စစ်ရှောင်သွားသည့် နမ္မတူမြို့နယ်က ဇင်လီရွာသား နေအိမ်တချို့ ဖောက်ထွင်းဖျက်ဆီးခံရ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် စစ်ရှောင်ရသည့် ဇင်လီကျေးရွာမှ ဒေသခံများ၏ နေအိမ်တချို့သည် ဖောက်ထွင်းဖျက်ဆီး ခံလိုက်ရကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်တွင် နမ္မတူမြို့နယ် ဇင်လီကျေးရွာအနီး အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ကချင် လွတ်မြောက်ရေးတပ်မတော် ပူးပေါင်းတပ်ဖွဲ့ KIA၊ PDF တို့ တိုက်ပွဲဖြစ်ပွားသောကြောင့် ဒေသခံများ စစ်ရှောင် ထွက်ပြေးနေစဥ်တွင် နေအိမ်များ ဖောက်ထွင်းခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့တွင်လည်း စစ်ရှောင်သွားသည့် ဇင်လီရွာသားများ နေအိမ်သို့ ပြန်လာစဥ် နေအိမ်တံခါးများ ပျက်စီးနေပြီး အိမ်တွင်းပစ္စည်းများလည်း ဖရိုဖရဲဖြစ်နေကြောင်း ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ္မတူမြို့

“တချို့စစ်ရှောင်တွေကျတော့ ဒီလ ဆန်းပိုင်းကတည်းက အိမ်ပြန်ရောက်တာရှိတယ်၊ တချို့ကလည်း ၉ ရက်/၁၀ ရက်ကပြန်လာတာလည်းရှိတယ်၊ ဒီနောက်ပိုင်းမှ ပြန်လာတဲ့ စစ်ရှောင်တွေရဲ့ အိမ်တံခါး ဖောက်ခံရတာ သိရတယ်၊ သူတို့အိမ်က ဆိုင်လေးဖွင့်ထားတာပါ၊ ပစ္စည်းတွေလည်းပျောက်တယ်၊ အရင်က ပြန်လာတဲ့ ဒေသခံ အိမ်တချို့လည်း ဖောက်ခံရတယ်တဲ့၊ ဖောက်ခံရတဲ့ အိမ် လေး/ငါး အိမ်လောက်ရှိတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ဖောက်ထွင်းခံရသည့် ကုန်စုံဆိုင်အသေးစား၊ အိမ်တွင်း အသုံးအဆောင်ပစ္စည်းတချို့ နှင့် ဆိုင်ထဲမှ ပစ္စည်းများလည်း ပျောက်ဆုံးကြောင်း သိရသည်။

ထို့အပြင် စစ်ရှောင်သွားစဥ် ရွာအပြင် တောအုပ် ယာခင်းအစပ်နား ဖွက်ထားသည့် ဇင်လီရွာသား ဆိုင်ကယ် နှစ်စီးလည်း ဖျက်ဆီးခံလိုက်ရကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

“ 125 ဆိုင်ကယ် ၂ စီးကို တောအုပ်ထဲ သွားပုန်းထားတာပေါ့၊ မီးရှို့ထားတာရော၊ ဒူးကာတွေ ရိုက်ထားတာရော ဖျက်စီးထားတာ၊ အခုရွာထဲကို ပြန်လာတဲ့ စစ်ရှောင်တွေကို ရှိသလို မလာသေးတဲ့ စစ်ရှောင်လည်းရှိတယ်၊ ရွာထဲ ရှိနေတဲ့သူတွေလည်း လုံခြုံမှု မရှိသလို ခံစားနေရတယ်” ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ လုပ်ဆောင်ချက်များသည် မည်သည့်အဖွဲ့အစည်း လက်ချက်ဖြစ်သည်ကိုလည်း မသိရှိရကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် ဇင်လီဒေသများသည် စိုးရိမ်ကြောက်လန့်မှုဖြင့် နေထိုင်ကြရပြီး တိုက်ပွဲနောက်တစ်ဖန် ပြန်လည်ဖြစ်ပွားမည်ကိုလည်း စိုးရိမ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...