နောင်ချိုမြို့နယ် စစ်ကောင်စီ နှင့် TNLA စစ်အင်အားဖြည့်နေ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့သည် စစ်အင်အား အပြိုင်ဖြည့်တင်းမှုကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။

ယခု အောက်တိုဘာလအတွင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ တပ်အမှတ် ၁၁၄ နှင့် ၁၁၅ တို့သည် စစ်အင်အား ၃၀ ကျော် နှင့် TNLA တပ်ဖွဲ့တို့သည် နောင်ချိုမြို့ နှင့် မိုင် ၂၀ ခန့်ကွာဝေးသည့် စီခူကျေးရွာအနီး ရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

“ဒီ နှစ်ဖွဲ့က စီခူရွာဘက်ကို ဝင်လာတာ ၄ ရက် ၅ ရက်လောက်တော့ ရှိနေပြီ၊ သူတို့သာ အချင်းချင်း တစ်ဖက်ကို တစ်ဖက် တင်းမာမယ်ဆိုရင်တော့ ပစ်ခတ်သံတွေ ထွက်လာမှာတော့ အမှန်ပဲ၊ အဲ့လိုဖြစ်မှာတော့ စိုးရိမ်ရတာပေါ့၊ အခုချိန်က ယာခင်းတွေ လယ်တွေ ရုတ်သိမ်းရတဲ့ အချိန်ဖြစ်နေတော့ သူတို့ ထိတွေ့မှု မဖြစ်အောင်ပဲ မျှော်လင့်တယ်” ဟု နောင်ချို ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ချိုမြို့

နောင်ချိုဒေသအတွင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့၏ လှုပ်ရှားမှုများလည်း ရှိနေသည့် အတွက် လက်နက်ကိုင်တပ်ဖွဲ့များ သွားလာမှု နယ်ကျွံပါက ထိတွေ့ တိုက်ပွဲဖြစ်နိုင်ကြောင်း ဒေသခံများက စိုးရိမ်နေကြသည်။

“စစ်ကောင်စီတွေက ကားလမ်းမကြီး တစ်လျှောက် လှုပ်ရှားမှုတွေ ရှိနေတယ်၊ TNLA နဲ့ PDF ကြားတော့ တောထဲမှာ လှုပ်ရှားနေတယ်၊ ဒါကြောင့် စစ်ကောင်စီက တောထဲဝင်သွားရင် ထိတွေ့ရမှာပဲ” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လမှ စတင်ပြီး နောင်ချိုမြို့နယ်တွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် မန္တလေး PDF တို့ တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် နောင်ချိုမြို့နယ်အတွင်းသို့ သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ လှုပ်ရှားမှုများလည်း ရှိနေသည့်အတွက် စစ်ရေး တင်းမာမှု ဖြစ်နိုင်ချေများကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...