Friday, May 3, 2024

ဖယ်ခုံမြို့နယ်ရှိ ပြည်သူများ ဗုံးခိုကျင်းတူးရန် PDF တိုက်တွန်း

Must read

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ သည် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူများ ဗုံးခိုကျင်း တူးထားရန် PDF တပ်ဖွဲ့များက တိုက်တွန်းထားကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ ခိုလှုံသည့် နေရာ နှင့် အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က အမြောက်ဖြင့် လှမ်းပစ်ခဲ့သည့်အတွက် ဗုံးခိုကျင်းတူးထားရန် တိုက်တွန်းရခြင်းဖြစ်ကြောင်း မိုးဗြဲ PDF က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က ၁၂၀ မမ အမြောက်နဲ့ စစ်ရှောင်တွေ ရှိတဲ့ဘက်ကို သူတို့ လှမ်းပစ်တာ ၊ ပြည်သူထိခိုက်မှု မရှိသေးပေမဲ့ နောင်ခါ သူတို့ ထပ်မပစ်ဘူးလို့ ပြောလို့မရဘူးလေ၊ ဒါကြောင့် ထိခိုက်ကျဆုံးမှု နည်းပါးအောင် ဗုံးခိုကျင်းတွေ တူးထားဖို့ တိုက်တွန်းတာပါ” ဟု မိုးဗြဲ PDF တာဝန်ရှိသူက ပြောသည်။

ဗုံးခိုကျင်း

ဗုံးခိုကျင်းတူးထားရန် တိုက်တွန်းသည့် မိုးဗြဲပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF B-02) အဖွဲ့သည် NUG လက်အောက်ခံ ၀၀၇ တပ်ရင်းက ဖြစ်ကြောင်းလည်း သိရသည်။

စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများ နှင့် လက်နက်ကြီး အကူ ထိုးစစ်ဆင်မှုများ ပြုလုပ်နေသည့်အတွက် ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ ၊ စစ်ရေးတင်းမာသည့် ဒေသမှ ပြည်သူများ ဗုံးခိုကျင်းတူးရန် ဖယ်ခုံတပ်ရင်း – ၂ မှလည်း ထုတ်ပြန်ထားသည်။

“စစ်ကောင်စီတွေက ကျနော်တို့ကို တိုက်လို့မရရင် ဒေသခံတွေ ရွာသားတွေ စစ်ရှောင်တွေကို ပစ်မှတ်ထား တိုက်ခိုက်လာနိုင်တယ်၊ ဒါကြောင့် ကြိုတင်ပြင်ဆင်တဲ့အနေ နဲ့ ဗုံးခိုကျင်းတူးရင် ကောင်းတာပေါ့” ဟု ဖယ်ခုံ PDF က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်ကာ ဖယ်ခုံမြို့နယ် နှင့် မိုးဗြဲမြို့အတွင်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ တို့သည် တိုက်ပွဲ ပိုမိုပြင်းထန်လာပြီး စစ်ကောင်စီဘက်မှ လက်နက်အင်အား လူအင်အား ဖြည့်စွက်ကာ အကြမ်းဖက် ထိုးစစ်ဆင်နေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article