Dove KK ဆန် ၃၀၀ အိတ် Challenge ထက်ဝက်သာ ရရှိ

သျှမ်းပြည်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးဆေးတပ်ဖြစ်သည့် Dove KK ၏ ဆန်အိတ် ၃၀၀ Challenge တွင် ဆန်အိတ် ၁၄၅ အိတ်သာရရှိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဆန်အိတ် ၃၀၀ Challenge ကို သျှမ်းတောင်၊ ကရင်နီပြည်နယ် PDF နှင့် စစ်ရှောင်များအတွက် (၈) ကြိမ်မြောက်အဖြစ် စက်တင်ဘာ ၃၀ ရက်မှ စတင်ကာ အောက်တိုဘာ ၁၄ ရက် ထိပြုလုပ်ခဲ့ကြောင်း Dove KK ထုတ်ပြန်ချက်အရ သိရသည်။

“လတိုင်းလုပ်နေတာ ဒီလနဲ့ဆိုရင် ၈ ကြိမ်မြောက်ရှိပါပြီ။ ဒီလအတွက်ဆန်အိတ် (၃၀၀) နဲ့ဆေးဖိုး ကောက်ခံမှုမှာ ၁၄၅ အိတ်နဲ့ ညီမျှတဲ့ ပမာဏာရရှိခဲ့ပါတယ်။ စစ်ရှောင်စခန်းတွေအများစုက အလှူရှင်ကိုမျှော်နေရတယ်” ဟု Dove KK အဖွဲ့ဝင်တစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

ဆန်အိတ်

သျှမ်းတောင်၊ ကရင်နီပြည် PDF များနှင့် စစ်ရှောင်များအတွက် ဆန်တစ်အိတ်လျှင် ကျပ် ၅ သောင်းနှုန်းနှင့် ဆန်အိတ် ၃၀၀ ရရှိရန် ရည်မှန်းခဲ့ရာ အောက်တိုဘာ ၁၄ ရက်တွင် ဆန်အိတ် ၁၄၅ အိတ်သာရရှိခဲ့ပြီး Challenge ကို ရပ်နားလိုက်ကြောင်းလည်း Dove KK ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ ကျမတို့ ကူညီပေးနေတဲ့ Camp တွေများကြီးရှိတယ်။ စစ်ရှောင်တွေက အိမ်ပြန် လယ်လုပ်လို့မရတော့ အလှူရှင်ပဲ မျှော်နေရတဲ့ camp တွေလည်းရှိတယ်။ အိမ်ထောင်တစ်စုမှာ လူဦးရေ အနည်းဆုံး ၄ ယောက်ကနေ ၈ ယောက် ၊ ၁၀ ယောက်ရှိတော့ တော်တော်ခက်ခဲတယ်။ အဓိက ဆန်၊ဆေး ရိက္ခာတွေပါပဲ” ဟု ၎င်းအဖွဲ့ဝင်က ထပ်လောင်းပြောသည်။

လက်ရှိမှာ ဆောင်းရာသီရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် အနွေးထည်များ၊ စောင်များလည်း စတင်အလှူကောက်ခံ၊ စုဆောင်းနေကြောင်းလည်း Dove KK က ပြောသည်။

Dove KK ၏ ဆန်အိတ် ၃၀၀ Challenge အစီအစဥ်ကို ယခုနှစ် ဇန်နဝါရီလ မှစတင်ကာ ဖေဖော်ဝါရီလ နှင့် မတ်လတွင် ရပ်နားခဲ့ရာ ဧပြီလမှ ပြန်လည်စတင်ခဲ့ကြောင်း သိရသည်။

Dove KK အဖွဲ့သည် သျှမ်းပြည် တောင်ပိုင်း သျှမ်း – ကရင်နီ နယ်စပ်မှာ ဖြစ်ပွားနေသည့် တိုက်ပွဲ များမှ ရဲဘော်‌များနှင့် စစ်ဘေးရှောင်များကို ဆေးကုသမှု ပေးနေသည့် ဆေးတပ်ဖွဲ့ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နေရပ်မပြန်နိုင်သေးသည့် လွိုင်ကော်စစ်ရှောင်များ စားဝတ်နေရေး အခက်ကြုံနေ

0
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့သို့ နေရပ်မပြန်နိုင်သေးသည့် ဒေသခံများ စားဝတ်နေရေးအခက်ခဲကြောင့် ရေရှည်ရှောင်တိမ်းရန် အခက်ခဲကြုံနေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ တွင်ဖြစ်ပွားခဲ့သော “၁၁၁၁”စစ်ဆင်ရေးကြောင့် လွိုင်ကော်မြို့ခံများ ထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြီ ၂၀၂၅ ခုနှစ်တွင် စစ်ရေးအခြေအနေ ငြိမ်သက်လာသဖြင့် မြို့ခံအချို့အပါအဝင် အစိုးရဝန်ထမ်းအချို့ နေရပ်ပြန်နေထိုင်ခဲ့ကြသည်။ သို့သော် လွိုင်ကော်မြို့ပေါ်ရှိ ငွေတောင်ရပ်ကွက်နှင့်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...