ကွတ်ခိုင်မြို့နယ် တိုက်နယ်ဆရာဝန်၏ ညီဖြစ်သူ ဖမ်းဆီးခံရ
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းမှ တိုက်နယ် ဆရာဝန်တစ်ဦး၏ ညီဖြစ်သူသည် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက်တွင် ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာမှ တိုက်နယ်ဆရာဝန်၏ ညီ ဖြစ်သူ ဆေးအကူလုပ်နေသည့် အမျိုးသား တစ်ဦးသည် ဆေးရုံအတွင်း ရှိနေစဥ်...
မောက်မယ် ကဒူးကြီး ဒေသအတွင်း PNLO နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီး ဒေသအတွင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO/ PNLA) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/ SSA) တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက် မွန်းလွဲပိုင်းတွင် PNLO/PNLA နှင့်...
စစ်ရှောင်သွားသည့် နမ္မတူမြို့နယ်က ဇင်လီရွာသား နေအိမ်တချို့ ဖောက်ထွင်းဖျက်ဆီးခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် စစ်ရှောင်ရသည့် ဇင်လီကျေးရွာမှ ဒေသခံများ၏ နေအိမ်တချို့သည် ဖောက်ထွင်းဖျက်ဆီး ခံလိုက်ရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်တွင် နမ္မတူမြို့နယ် ဇင်လီကျေးရွာအနီး အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ကချင် လွတ်မြောက်ရေးတပ်မတော် ပူးပေါင်းတပ်ဖွဲ့ KIA၊...
မိုင်းကိုင်မြို့နယ် တိုက်မိုင်းပေါက်ကွဲ ထိခိုက်ဒဏ်ရာရသူရှိ
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်စက်ကျေးရွာအုပ်စုမှ ဖောင်းဆိုင်ကျေးရွာ နှင့် ကွန်ကောက်ကျေးရွာ ကြားတွင် တိုက်မိုင်းလေးလုံးပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရသူ တစ်ဦး ရှိကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်တွင် ဖောင်းဆိုင်ကျေးရွာ နှင့် ကွန်ကောက် ကျေးရွာမှ ကျေးရွာချင်းဆက်...
ဖယ်ခုံမြို့နယ်ရှိ ပြည်သူများ ဗုံးခိုကျင်းတူးရန် PDF တိုက်တွန်း
SHAN -
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ သည် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူများ ဗုံးခိုကျင်း တူးထားရန် PDF တပ်ဖွဲ့များက တိုက်တွန်းထားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ ခိုလှုံသည့် နေရာ နှင့် အနီးပတ်ဝန်းကျင်ကို...
ကျောက်မဲမြို့နယ်စစ်ရှောင်များ ယခုနှစ်ကုန်ပိုင်းမှ နေရပ်သို့ ပြန်မည်ဟု တောင်းဆို
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် သျှမ်းစာပေ နှင့် ယဉ်ကျေးမှု ခန်းမမှ စစ်ရှောင်များ နှင့် မိုင်းငေါ့မြို့နယ်ခွဲ အတွင်းရှိ စစ်ရှောင်များ (၅၀၀၀) ခန့်သည် ယခုနှစ်ကုန်ပိုင်းမှ နေရပ်သို့ ပြန်မည်ဟု တောင်းဆိုလာကြောင်း သိရှိရသည်။ အောက်တိုဘာလ ပထမပတ်တွင် စစ်ရှောင်ကူညီရေး ကော်မတီများ နှင့် စစ်ရှောင်များက...
ကျောက်မဲမြို့နယ် တစ်နှစ်ကျော်ကြာ မြေမြှုပ်မိုင်းနင်းမိသူတစ်ဦး ခွဲစိတ်ကုသရန် ငွေကြေးခက်ခဲနေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်ဟူကျေးရွာအုပ်စု ပန်တောင်ကျေးရွာဒေသခံ တစ်ဦးသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကတည်းက မြေမြှုပ်မိုင်းနင်းမိပြီး လက်ရှိအချိန်ထိ ခွဲစိတ်ကုသမှု မပြုလုပ်ရသေးကြောင်း စုံစမ်းသိရှိရသည်။ မြေမြှုပ်မိုင်းနင်းမိသည့် အမျိုးသား လုံးအိန္တဂ သည် အသက် (၅၀) ဝန်းကျင်ရှိပြီး ၂၀၂၁ ခုနှစ်ကတည်းက တောထဲ နွားသွားရှာရင်း...
မိုင်းကိုင်မြို့နယ် လယ်ယာအတွင်း လက်နက်ကြီး ကျပေါက်ကွဲ
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ပန်ပွဲကျေးရွာရှိ မြေပဲစိုက်ခင်းအတွင်း လက်နက်ကြီး တစ်လုံးကျရောက် ပေါက်ကွဲသဖြင့် ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့(အောက်တိုဘာ ၁၁) ရက် နံနက် ၄ နာရီကျော်ဝန်းကျင်တွင် စိုင်းတိ၏ မြေပဲစိုက်ခင်းအတွင်း RPG 2 လက်နက်ကြီး အမျိုးအစား ကျပြီး...
မိုးဗြဲမြို့ စစ်ရေးတင်းမာမှု မရှိသော်လည်း တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်
သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် လက်ရှိစစ်ရေးတင်းမာမှု မရှိသော်လည်း အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်နေ့တွင် စစ်ကောင်စီက မိုးဗြဲမြို့ထဲ စစ်အင်အား ဖြည့်တင်းထားပြီး လက်ရှိမှာ စစ်ရေး ငြိမ်နေကြောင်း သိရသည်။ “သူတို့က ဟိုဘက်မှာပဲ နေနေတာ။ တိုက်ပွဲတော့ မဖြစ်သေးဘူး။ သူတို့...
စစ်ကောင်စီ လက်နက်ကြီးရမ်းသမ်းပစ်ခတ် ဖယ်ခုံ PDF (၂) ဦး ထိခိုက်ဒဏ်ရာရ
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီက လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ် PDF မှ (၂) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့( အောက်တိုဘာ ၆)ရက် ည ၁၁ နာရီဝန်းကျင်တွင် စစ်ကောင်စီ ၏ ဖယ်ခုံအမြောက်တပ် နှင့်လွိုင်ကော်အမြောက်တပ်တို့က ဖယ်ခုံမြို့ အရှေ့ဘက်ကမ်းဆောင်ကန်းရွာကို လက်နက်ကြီးပစ်ခတ်ခဲ့ကြောင်း သိရသည်။ “...






