ကြလို့ သူတို့က နောင်ချိုဘက်၊ နမ့်လန်ဘက် လာကြတယ်ဆိုတာ သိရတာ၊ ပြီးတော့ ဒီနယ်ထဲက SSPP တွေရဲ့ လှုပ်ရှားမှုဘယ်လို ရှိလဲဆိုပြီး ရွာသားတွေကို မေးသေးတယ်၊ တောထဲကို ခြေလျင်နဲ့ သွားကြတယ်” ဟု အမည် မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်လုံကျေးရွာ

လက်ရှိတွင် နောင်လုံကျေးရွာ အနီးပတ်ဝန်းကျင်တွင် တောနင်းနေရာယူထားလျက်ရှိပြီး ၎င်းတို့ တပ်ဖွဲ့အနီးတွင် SSPP တပ်ဖွဲ့လည်း ရှိနေသည့်အတွက် ထိတွေ့တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေလျက်ရှိကြောင်း သတင်းသိရသည်။

“၁၅ ရက်နေ့မှာ (အောက်တိုဘာလ) စစ်ကောင်စီတပ်ဖွဲ့က ရွာလူကြီးကို ခေါ်ပြီး ဒီနယ်ထဲက PDF တွေရှိ မရှိ လည်း မေးတယ်၊ ပြီးတော့ SSPP က ဘယ်နားတွေမှာ နေကြလဲ ဆိုတာ မေးတယ်၊ အခုတော့ သူတို့နဲ့ SSPP လှုပ်ရှားမှုက အရမ်းနီးလို့ တိုက်ပွဲဖြစ်မှာကို ကြောက်ရတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

ယင်း ကိစ္စဖြစ်စဥ်နှင့် ပတ်သက်ပြီး ရပ်စောက်မြို့နယ် ဒေသအတွင်း လှုပ်ရှားနေသည့် SSPP နယ်မြေ တာဝန်ခံက ပြည်သူလူထု ထိခိုက်မှု မရှိအောင် လုပ်ဆောင်နေကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့က သူတို့စစ်ကြောင်း လာတယ်ဆိုကတည်းက သတင်းသိရပါတယ်၊ ကျနော်တို့က ရွာထဲမှာလည်း နေတာ မဟုတ်တဲ့အတွက် ကျနော်တို့ နေရာ တောထဲမှာပဲ လှုပ်ရှားနေတာ၊ ထိတွေ့မှု မရှိအောင်တော့ ကြိုးစားထိန်းနေတယ်၊ ကျော်လာရင်တော့ သေနတ်သံက ကြားရအုံးမှာပဲ” ဟု SSPP နယ်မြေတာဝန်ခံက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်း သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်တွင် မြောက်ပိုင်းမဟာမိတ် နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...