Thursday, April 18, 2024

မိုးဗြဲ စစ်ကောင်စီ ခရီးသွားပြည်သူကို ပစ်မှတ်ထားပစ်ခတ်၊ အမျိုးသားတစ်ဦး ကျည်ထိမှန်

Must read

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ အတွင်း စစ်ကောင်စီတပ်သည် ခရီးသွားပြည်သူများကို အဓိက ပစ်မှတ်ထား ပစ်ခတ်နေပြီး အမျိုးသားတစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။

မိုးဗြဲမြို့အတွင်း ယမန်နေ့ (အောက်တိုဘာ ၁၄) ရက် နံနက် ၈ နာရီ မှစပြီး စစ်ကောင်စီတပ်သည် ခရီးသွားပြည်သူများကို ပစ်မှတ်ထား ပစ်ခတ်နေပြီး ဆိုင်ကယ်မောင်းလာသည့် အမျိုးသား (၂) ဦးကို ပစ်ခတ်ရာ တစ်ဦးကျည်ထိမှန်ခဲ့ကြောင်း မိုးဗြဲ PDF တပ်ဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိခိုက်ဒဏ်ရာရသူ

“ စက်တော်ရာမှာ တပ်စွဲထားတဲ့ စစ်တပ်က ဆိုင်ကယ်မောင်းလာတဲ့ ကျား နှစ်ဦးကို လက်နက်နဲ့ ပစ်ခတ်ခဲ့ပြီး အမျိုးသားတစ်ဦးရဲ့ ဦးခေါင်းကို ထိမှန်ခဲ့တယ်။ စိုးရိမ်ရတဲ့အခြေအနေပါ။ တစ်ဦးက လွှတ်မြောက်ခဲ့တယ်” ဟု မိုးဗြဲ PDF တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ဒဏ်ရာရရှိခဲ့သည့် ပြည်သူတစ်ဦးကို မိုးဗြဲ PDF မဟာမိတ်အဖွဲ့များက ပူးပေါင်းကယ်ထုတ်ရင်း စစ်ကောင်စီတပ် နှင့် ထိတွေ့မှု အနည်းငယ်ရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိ အခြေအနေအရ ခရီးသွားပြည်သူများအနေဖြင့် မိုးဗြဲ- ပီကင်းကားလမ်းကို အသွားအလာမပြုရန်လည်း မိုးဗြဲ PDF က သတိပေးလိုက်သည်။

Leave a Comments

- Advertisement -spot_img

Latest article