ကွတ်ခိုင်မြို့နယ် တိုက်နယ်ဆရာဝန်၏ ညီဖြစ်သူ ဖမ်းဆီးခံရ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းမှ တိုက်နယ် ဆရာဝန်တစ်ဦး၏ ညီဖြစ်သူသည် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက်တွင် ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာမှ တိုက်နယ်ဆရာဝန်၏ ညီ ဖြစ်သူ ဆေးအကူလုပ်နေသည့် အမျိုးသား တစ်ဦးသည် ဆေးရုံအတွင်း ရှိနေစဥ် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဖမ်းဆီးခံရသူက ဆရာဝန်မဟုတ်ဘူး၊ ဆရာဝန်ရဲ့ ညီဖြစ်တာ၊ သူ့မှာ ဆေးလက်မှတ်တွေ ဘာတွေလည်း မရှိဘူး၊ ဒါပေမဲ့ ဆရာဝန်ဖြစ်တဲ့ အစ်ကိုက သင်ပေးပြပေးလို့ သူ့အစ်ကို ကိုကူပြီး ဆေးကုသမှုတွေ လုပ်ပေးနေတဲ့သူပေါ့၊ ၁၁ ရက်နေ့မှာ ဆေးရုံထဲ ဆေးကုပေးနေတဲ့အချိန်မှာ ဖမ်းဆီးခံလိုက်ရတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ကွတ်ခိုင်မြို့

ကာလိုင်ကျေးရွာတွင် တိုက်နယ်ဆေးရုံတစ်ခုရှိနေပြီး တာဝန်ကျသည့် ဆရာဝန်ဖြစ်သူ၏ ညီကို လက်နက်ကိုင် တပ်ဖွဲ့တစ်ခုမှ လာရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ညီအစ်ကို နှစ်ဦးသည် ကာလိုင်ကျေးရွာ တိုက်နယ်ဆေးရုံတွင် လွန်ခဲ့သည့် ၃ နှစ်ကတည်းက တာဝန်ကျ နေခြင်းဖြစ်ပြီး ပတ်ဝန်းကျင် နှင့် တခြားသော အဖွဲ့အစည်းများကို ပြဿနာရှိခဲ့ခြင်းလည်း မရှိကြောင်း ဒေသခံများက ပြောသည်။

“သူ့မှာ (ဖမ်းဆီးခံရသူ) ဆေးလက်မှတ်တွေ သင်တန်းတွေလည်း မရှိပဲနဲ့ ဆေးကုသမှုတွေလုပ်နေတာ့ မတော်လို့ လူနာဘက်တစ်ခုခုဖြစ်သွားရင် မကောင်းဘူးလေ၊ ဒါပေမဲ့ သူတို့ ဒီကို ရောက်တာ ၃ နှစ်ရှိပြီ၊ ဘာပြဿနာမှ ရှိတယ်လို့ မကြားမိဘူး၊ အခုလာဖမ်းသွားတာလည်း ဘာကြောင့်မှန်းမသိရဘူး” ဟု အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

ယင်းကဲ့သို့ ဖမ်းဆီးခေါ်ဆောင်မှု ပြုလုပ်သည့် လက်နက်ကိုင် အဖွဲ့အစည်းသည် ကချင်လွတ်မြောက်ရေး တပ်မတော် နှင့် ပူးပေါင်းတပ်ဖွဲ့ KIA၊ PDF တို့မှ လာရောက်ဖမ်းဆီးခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသော်လည်း သျှမ်းသံတော်ဆင့်မှ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ကွတ်ခိုင်မြို့နယ်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပေါများသည့် အပြင် စစ်ကောင်စီ တပ်ဖွဲ့ နှင့် ၎င်းတို့ လက်အောက်ခံ ပြည်သူ့စစ် တပ်ဖွဲ့များ သွားလာလှုပ်ရှားမှုလည်း ရှိသည့် ဒေသဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...